Dictionary Entries
Showing 1,761–1,780 of 1,812 words
ခ
ခွီးတူဝက်တူ
[kʰwïtùwɛʔtù]
Arakanese:
ခြေလက်တို၍ နှုတ်သီးရှည်ပြီး အဂေါင်းပိုင်း ဝက်နှင့်တူ၍၊ နောက်ပိုင်း ခွီးနှင့်တူကာ မားအောင်းနေ တိရိစ္ဆာန် တမျိုး
Burmese:
ခြေလက်တို၍ နှုတ်သီးရှည်ပြီး ဦးခေါင်းပိုင်း ဝက်နှင့်တူ၍၊ နောက်ပိုင်း ခွေးနှင့်တူကာ တွင်းအောင်းနေ တိရိစ္ဆာန် တစ်မျိုး
English:
badger
Grammar Note:
နာမ်
ခွီးတောက်ပင်
[kʰwïtɔ́ɛʔpɪ̀ɴ]
Arakanese:
ခွီးစားကေ တောက်ရေလို့ ဆိုရေ၊ ခါးသော အရသာဟိရေ သီးရွက်ဟိရေ့ နွယ်ပင် တမျိုး
Burmese:
ခွေးစားလျှင် တောက်သည်ဟု ဆိုသော၊ ခါးသော အရသာရှိသော သီးရွက်ရှိသည့် နွယ်ပင် တစ်မျိုး
English:
dregea climber
Grammar Note:
နာမ်
ခွီးတောင်းကြီး
[kʰwïtáʊɴt͡ɕï]
Arakanese:
ရိုးရိုး ခွီးထက်ကြီးရေ ခတီးကြီး
Burmese:
ရိုးရိုး ခွေးထက်ကြီးသော ခွေးထီးကြီး
English:
big dog
Grammar Note:
နာမ်
ခွီးထွက်သံယို
[kʰwïtʰwɛʔθံjÒ]
Arakanese:
၁၊ ခြုပ်များ ဒီးဒီးယိုစီးကျဗျာယ်။ ၂၊ ပင်ပင်ပန်းပန်း အလုပ်ကြမ်းတိကို လုပ်ရအတွက်နန့် ခြုပ်များပြားစွာ ယိုစီးကျသော အနိန်နန့်
Burmese:
၁၊ ချွေးများ ဒီးဒီးယိုစီးကျလျက်။ ၂၊ ပင်ပင်ပန်းပန်း အလုပ်ကြမ်းများကို လုပ်ရသောကြောင့် ချွေးများပြားစွာ ယိုစီးကျသော အားဖြင့်
English:
sweat
Grammar Note:
ကြိယာဝိသေသန
ခွီးနင်းကြောင်နင်း
[kʰwïnɪ́ɴt͡ɕàʊɴnɪ́ɴ]
Arakanese:
လူများ လေးစားခြင်းကို မခံရရေ၏ အဖြစ်။ ဖိစီးနှိပ်စက် ခံရရေ၏ အဖြစ်။ သူတပါးထံ အနှိမ့်ခံရရေ ဘဝ
Burmese:
သူတစ်ပါး လေးစားခြင်းကို မခံရသည်၏ အဖြစ်။ ဖိစီးနှိပ်စက် ခံရသည်၏ အဖြစ်။ သူတပါးထံ အနှိမ့်ခံရသော ဘဝ
English:
downtrodden
Grammar Note:
နာမ်
ခွီးပိုင်ဝက်ပိုင်
[kʰwïpàɪɴwɛʔpàɪɴ]
Arakanese:
၁၊ (ခွီးဝက်ပိုင် အကျင့်) တူညီချက်ကို နှိုင်းနိူင်းပနာ ပြသော စကားလုံး။ ၂၊ လူ၏ ကျင့်ဝတ် တရားအားဖြင့် နိမ့်ကျသော သဘော
Burmese:
