Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 694 words

    ဂ

    ဂုသံတစ်မျိုးဂုတစ်မျိုး

    [ɡoʊθံtɪʔmróɡoʊtɪʔmró]
    တချက်ချေမာ သဖောအမျိုးမျိုးပြောင်းလဲ ပြုမူ ပြောဆိုရေ
    တခဏချင်းတွင် သဘော အမျိုးမျိုးပြောင်းလဲ ပြုမူ ပြောဆိုသည်
    said change of heart
    ကြိယာဝိသေသန

    ဂုသိ

    [ɡoʊθì]
    မကြာသိမ့်ခင် အခိုက်အတန့်။ ပြောဆိုဖေါ်ပြဆဲ ကာလ။ လက်ငင်း ကာလ
    မကြာသေးမီ အခိုက်အတန့်။ ပြောဆိုဖေါ်ပြဆဲ ကာလ။ လက်ငင်း ကာလ
    recent
    နာမ်

    ဂုံးသွားကြဲ

    [ɡóʊɴθWàt͡ɕɛ]
    အခွံမာမာ အရီး အကြောင်းပါ၍ ရွံ့ဗွက်အောက် မြှုပ်၍နိန်ရေ ရှုပ်ကောင်ကြီး တမျိုး
    အခွံမာတွင် အရေး အကြောင်းပါ၍ ရွံ့ဗွက်အောက် မြှုပ်၍နေသော ရှုပ်ကောင်ကြီး တစ်မျိုး
    clam
    နာမ်

    ဂူ

    [ɡù]
    ၁၊ မား။ လိုဏ်။ လိုဏ်ခေါင်း။ ၂၊ လူသီ အလောင်းကို သွင်းမြှုပ်ထားရာ အုဠ်တိုက်
    ၁၊ တွင်း။ လိုဏ်။ လိုဏ်ခေါင်း။ ၂၊ လူသေ အလောင်းကို သွင်းမြှုပ်ထားရာ အုဠ်တိုက်
    pit-cave-tunnel
    နာမ်

    ဂူတာ

    [ɡùtà]
    လက်ဆစ်၊ တတောင်ဆစ် အစဟိစွာရို့မာ အနာဖြစ်ပနာ အသားပိုးတက်ပြီးး အဖုအထစ် ဖြစ်လှားခြင်း။ ကျီးပေါင်း ဖြစ်လှားခြင်း
    လက်ဆစ်၊ တတောင်ဆစ် စသည်တို့၌ အနာဖြစ်၍ အသားပိုးတက်ပြီး အဖုအထစ် ဖြစ်သွားခြင်း။ ကျီးပေါင်း ဖြစ်သွားခြင်း
    mistletoe
    နာမ်

    ဂူတာခြောက်

    [ɡùtàkʰɹɔ́ɛʔ]
    ကြောက်အောင် ပြုပနာ မောင်းနှင်ရေ။ ကြောက်အောင် လုပ်ရေ။ ကြောက်လန့် စီရေ။ ခြောက်လှန့်သည်
    ကြောက်အောင် ပြု၍ မောင်းနှင်သည်။ ကြောက်အောင် လုပ်သည်။ ကြောက်လန့် စေသည်။ ခြောက်လှန့်သည်
    afraid to frighten-fear
    ကြိယာ

    ဂူတာလိုက်

    [ɡùtàlaɪʔ]
    လက်ဆစ်၊ တတောင်ဆစ် အစဟိစွာရို့မာ အနာဖြစ်ပနာ အသားပိုးတက်ပြီးး အဖုအထစ် ဖြစ်လှားခြင်း။ ကျီးပေါင်း ဖြစ်လှားခြင်း။ ငစွေ- ငစွေ၊ ကိုက်တတ်တေ၊ ငစွေကိုက်ကေ၊ လက်မ ဂူတာလိုက်တတ်တေ (ငစွေ)
    လက်ဆစ်၊ တတောင်ဆစ် စသည်တို့၌ အနာဖြစ်၍ အသားပိုးတက်ပြီး အဖုအထစ် ဖြစ်သွားခြင်း။ ကျီးပေါင်း ဖြစ်သွားခြင်း။ ငစွေ- ငစွေ၊ ကိုက်တတ်တေ၊ ငစွေကိုက်ကေ၊ လက်မ ဂူတာလိုက်တတ်တေ (ငစွေ)
    mistletoe
    ကြိယာ

    ဂူရာ

    [ɡùɹà]
    စစ်သား။ စစ်သူရဲ။ သူရဲတော်ဂူရာများ၊ တိုက်ခြင်းရာရေ၊ မြှုံးမာလောင်းာင်ထားငါးသို့ (ဗမာချီ)
    စစ်သား။ စစ်သူရဲ။ သူရဲတော်ဂူရာများ၊ တိုက်ခြင်းရာသည်၊ မြှုံးမှာလှောင်ထားငါးသို့ (ဗမာချီ)
    warriors
    နာမ်

