Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,801–1,812 of 1,812 words

    ခ

    ခွဲဖြာ

    [kʰwɛpʰɹà]
    ၁၊ ဝေဖန် သုံးသပ် စီစစ်သား။ ၂၊ တွက်ဖော် ဆင်ခြင်သည်
    ၁၊ ဝေဖန် သုံးသပ် စီစစ်သည်။ ၂၊ စဉ်းစား ဆင်ခြင်သည်
    manage
    ကြိယာ

    ခွဲဝီ

    [kʰwɛwí]
    တသီးတသန့်စီ ခွဲကန့်၍ ပီးရေ။ ပိုင်းခြား၍ ပီးရေ
    တစ်သီးတသန့်စီ ခွဲကန့်၍ ပေးသည်။ ပိုင်းခြား၍ ပေးသည်
    managec
    ကြိယာ

    ခွါ

    [kʰwà]
    ခွာငှက်။ ဘဲငန်းစားတုံ၊ ခွါစားတုံ (တေး)
    ခိုငှက်။ ဘဲငန်းစားတုံ၊ ခွါစားတုံ (တေး)
    pigeon
    နာမ်

    ခွါ၂

    [kʰwà၂]
    ကျွဲ၊ နွားတိရိစ္ဆာန်ရို့၏ ခြီချောင်း၊ လက်ချောင်း အစွန်းဖျားထားရေ မာသောအရာ
    ကျွဲ၊ နွားတိရိစ္ဆာန်တို့၏ ခြေချောင်း၊ လက်ချောင်း အစွန်းဖျားထားသော မာသောအရာ
    hoof
    နာမ်

    ခွါ၃

    [kʰwà၃]
    တခုတရီမှ တခုတရီ တွယ်ကပ်နီရေကို ကွာယောင်လုပ်ရေ။ နပျိုးသီးအခွံခွါရေ ၂၊ တနီရာရာမှ ဖယ်ရှောင် ထွက်သည်
    တစ်စုံတစ်ခုမှ တစ်စုံတစ်ရာ တွယ်ကပ်နေသည်ကို ကွာအောင်လုပ်သည်။ နပျိုးသီးအခွံခွါရေ ၂၊ တစ်နေရာရာမှ ရှောင်ဖယ် ထွက်သည်
    peel off
    ကြိယာ

    ခွါတိုင်း

    [kʰwàtáɪɴ]
    (ဥပစာ) ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုရေ။ နိူင်းဘက် ပြိုင်ဆိုင်ရေ။ တုပသည်
    (ဥပစာ) ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုသည်။ ယှဉ်ဘက် ပြိုင်ဆိုင်သည်။ တုပသည်
    imitate
    ကြိယာ

    ခွါထောင်

    [kʰwàtʰàʊɴ]
    ၁၊ ခြီဖျားကို မြေမာ ထောက်ထားပြီးသား ဖနောင့်ကို အထက်ကို ထောင်ထားရေ။ ၂၊ မာန ထောင်လွှားသည်
    ၁၊ ခြေဖျားကို မြေတွင် ထောက်ထားပြီး ဖနောင့်ကို အပေါ်သို့ ထောင်ထားသည်။ ၂၊ မာန ထောင်လွှားသည်
    arrogant
    ကြိယာ

    ခွါနာ

    [kʰwànà]
    ကျွဲ၊ နွားတိရိစ္တာန်ရို့မာ ခြီဖျားလက်ဖျား၌ ဖြစ်တတ်၍ ကူးစက်တတ်ရေ အနာရောဂါ
    ကျွဲ၊ နွားတိရိစ္တာန်တို့တွင် ခြေဖျားလက်ဖျား၌ ဖြစ်တတ်၍ ကူးစက်တတ်သော အနာရောဂါ
    foot and mouth disease
    နာမ်

    ခွါနာကျ

    [kʰwànàt͡ɕ]
    ကျွဲ၊ နွားတိရိစ္ဆာန်ရို့၏ လက်ဖျား ခြီဖျားမာ အနာရောဂါ ကျရောက်ရေ
    ကျွဲ၊ နွားတိရိစ္ဆာန်တို့၏ လက်ဖျား ခြေဖျားတွင် အနာရောဂါ ကျရောက်သည်
    foot and mouth disease
    ကြိယာ

    ခွါပြီး

    [kʰwàpɹï]
    ၁၊ ဝီးရာကို ထွက်လှားရေ။ ဖဲရှောင်ရေ။ ခွဲခွါရေ။ ၂၊ သဖောကွဲလွဲရေ။ ကွဲပြား ခြားနားသည်
    ၁၊ ဝေးရာသို့ ထွက်သွားသည်။ ဖဲရှောင်သည်။ ခွဲခွါသည်။ ၂၊ သဘော ကွဲလွဲသည်။ ကွဲပြား ခြားနားသည်
    leave
    ကြိယာ

    ခွါဖိနပ်

    [kʰwàpʰìnaʔ]
    ဆင်၊ မြင်း၊ ကျွဲ၊ နွားအစဟိစွာရို့ ခြီထောက်မာ ခွါဟိရေ အပိုင်း
    ဆင်၊ မြင်း၊ ကျွဲ၊ နွားစသည်တို့ ခြေထောက်တွင် ခွါရှိသော အပိုင်း
    hoof
    နာမ်

    ခွါရာတိုင်း

    [kʰwàɹàtáɪɴ]
    (ဥပစာ) ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုရေ။ နိူင်းဘက် ပြိုင်ဆိုင်ရေ။ တုပသည်
    (ဥပစာ) ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုသည်။ ယှဉ်ဘက် ပြိုင်ဆိုင်သည်။ တုပသည်
    imitate
    ကြိယာ