၁၊ (ခွေးဝက်ကဲ့သို့ အကျင့်) တူညီချက်ကို နှိုင်းယှဉ်၍ ပြသော စကားလုံး။ ၂၊ လူ၏ ကျင့်ဝတ် တရားအားဖြင့် နိမ့်ကျသော သဘော
English:
a kind of pig
Grammar Note:
ပစ္စည်း
ခွီးပြီးဝက်ပြီး
[kʰwïpɹïwɛʔpɹï]
Arakanese:
(တုန်လှုပ်ချောက်ချား နိန်ရေ ခွီး၊ ဝက်အစဟိစွာရို့စွာ) စိတ်တိုင်းခြင်းကို မရပဲ (လွတ်ရာသို့ ပြေးသွားပိုင်။
Burmese:
(တုန်လှုပ်ချောက်ချား နေသော ခွေး၊ ဝက်စသည်တို့သည်) စိတ်တည်ငြိမ်ခြင်းကို မရပဲ (လွတ်ရာသို့ ပြေးသွားသကဲ့သို့။
English:
fled helter-skelter
Grammar Note:
ကြိယာဝိသေသန
ခွီးပြောင်
[kʰwïpɹàʊɴ]
Arakanese:
အရွယ်ရောက်ယားသော ခတီး။ မကြီးမငယ် အလယ်အလတ်ဖြစ်ရေ ခတီး
Burmese:
အရွယ်ရောက်ပြီးသော ခွေးထီး။ မကြီးမငယ် အလယ်အလတ်ဖြစ်သော ခွေးထီး
English:
male dog
Grammar Note:
နာမ်
ခွီးဖင်ခြောက်
[kʰwïpʰɪ̀ɴkʰɹɔ́ɛʔ]
Arakanese:
ပိန်ကပ် ကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော (ခွီး)
Burmese:
ပိန်ကပ် ကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော (ခွေး)
English:
dry dog bein
Grammar Note:
နာမဝိသေသန
ခွီးဖင်တွား
[kʰwïpʰɪ̀ɴtWà]
Arakanese:
ခွီးသည် ဖင်ကိုမြီကြီးပြင်၊ ကြမ်းပြင် အစဟိစွာမာ ချပနာ ဒရွတ် တိုက်ဆွဲရေ
Burmese:
ခွေးသည် ဖင်ကိုမြေကြီးပြင်၊ ကြမ်းပြင် စသည်တွင် ချ၍ ဒရွတ် တိုက်ဆွဲသည်
English:
of clay
Grammar Note:
ကြိယာ
ခွီးဖြစ်ဝက်ဖြစ်
[kʰwïpʰɹɪʔwɛʔpʰɹɪʔ]
Arakanese:
(ဥပစါ) (ခွီးပိုင်) ဗဟရီ ဖြစ်ရရေ။ ယုတ်ညံ့နိမ့်ကျသော အဖြစ်သို့ ရောက်ရေ
Burmese:
(ဥပစါ) (ခွေးကဲ့သို့) အသုံးမကျ ဖြစ်ရသည်။ ယုတ်ညံ့နိမ့်ကျသော အဖြစ်သို့ ရောက်သည်
English:
dog pig
Grammar Note:
ကြိယာဝိသေသန
ခွီးဘရားဝက်ဘရား
[kʰwïbʱɹáwɛʔbʱɹá]
Arakanese:
ခွီးလို၊ ဝက်လို ( နေခြင်း၊ စားခြင်း၊ သီခြင်း) လေးစား တန်ဖိုးထားခြင်း မဟိဘဲ။ စောင့်ရှောက် ထိန်းသိမ်းခြင်း မဟိဘဲ။ ပစ်စလက်ခတ် ဖြစ်ဗျာယ်
Burmese:
ခွေးလို၊ ဝက်လို ( နေခြင်း၊ စားခြင်း၊ သေခြင်း) လေးစား တန်ဖိုးထားခြင်း မရှိပဲ။ စောင့်ရှောက် ထိန်းသိမ်းခြင်း မရှိပဲ။ ပစ်စလက်ခတ် ဖြစ်လျက်
