Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,781–1,800 of 1,812 words

    ခ

    ခွီးလခပတ်သီး

    [kʰwïlkʰpaʔθï]
    အညှာတံမာ တဖက်တလုံးစီ သွယ်တန်း၍ သီးသော နွယ်ပင်တမျိုး
    အညှာတံတွင် တစ်ဘက်တစ်လုံးစီ သွယ်တန်း၍ သီးသော နွယ်ပင်တစ်မျိုး
    cowhage
    နာမ်

    ခွီးလင်ကျ

    [kʰwïlɪ̀ɴt͡ɕ]
    (ခွီးပိုင်) အသိဉာဏ်ကင်းမဲ့၍ နိမ့်ကျလွန်လွန်းသူ
    (ခွေးကဲ့သို့) အသိဉာဏ်ကင်းမဲ့၍ နိမ့်ကျလွန်လွန်းသူ
    fool
    နာမ်

    ခွီးလင်ပြည်

    [kʰwïlɪ̀ɴpɹɛ]
    ၁၊ သင်းလိုက်နိန်ရေ ခဲဝါုပ်စု။ ၂၊ (ခွီးကဲသို့ အရှက်အကြောက် မဟိ) ကိလေသာ သောင်းကျန်းသော အရပ်
    ၁၊ မိတ်လိုက်နေသော ခွေးအုပ်စု။ ၂၊ (ခွေးကဲသို့ အရှက်အကြောက် မရှိ) ကိလေသာ သောင်းကျန်းသော အရပ်
    mating
    နာမ်

    ခွီးလယာ

    [kʰwïljà]
    ပြားချပ်ချပ် ဟိရေ ငါးတမျိုး
    ပြားချပ်ချပ် ရှိသော ငါးတစ်မျိုး
    fish
    နာမ်

    ခွီးဝင်ကြောင်ဝင်

    [kʰwïwɪ̀ɴt͡ɕàʊɴwɪ̀ɴ]
    ၁၊ အားနာမှု မဟိဘဲ။ ၂၊ ရိုသေ လေးစားမှု မဟိဘဲ
    ၁၊ အားနာမှု ကင်းမဲ့စွာ။ ၂၊ ရိုသေ လေးစားမှု မရှိပဲ
    Do not fear
    ကြိယာဝိသေသန

    ခွီးဝင်စား

    [kʰwïwɪ̀ɴsá]
    တခြားအရပ်မှ လာပြီးကေ ကပ်ခိုနိန်ရေ ခွီး
    တစ်ခြားအရပ်မှ လာ၍ ကပ်ခိုနေသော ခွေး
    dog
    နာမ်

    ခွီးသင်းပေါင်း

    [kʰwïθɪ́ɴpèàɪ́ɴ]
    သင်းလိုက်နိန်ရေ ခဲဝါုပ်စု
    မိတ်လိုက်နေသော ခွေးအုပ်စု
    mating
    နာမ်

    ခွီးသီ-သီ

    [kʰwïθí-θí]
    (ခွီးပိုင်) သီခြင်းဆိုးမျိုးနန့် သီရေ
    (ခွေးကဲ့သို့) သေခြင်းဆိုးမျိုးဖြင့် သေသည်
    just like dog dead
    ကြိယာ

    ခွီသျှေ

    [kʰwíʃè]
    သင်္ဘော၊ ရေယာဉ်အစဟိစွာရို့မာ အရီးကြီးလျှင် အသုံးပြုဖို့ တင်ဆောင် ယူလာရေ လောင်းငယ်။ တက်ကြသီးသီး၊ လောင်းသငယ်လေ၊ ခွီမာစီးကေ၊ ခတ်ပြီးသွားထွေ (ထာနု)
    သင်္ဘော၊ ရေယာဉ်စသည်တို့၌ အရေးကြီးလျှင် အသုံးပြုရန် တင်ဆောင် ယူလာသော လှေငယ်။ တက်ကြသီးသီး၊ လှေသငယ်လေ၊ ခွီမှာစီးကေ၊ ခတ်ပြီးသွားထွေ (ထာနု)
    lifeboat
    နာမ်

    ခွဲ

    [kʰwɛ]
    ၁၊ အစိတ်စိတ် ကွဲစီရေ။ ထက်ခြမ်းကွဲရေ။ ကျောက်တုံးကို တူနှင့် ရိုက်ခွဲရေ။ ၂၊ တတူနီရာမှ ဖဲခွါထွက်ရေ။ ၃၊ (အတုတ်၊ အခွန်၊ ငွီအစဟိစွာရို့ကို) ကန့်သတ် ထားရေ့အတိုင်း ကောက်ခံယူရေ။ တသီးတခြမ်းစီ ခွဲထားရေ
    ၁၊ အစိတ်စိတ် ကွဲစေသည်။ ထက်ခြမ်းကွဲသည်။ ကျောက်တုံးကို တူနှင့် ရိုက်ခွဲသည်။ ၂၊ အတူနေရာမှ ဖဲခွါထွက်သည်။ ၃၊ (အတုတ်၊ အခွန်၊ ငွေစသည်တို့ကို) ကန့်သတ် ထားသည့်အတိုင်း ကောက်ခံယူသည်။ တစ်သီးတစ်ခြမ်းစီ ခွဲထားသည်
    divide
    ကြိယာ