    ဂူရာကျိုင်

    [ɡùɹàt͡ɕàɪɴ]
    စစ်သား။ စစ်သူရဲ။ လူအစဟိစွာ မရေမတွက် နှိုင်လောက်ယောင် များပြားစွာ။ အရွီအတွက် အစဟိစွာ များပြားစွာ။ (အရွီအတွက် များရာမာ သုံးသော စကား။
    စစ်သား။ စစ်သူရဲ။ လူစသည် မရေမတွက် နိုင်လောက်အောင် များပြားစွာ။ အရေအတွက် စသည် များပြားစွာ။ (အရေအတွက် များရာ၌ သုံးသော စကား။
    warriors-large quantities
    ကြိယာဝိသေသန

    ဂူရာကျိုင်၂

    [ɡùɹàt͡ɕàɪɴ၂]
    စစ်သား၊ စစ်သူရဲ၊ လူအကြီးအချေအစဟိစွာ ရောနှောဗျာယ် မကန်မဝှန်ကို ခြုံ၍ ခေါ်သော စကားလုံး
    စစ်သား၊ စစ်သူရဲ၊ လူအကြီးအငယ်စသည် ရောနှောလျက် အများအပြားကို ခြုံ၍ ခေါ်သော စကားလုံး
    warriors
    နာမ်

    ဂူရာတပ်

    [ɡùɹàtaʔ]
    စစ်သူရဲ အဖွဲ့အစည်း။ စစ်အဖွဲ့အစည်း။ စစ်တပ်
    စစ်သူရဲ အဖွဲ့အစည်း။ စစ်အဖွဲ့အစည်း။ စစ်တပ်
    warriors-military organization-military
    နာမ်

    ဂူရိဂူရာ

    [ɡùɹìɡùɹà]
    ငယ်၍ အမျိုးအမည် အရွီအတွက်အစဟိစွာ များပြားစွာ။ မကန်မဝှန်။ အကြီးအချေအစဟိစွာ ရောနှောပါဝင်ဗျယ်ဒေးကေ
    သေးငယ်၍ အမျိုးအမည် အရေအတွက်စသည် များပြားစွာ။ အများအပြား။ အကြီးအငယ်စသည် ရောနှောပါဝင်လျက်
    small number of categories-include a mix of small and large
    ကြိယာဝိသေသန

    ဂူရိဂူရာ၂

    [ɡùɹìɡùɹà၂]
    ပကတိဟိမြဲ အရွယ်ထက်ငယ်၍ အမျိုးအမည် အရွီအတွက် အစဟိစွာ များရေ။ အကြီးအချေ အစဟိစွာ ရောနှော၍ ပါဝင်ရေ
    ပကတိရှိမြဲ အရွယ်ထက်ငယ်၍ အမျိုးအမည် အရေအတွက် စသည် များပြားသော။ အကြီးအငယ် စသည် ရောနှော၍ ပါဝင်သော
    include a mix of small and large
    နာမဝိသေသန

    ဂူရိဂူရာသျှေ

    [ɡùɹìɡùɹàʃè]
    ပကတိဟိမြဲ အရွယ်ထက်ငယ်၍ အမျိုးအမည် အရွီအတွက် အစဟိစွာ များရေ။ အကြီးအချေအစဟိစွာ ရောနှေ၍ ပါဝင်ရေ။)။ ၂၊ အရွီအတွက်ရာ များတွက်နန့် အရည်အခြင်း မပြည့်ဝသော
    ပကတိရှိမြဲ အရွယ်ထက်ငယ်၍ အမျိုးအမည် အရေအတွက် စသည် များပြားသော။ အကြီးအငယ်စသည် ရောနှေ၍ ပါဝင်သော။)။ ၂၊ အရေအတွက်သာ များ၍ အရည်အချင်း မပြည့်ဝသော
    number of ill-qualified
    ကြိယာဝိသေသန

    ဂူလီသီး

    [ɡùlíθï]
    ၁၊ သီနတ်၊ အမြောက် အစဟိစွာရို့မာ ထည့်ပနာ သွင်းပစ်ရရေ ယမ်းတောင့်။ ကျည်ဆန်။ လေးမျက်နှာဝယ်၊ ခြုံကာပစ်ပြီး၊ ဂူလီသီးကို၊ ထည့်ပြီးတုံမြောက်၊ ပစ်လစ်မြောက်သော် (ရခိုင်ကာ)။ ခဲယမ်းဂူလီ၊ ထမ်းကာချီ၍ (ဗမာချီ)
    ၁၊ သေနတ်၊ အမြောက် စသည်တို့တွင် ထည့်၍ သွင်းပစ်ရသော ယမ်းတောင့်။ ကျည်ဆန်။ လေးမျက်နှာဝယ်၊ ချုံကာပစ်ပြီး၊ ဂူလီသီးကို၊ ထည့်ပြီးတုံမြောက်၊ ပစ်လစ်မြောက်သော် (ရခိုင်ကာ)။ ခဲယမ်းဂူလီ၊ ထမ်းကာချီ၍ (ဗမာချီ)
    bullet-cartridge
    နာမ်