English:
dog pig
Grammar Note:
ကြိယာဝိသေသန
ခွီးမတုံး
[kʰwïmtóʊɴ]
Arakanese:
ခွီး၏ ပတုံး
Burmese:
ခွေး၏ အမြီး
English:
tail
Grammar Note:
နာမ်
ခွီးမဒုံးကျိန်တောက်စွပ်
[kʰwïmdóʊɴt͡ɕèɪɴtɔ́ɛʔswaʔ]
Arakanese:
ပြောရေ့အတိုင်း အဟိ့မာသာ မှန်ပါ ဘုရား၊ တန်ပါ ဘုရားစကားကို လိုက်နာပိုင်ယှောင်နှင့်၊ ကွယ်ရာမာ ထင်ပိုင် လွှဲဖယ်ပြီး လုပ်ရေ။ (မူလ မူလအတိုင်းရာ ဖြစ်တေ။
Burmese:
ပြောသည့်အတိုင်း အရှေ့တွင်သာ မှန်ပါ ဘုရား၊ တန်ပါ ဘုရားစကားကို နာခံသလိုလိုနှင့်၊ ကွယ်ရာတွင် ထင်သလို လွှဲဖယ်ပြီး လုပ်သည်။ (မူလ နဂိုအတိုင်းပဲ ဖြစ်သည်။
English:
none
Grammar Note:
ကြိယာ
ခွီယိုင်
[kʰwíjàɪɴ]
Arakanese:
ခွန်အားကုန်ခန်း၍ အလွန် ပင်ပန်းနွမ်းလျသည်
Burmese:
ခွန်အားကုန်ခန်း၍ အလွန် ပင်ပန်းနွမ်းလျသည်
English:
totter
Grammar Note:
ကြိယာ
ခွီးယေပိုး
[kʰwïjèpó]
Arakanese:
ငယ်ရေ ပိုးကောင်ငယ် တမျိုး
Burmese:
သေးငယ်သော ပိုးကောင်ငယ် တစ်မျိုး
English:
flea
Grammar Note:
နာမ်
ခွီးရူးနာ
[kʰwïɹùးnà]
Arakanese:
ခဲဝါကိုက်ခံရပြီးကေ ဖြစ်တတ်ရေ အနာရောဂါ
Burmese:
ခွေးအကိုက်ခံရ၍ ဖြစ်တတ်သော အနာရောဂါ
English:
rabies
Grammar Note:
နာမ်
ခွီးရူးပြန်
[kʰwïɹùးpɹàɴ]
Arakanese:
ခွီးရူးရောဂါ ပြန်ပနာဖြစ်တေ။ ထသည်
Burmese:
ခွေးရူးရောဂါ ပြန်လည်ဖြစ်သည်။ ထသည်
English:
rabies
Grammar Note:
ကြိယာ
ခွီးရွင့်ပြာ
[kʰwïɹwɪ̀ɴ့pɹà]
Arakanese:
(စိတ်) မတည်မငြိမ် လွင့်ပါးနိန်ရေ ခွီး။ ခွီးလေခွီးလွင့်
Burmese:
(စိတ်) မတည်မငြိမ် လွင့်ပါးနေသော ခွေး။ ခွေးလေခွေးလွင့်
English:
stray dog
Grammar Note:
နာမ်
ခွီးရွင့်ပြာ၂
[kʰwïɹwɪ̀ɴ့pɹà၂]
Arakanese:
(ဥပစါ ) (ခွီးလေ ခွီးလွင့်ပိုင်) ရည်မှန်းချက်မဟိဘဲ ဆီးဆောက်ခရောက် လားလာနီတတ်သူ
Burmese:
(ဥပစါ ) (ခွေးလေ ခွေးလွင့်ကဲ့သို့) ရည်မှန်းချက်မရှိပဲ ရောက်တတ်ရာရာ သွားလာနေတတ်သူ
English:
stray dog
Grammar Note:
နာမ်