Dictionary Entries
Showing 221–240 of 694 words
ဂ
ဂေါက်ရသျှေ
[ɡaʊʔɹʃè]
Arakanese:
သက်ငယ်စပါးတခု၏ အမည်
Burmese:
သက်ငယ်စပါးတစ်ခု၏ အမည်
English:
grain
Grammar Note:
နာမ်
ဂေါင်
[ɡèàɪ̀ɴ]
Arakanese:
၁၊ အမြင့်ဆုံးသော။ အမြတ်ဆုံးသော။ ၂၊ ကောင်းဘီယက်သော။ ၃၊ အကြီးအကဲဖြစ်ရေ ။ အကြီးအကျယ် ဆုံးသော။ ကြီးကျယ် မြင့်မြတ်သော။ ၄၊ အထက်တန်းစား ဖြစ်ရေ။ မယူကေလေ့မယူ၊ ယူကေလေ့ဂေါင်၊ ခေါက်လို့ ကောင်းဘီယက်ကိုမှ ယူမည်
Burmese:
၁၊ အမြင့်ဆုံးသော။ အမြတ်ဆုံးသော။ ၂၊ အကောင်းဆုံးသော။ ၃၊ အကြီးအကဲဖြစ်သော ။ အကြီးအကျယ် ဆုံးသော။ ကြီးကျယ် မြင့်မြတ်သော။ ၄၊ အထက်တန်းစား ဖြစ်သော။ မယူကေလေ့မယူ၊ ယူကေလေ့ဂေါင်၊ ခေါက်လို့ အကောင်းဆုံးကိုမှ ယူမည်
English:
peak-chief-elite
Grammar Note:
နာမဝိသေသန
ဂေါင်း
[ɡèàɪ́ɴ]
Arakanese:
လူ အစဟိရေ သက်ဟိ သတ္တဝါရို့၏ နား၊ နခေါင်း၊ မျက်စိ အစဟိစွာရို့၏ တည်ရာ အစိတ်အပိုင်း (ဖြစ်ရေ အဂေါင်း)။ ဦးဂေါင်းဆံရိတ်၊ ဘိသိက်နားထွင်း၊ ခပင်းမင်္ဂလာ၊ အရာရာကို (ကင်းမဟော်)။ ၂၊ အပင်ရို့၏ အရင်းမြစ်ဖု။ ၃၊ အကြီးအကဲ။ ဦးဆောင်ဦးရွက်။ ၄၊ သစ်ဒဘာချိတ် လုပ်ငန်းနန့် အသက
Burmese:
လူ အစရှိသော သက်ရှိ သတ္တဝါတို့၏ နား၊ နှာခေါင်း၊ မျက်စိ စသည်တို့၏ တည်ရာ အစိတ်အပိုင်း (ဖြစ်သော ဦးခေါင်း)။ ဦးဂေါင်းဆံရိတ်၊ ဘိသိက်နားထွင်း၊ ခပင်းမင်္ဂလာ၊ အရာရာကို (ကင်းမဟော်)။ ၂၊ အပင်တို့၏ အရင်းမြစ်ဖု။ ၃၊ အကြီးအကဲ။ ဦးဆောင်ဦးရွက်။ ၄၊ သစ်ပွဲစား လုပ်ငန်းဖြင့် အသက
English:
stamp
Grammar Note:
နာမ်
ဂေါင်၂
[ɡèàɪ̀ɴ၂]
Arakanese:
အဦးအလျင်။ အဦးဖျဖျား။ ရှီးဦးစွာ။ ပထမ။ လက်မွန်။ ပွေလာဦး။ ငါအယင်ဆုံး ရောက်တေ၊ ဂေါင်ဗျာလ်
Burmese:
အဦးအလျင်။ ဦးဦးဖျားဖျား။ ရှေးဦးစွာ။ ပထမ။ လက်မွန်။ အစအဦး။ ငါအယင်ဆုံး ရောက်တေ၊ ဂေါင်ဗျာလ်
English:
first-begin
Grammar Note:
နာမ်
ဂေါင်းကပ်သီး
[ɡèàɪ́ɴkaʔθï]
Arakanese:
(တနှစ်ခံအပင်) လယ်ပြင်မာ ပေါက်ပနာ အသီးသီးရေအခါ အသီးတခုလုံးမာ စူးပိုင် ပါဟိပြီးး ယင်းအသီးကို အဂေါင်းဟိ ဆံပင်ကို ပစ်ခီကေ ကပ်၍ ငြိတွယ် နီတတ်ရေ အသီး တမျိုး
Burmese:
(တစ်နှစ်ခံအပင်) လယ်ကွင်းတွင် ပေါက်၍ အသီးသီးသည့်အခါ အသီးတစ်ခုလုံးတွင် ဆူးကဲ့သို့ ပါရှိပြီး ယင်းအသီးကို ဦးခေါင်းရှိ ဆံပင်ကို ပစ်လိုက်လျှင် ကပ်၍ ငြိတွယ် နေတတ်သော အသီး တစ်မျိုး
English:
thorn
Grammar Note:
နာမ်
ဂေါင်းကိုက်