    ခွဲခြမ်း

    [kʰwɛkʰɹáɴ]
    ၁၊ အသီးအရာစီ ပိုင်းကန့်ရေ။ စိစုံဝီငှ၊ ခွဲခြမ်းကတ်၏။ ၂၊ တွက်ဖော် ဝေဖန်သည်
    ၁၊ အသီးအခြားစီ ပိုင်းကန့်သည်။ စိစုံဝေငှ၊ ခွဲခြမ်းကြ၏။ ၂၊ စဉ်းစား ဝေဖန်သည်
    differentiate
    ကြိယာ

    ခွဲခြား

    [kʰwɛkʰɹá]
    တကွဲတသန့်စီ ဖြစ်ယောင် ပိုင်းကန့် သတ်မှတ်သည်
    တစ်ကွဲတစ်သန့်စီ ဖြစ်အောင် ပိုင်းကန့် သတ်မှတ်သည်
    differentiate
    ကြိယာ

    ခွဲခွါ

    [kʰwɛkʰwà]
    ဝီးလံ ကွာလှမ်းရာသို့ လားရေ။ သီးသန့်ပြုပနာ ခြားနား နိန်ရေ
    ဝေးလံ ကွာလှမ်းရာသို့ သွားသည်။ သီးခြားပြု၍ ခြားနား နေသည်
    part
    ကြိယာ

    ခွဲစိတ်

    [kʰwɛseɪʔ]
    အစိတ်စိတ် ဖြစ်ယောင်သော် ပင်ဖြစ်ဖြစ်၊ အကွဲကွဲ ဖြစ်ယောင်သော် ပင်ဖြစ်ဖြစ်၊ အရာခြားစီအောင်သော် ပင်ဖြစ်ဖြစ် ပြုလုပ်ရေ
    အစိတ်စိတ် ဖြစ်အောင်သော် လည်းကောင်း၊ အကွဲကွဲ ဖြစ်အောင်သော် လည်းကောင်း၊ အခြားခြားစီအောင်သော် လည်းကောင်း ပြုလုပ်သည်
    operation
    ကြိယာ

    ခွဲတမ်း

    [kʰwɛtáɴ]
    မိဖရို့၏ အမွီအနှစ်ဖြစ်ရေ ဝန်ရို့ကို သားသမီးရို့အား ထိုက်တန်သည့် အလျောက် ခွဲဝီပီးရိုး အစိုင်အလာ
    မိဘတို့၏ အမွေအနှစ်ဖြစ်သော ပစ္စည်းတို့ကို သားသမီးတို့အား ထိုက်တန်သည့် အလျောက် ခွဲဝေပေးရိုး အစဉ်အလာ
    quata
    နာမ်

    ခွဲတောင်း

    [kʰwɛtáʊɴ]
    တဆယ့်ခြောက် ပြည်ဝင်သော တောင်း
    တစ်ဆယ့်ခြောက် ပြည်ဝင်သော တောင်း
    basket
    နာမ်

    ခွဲထက်

    [kʰwɛtʰɛʔ]
    ထက်ခြမ်း ခွဲရေ။ တူညီရေ ဖြစ်စီ၊ မတူညီရေ ဖြစ်စီ နှစ်ခု ခြမ်းထားရေ
    ထက်ခြမ်း ခွဲသည်။ တူညီသည် ဖြစ်စေ၊ မတူညီသည် ဖြစ်စေ နှစ်ခု ခြမ်းထားသည်
    bipartite
    ကြိယာ

    ခွဲထား

    [kʰwɛtʰá]
    တတူနီရာမှ တသီး တခြားစီ ထားရေ
    အတူနေရာမှ တစ်သီး တစ်ခြားစီ ထားသည်
    isolate
    ကြိယာ

    ခွဲထွက်

    [kʰwɛtʰwɛʔ]
    ၁၊ အသင်း၊ အစု တတူလက်တွဲ နီရာမှ ရှောင်လွဲလားရေ။ ၂၊ အပါးမှ အဝီးကို ဖဲခွာထွက်သည်
    ၁၊ အသင်း၊ အစု အတူယှဉ်တွဲ နေရာမှ ရှောင်လွဲသွားသည်။ ၂၊ အပါးမှ အဝေးသို့ ဖဲခွာထွက်သည်
    secede-branch out
    ကြိယာ

    ခွဲပုံကျ

    [kʰwɛpòʊɴt͡ɕ]
    မိဖရို့၏ အမွီဝန်တိကို အမွီစားဖြစ်ရေ သားသမီးရို့အား မျှဝီပီးရေ စနစ်
    မိဖတို့၏ အမွေပစ္စည်းများကို အမွေစားဖြစ်သော သားသမီးတို့အား မျှဝေပေးသော စနစ်
    quata
    နာမ်