    ဂူသျှိ

    [ɡùʃì]
    ဘိုးဖီး ဘီဘင်ရို့ လက်ထက်မှစပြီးကေ ဆင်းသက်လာရေ ဆွီမျိုး အစိုင်အဆက်။ အမျိုးအနွယ်။ ဆက်နွယ်လာရေ ဆွီမျိုး။ (ဂေါတ္တ-> ဂွတ္တ-> ဂူတ -> ဂူတိ->ဂူသျှိ) ကောင်းဆိုးမသိ၊ မဒိဠိကို၊ မျိုးစိတောင်က၊ မကျန်ရယောင်၊ မိဖမျိုးဆွီ၊ တဂူသျှီအား၊ အညီခုဝယ်၊ ဆုတော်ကြီးကို ပီးရဖို့ကား (
    ဘိုးဘေး ဘီဘင်တို့ လက်ထက်မှစ၍ ဆင်းသက်လာသော ဆွေမျိုး အစဉ်အဆက်။ အမျိုးအနွယ်။ ဆက်နွယ်လာသော ဆွေမျိုး။ (ဂေါတ္တ-> ဂွတ္တ-> ဂူတ -> ဂူတိ->ဂူသျှိ) ကောင်းဆိုးမသိ၊ မဒိဠိကို၊ မျိုးစိတောင်မှ၊ မကျန်ရအောင်၊ မိဖမျိုးဆွီ၊ တဂူသျှီအား၊ အညီခုဝယ်၊ ဆုတော်ကြီးကို ပီးရမည်ကား (
    relatives
    နာမ်

    ဂူသျှိဂူတာ

    [ɡùʃìɡùtà]
    ဘိုးဖီးဘီဘင်ရို့ လက်ထက်မှစပြီးကေ ဆင်းသက်လာရေ ဆွီမျိုး အစိုင်အဆက်။ အမျိုးအနွယ်။ ဆက်နွယ်လာရေ ဆွီမျိုး။ (ဂေါတ္တ-> ဂွတ္တ-> ဂူတ -> ဂူတိ->ဂူသျှိ) ကောင်းဆိုးမသိ၊ မဒိဠိကို၊ မျိုးစိတောင်က၊ မကျန်ရယောင်၊ မိဖမျိုးဆွီ၊ တဂူသျှီအား၊ အညီခုဝယ်၊ ဆုတော်ကြီးကို ပီးရဖို့ကား (ဥ
    ဘိုးဘေးဘီဘင်တို့ လက်ထက်မှစ၍ ဆင်းသက်လာသော ဆွေမျိုး အစဉ်အဆက်။ အမျိုးအနွယ်။ ဆက်နွယ်လာသော ဆွေမျိုး။ (ဂေါတ္တ-> ဂွတ္တ-> ဂူတ -> ဂူတိ->ဂူသျှိ) ကောင်းဆိုးမသိ၊ မဒိဠိကို၊ မျိုးစိတောင်မှ၊ မကျန်ရအောင်၊ မိဖမျိုးဆွီ၊ တဂူသျှီအား၊ အညီခုဝယ်၊ ဆုတော်ကြီးကို ပီးရမည်ကား (ဥ
    relatives
    နာမ်

    ဂေဟာ

    [ɡèhà]
    လူနီအိမ်။ (ပါ)
    လူနေအိမ်။ (ပါ)
    home
    နာမ်

    ဂေါက်

    [ɡaʊʔ]
    ၁၊ အဖျားကောက်သော အရာကို ပြောသော စကားလုံး။ ၂၊ အဖျားကောက်သော အရာ။ ၃၊ ကောက်သော အဖျားနန့် တခုတရီကို ဆွဲငင်ရရေ အချောင်းအတံ။ တွယ်အပ်။ ၄၊ ဂေါက်ကနဲ မြည်သော အသံ
    ၁၊ အဖျားကောက်သော အရာကို ပြောသော စကားလုံး။ ၂၊ အဖျားကောက်သော အရာ။ ၃၊ ကောက်သော အဖျားဖြင့် တစ်စုံတစ်ခုကို ဆွဲငင်ရသော အချောင်းအတံ။ တွယ်ချိတ်။ ၄၊ ဂေါက်ကနဲ မြည်သော အသံ
    pin-hook
    နာမ်

    ဂေါက်ကနဲ

    [ɡaʊʔknɛ]
    အပေါ်မှ အောက်ကြမ်းပြင်သို့ တခုတရီ ကျသော အသံ
    အပေါ်မှ အောက်ကြမ်းပြင်သို့ တစ်စုံတစ်ခု ကျသော အသံ
    something sounds
    နာမ်