[ɡèàɪ́ɴkaɪʔ]
Arakanese:
အဂေါင်းထဲမာ နာကြင် ကိုက်ခဲသော ရောဂါဖြစ်တေ
Burmese:
ဦးခေါင်းထဲ၌ နာကျင် ကိုက်ခဲသော ရောဂါဖြစ်သည်
English:
headache
Grammar Note:
ကြိယာ
ဂေါင်းကိုက်၂
[ɡèàɪ́ɴkaɪʔ၂]
Arakanese:
အဂေါင်းထဲမာ နာကြင် ကိုက်ခဲသော ရောဂါ
Burmese:
ဦးခေါင်းထဲ၌ နာကျင် ကိုက်ခဲသော ရောဂါ
English:
headache
Grammar Note:
နာမ်
ဂေါင်းကိုက်၃
[ɡèàɪ́ɴkaɪʔ၃]
Arakanese:
ဆံပင်ညှပ်ရေ။ ဆံသရေ။ ဆံပင်ပြုပျင်သည်
Burmese:
ဆံပင်ညှပ်သည်။ ဆံသသည်။ ဆံပင်ပြုပြင်သည်
English:
haircut
Grammar Note:
ကြိယာ
ဂေါင်းကိုင်
[ɡèàɪ́ɴkàɪɴ]
Arakanese:
ရက်ကန်းရက်ရာမာ အသုံးပြုရေ ကိရိယာတမျိုး
Burmese:
ရက်ကန်းရက်ရာ၌ အသုံးပြုသော ကိရိယာတစ်မျိုး
English:
loom
Grammar Note:
နာမ်
ဂေါင်းကောင်း
[ɡèàɪ́ɴkáʊɴ]
Arakanese:
ဉာဏ် ပညာစွမ်းရည် ကောင်းရေ။ နှလုံးရည် ကောင်းရေ။ အတွေးအခေါ် အမြော်အမြင် ကောင်းရေ။ မှတ်ဉာဏ်ကောင်း သည်
Burmese:
ဉာဏ် ပညာစွမ်းရည် ကောင်းသည်။ နှလုံးရည် ကောင်းသည်။ အတွေးအခေါ် အမြော်အမြင် ကောင်းသည်။ မှတ်ဉာဏ်ကောင်း သည်
English:
intelligent
Grammar Note:
ကြိယာ
ဂေါင်းကျင်း
[ɡèàɪ́ɴt͡ɕɪ́ɴ]
Arakanese:
၁၊ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားရေ အဂေါင်း။ ခေါင်းတုံး။ ကတုံး။ ၂၊ (ဥပစါ) သူတိ တိုင်းထံမာ အဆဲအဆို အပြောအဆို ခံရများသူ။ မင်းက လူတိပါးမာ အဆူခံမား ဂေါင်းကျင်းနီ ဗျာလ်
Burmese:
၁၊ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသော ဦးခေါင်း။ ခေါင်းတုံး။ ကတုံး။ ၂၊ (ဥပစါ) သူများ တကာထံတွင် အဆဲအဆို အပြောအဆို ခံရများသူ။ မင်းက လူတိပါးမှာ အဆဲခံတွင်း ဂေါင်းကျင်းနီ ဗျာလ်
English:
baldness
Grammar Note:
နာမ်
ဂေါင်းကြီး
[ɡèàɪ́ɴt͡ɕï]
Arakanese:
အထိတ်တလန့် စိုးရိမ်မှု ဖြစ်တေ
Burmese:
အထိတ်တလန့် စိုးရိမ်မှု ဖြစ်သည်
English:
panic anxiety
Grammar Note:
ကြိယာ
ဂေါင်းကြီး၂
[ɡèàɪ́ɴt͡ɕï၂]
Arakanese:
၁၊ အကြီးအကဲ။ ၂၊ ဦးဆောင်ဦးရွက် ပုဂ္ဂိုလ်
Burmese:
၁၊ အကြီးအကဲ။ ၂၊ ဦးဆောင်ဦးရွက် ပုဂ္ဂိုလ်
English:
chief
Grammar Note:
နာမ်
ဂေါင်းကြီးနပန်းကြီး
[ɡèàɪ́ɴt͡ɕïnpáɴt͡ɕï]
Arakanese:
၁၊ အထိတ်တလန့် စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လှာရေ။ ၂၊ ခေါင်းကြီးရေ
Burmese:
၁၊ အထိတ်တလန့် စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လာသည်။ ၂၊ ခေါင်းကြီးသည်
English:
panic anxiety
Grammar Note:
ကြိယာ
ဂေါင်းခု
[ɡèàɪ́ɴkʰoʊ]
Arakanese:
တခုတရီသော ဝန်ဝန်ဆန်ကို ထမ်းရွက်ရာမာ အဂေါင်းနှင့် ဝန်အကြားမာ ခု၍ ခံရရေ ခွေထားရေ အဝတ်
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းဝန်ဆန်ကို ထမ်းရွက်ရာတွင် ဦးခေါင်းနှင့် ပစ္စည်းအကြားတွင် ခု၍ ခံရသော ခွေထားသော အဝတ်
English:
head wear
Grammar Note:
နာမ်
ဂေါင်ခေါက်
[ɡèàɪ̀ɴkʰaʊʔ]
Arakanese:
၁၊ အမြင့်ဆုံးသော။ အမြတ်ဆုံးသော။ ၂၊ ကောင်းဘီယက်သော။ ၃၊ အကြီးအကဲ ဖြစ်ရေ။ အကြီးအကျယ် ဆုံးသော။ ကြီးကျယ် မြင့်မြတ်သော။ ၄၊ အထက်တန်းစား ဖြစ်ရေ။ မယူကေလေ့မယူ၊ ယူကေလေ့ဂေါင်၊ခေါက်လို့ ကောင်းဘီယက်ကိုမှ ယူမည်။ ၅၊ ကောင်းနိုးရာရာ ဖြစ်ရေ။ လက်ရွေးစင် ဖြစ်ရေ
Burmese:
၁၊ အမြင့်ဆုံးသော။ အမြတ်ဆုံးသော။ ၂၊ အကောင်းဆုံးသော။ ၃၊ အကြီးအကဲ ဖြစ်သော။ အကြီးအကျယ် ဆုံးသော။ ကြီးကျယ် မြင့်မြတ်သော။ ၄၊ အထက်တန်းစား ဖြစ်သော။ မယူကေလေ့မယူ၊ ယူကေလေ့ဂေါင်၊ခေါက်လို့ အကောင်းဆုံးကိုမှ ယူမည်။ ၅၊ ကောင်းနိုးရာရာ ဖြစ်သော။ လက်ရွေးစင် ဖြစ်သော
English:
peak - chief - elite
Grammar Note:
နာမဝိသေသန
ဂေါင်းခေါက်
[ɡèàɪ́ɴkʰaʊʔ]
Arakanese:
လက်ဆစ်နန့် အဂေါင်းကို ခေါက်သည်
Burmese:
လက်ဆစ်ဖြင့် ဦးခေါင်းကို ခေါက်သည်
English:
conk
Grammar Note:
ကြိယာ
ဂေါင်ခေါက်၂
[ɡèàɪ̀ɴkʰaʊʔ၂]
Arakanese:
၁၊ ကောင်းဘီယက် ဖြစ်တေ။ ၂၊ အမြတ်ဆုံး ဖြစ်တေ။ လက်ရွေးစင် ဖြစ်တေ
Burmese:
၁၊ အကောင်းဆုံး ဖြစ်သည်။ ၂၊ အမြတ်ဆုံး ဖြစ်သည်။ လက်ရွေးစင် ဖြစ်သည်
English:
best of-elite
Grammar Note:
ကြိယာ
ဂေါင်းခေါက်တမ်း
[ɡèàɪ́ɴkʰaʊʔtáɴ]
Arakanese:
တယောက်ကို အဝတ်နန့် အဂေါင်းကို ခြုံထားပနာ နောက်တယောက်က အဂေါင်းကို လက်သီးနန့် ခေါက်ရေ။ ယင်းခေါက်သော သူကို အရိပ်ချပနာ ဖေါ်ထုတ်ရရေ အချေရို့၏ ကစပ်နည်း တမျိုး
Burmese:
တစ်ယောက်ကို အဝတ်ဖြင့် ဦးခေါင်းကို ခြုံထား၍ နောက်တစ်ယောက်က ဦးခေါင်းကို လက်သီးဖြင့် ခေါက်သည်။ ယင်းခေါက်သော သူကို အကဲခတ်၍ ဖေါ်ထုတ်ရသော ကလေးတို့၏ ကစားနည်း တစ်မျိုး
English:
game
Grammar Note:
နာမ်
ဂေါင်းခေါက်ယူ
[ɡèàɪ́ɴkʰaʊʔjù]
Arakanese:
ကောင်းဘီယက်၊ အတော်ဆုံး၊ အလှဆုံးကိုမှ ယူရေ
Burmese:
အကောင်းဆုံး၊ အတော်ဆုံး၊ အလှဆုံးကိုမှ ယူသည်
English:
choice
Grammar Note:
ကြိယာ