Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 694 words

    ဂ

    ဂေါင်းခဲ

    [ɡèàɪ́ɴkʰɛ]
    အဂေါင်းညီးဝေ၊ အဂေါင်းထိုးကျင် ကိုက်ခဲသည့်ရောဂါ။ ဂေါင်းခဲလည်းရောဂါ ၊ ဦးကြွပ်နာကို၊ ကောင်းပါဖို့ရာ (စန္ဒြားဖွဲ့)
    ဦးခေါင်းမူးဝေ၊ ဦးခေါင်းထိုးကျင် ကိုက်ခဲသည့်ရောဂါ။ ဂေါင်းခဲလည်းရောဂါ ၊ ဦးကြွပ်နာကို၊ ကောင်းပါတော့မည် (စန္ဒြားဖွဲ့)
    headache
    နာမ်

    ဂေါင်းခဲ၂

    [ɡèàɪ́ɴkʰɛ၂]
    ၁၊ အဂေါင်း ကိုက်ခဲရေ။ ၂၊ (ဥပစါ) ပြဿနာ ပွီလီ၍ ကမောက် ကမဖြစ်ယောင် ဝင်ရောက် စွက်ဖက်ရေ။ ၃၊ အနှောင့်ယှက် ဖြစ်တေ။ ၄၊ အသံကို (ကြားကပင်) ကြောက်ရွံ့ တုန်လှုပ်ရေ။ ဘုန်းရောင်ဖြာကေ၊ တေဇောမြောက်လို့၊ ငါကြောက်လှရေ၊ သူ့နာမည်ကို ၊ ကြားလေသျှောင်းသော်၊ ဂေါင်းခဲရေလ
    ၁၊ ဦးခေါင်း ကိုက်ခဲသည်။ ၂၊ (ဥပစါ) ပြဿနာ ပွေလီ၍ ကမောက် ကမဖြစ်အောင် ဝင်ရောက် စွက်ဖက်သည်။ ၃၊ အနှောင့်ယှက် ဖြစ်သည်။ ၄၊ အသံကို (ကြားကတည်းက) ကြောက်ရွံ့ တုန်လှုပ်သည်။ ဘုန်းရောင်ဖြာကေ၊ တေဇောမြောက်လို့၊ ငါကြောက်လှသည်၊ သူ့နာမည်ကို ၊ ကြားလေသျှောင်းသော်၊ ဂေါင်းခဲရေလ
    headache-disruption
    ကြိယာ

    ဂေါင်းခါ

    [ɡèàɪ́ɴkʰà]
    ၁၊ ငြင်းပယ်ရေ။ ၂၊ ကိုယ့်နှင့် သဖောချင်း မတိုက်ဆိုင်၍ လိုလားမှု မဟိကြောင်းကို အဂေါင်းနန့် လှုပ်ပြရေ
    ၁၊ ငြင်းပယ်သည်။ ၂၊ မိမိနှင့် သဘောချင်း မတိုက်ဆိုင်၍ လိုလားမှု မရှိကြောင်းကို ဦးခေါင်းဖြင့် လှုပ်ပြသည်
    reject
    ကြိယာ

    ဂေါင်းခါ၂

    [ɡèàɪ́ɴkʰà၂]
    ကိုယ့်နှင့် သဖောချင်း မတိုက်ဆိုင်၍ လိုလားမှု မဟိကြောင်းကို ပြသော အမှုအရာ
    မိမိနှင့် သဘောချင်း မတိုက်ဆိုင်၍ လိုလားမှု မရှိကြောင်းကို ပြသော အမှုအရာ
    reject
    နာမ်

    ဂေါင်းချ

    [ɡèàɪ́ɴɕ]
    ၁၊ သီရေ။ ၂၊ အိပ်ရေ။ ချွတ်ခြုံကျရေ။ ဖွဲရာကျစရာ ကြမ်းမဟိဖြစ်ကေ ။ အဂေါင်းချဖို့စွာကို အခြီသိရေ (ပုံ)
    ၁၊ သေသည်။ ၂၊ အိပ်သည်။ ချွတ်ခြုံကျသည်။ ဆင်းရဲမွဲတေစရာ ကြမ်းမဟိဖြစ်ကေ ။ အဂေါင်းချဖို့စွာကို အခြီသိရေ (ပုံ)
    die-sleep
    ကြိယာ

    ဂေါင်းချင်းခိုက်

    [ɡèàɪ́ɴɕɪ́ɴkʰaɪʔ]
    အရီးကြီးရေ ကိစ္စတိကို နှီးနှောလက်သပ်သည်
    အရေးကြီးသော ကိစ္စများကို နှီးနှောတိုင်ပင်သည်
    consult
    ကြိယာ

    ဂေါင်းချင်းဆိုင်

    [ɡèàɪ́ɴɕɪ́ɴsʰàɪɴ]
    ၁၊ လူများ မကြားသိရယောင် တိန်း နှီးနှော လက်သပ်ရေ။ ၂၊ အဂေါင်းချင်း ဆုံသည်
    ၁၊ သူတစ်ပါး မကြားသိရအောင် တိတ်ဆိတ် နှီးနှော တိုင်ပင်သည်။ ၂၊ ဦးခေါင်းချင်း ဆုံသည်
    consult
    ကြိယာ

    ဂေါင်းချင်းဆိုင်၂

    [ɡèàɪ́ɴɕɪ́ɴsʰàɪɴ၂]
    ၁၊ လူများ မကြားသိရယောင် တိန်း နှီးနှော လက်သပ်ရေ။ ၂၊ အဂေါင်းချင်း ဆုံသည်
    ၁၊ သူတစ်ပါး မကြားသိရအောင် တိတ်ဆိတ် နှီးနှော တိုင်ပင်သည်။ ၂၊ ဦးခေါင်းချင်း ဆုံသည်
    consult
    ကြိယာဝိသေသန

    ဂေါင်းချင်းတိုက်

    [ɡèàɪ́ɴɕɪ́ɴtaɪʔ]
    အရီးကြီးရေ ကိစ္စတိကို နှီးနှောလက်သပ်သည်
    အရေးကြီးသော ကိစ္စများကို နှီးနှောတိုင်ပင်သည်
    consult
    ကြိယာ

    ဂေါင်းချင်းပူး

    [ɡèàɪ́ɴɕɪ́ɴpùး]
    ၁၊ လူများ မကြားသိရယောင် တိန်း နှီးနှောလက်သပ်ရေ။ ၂၊ အဂေါင်းချင်းဆုံသည်
    ၁၊ သူတစ်ပါး မကြားသိရအောင် တိတ်ဆိတ် နှီးနှောတိုင်ပင်သည်။ ၂၊ ဦးခေါင်းချင်းဆုံသည်
    consult
    ကြိယာ

    ဂေါင်းချင်းပူး၂

    [ɡèàɪ́ɴɕɪ́ɴpùး၂]
    မျက်နှာချင်း ဆိုင်ဗျာယ်။ အဂေါင်းချင်း ပူးကပ်ပြီးကေ
    မျက်နှာချင်း ဆိုင်လျက်။ ဦးခေါင်းချင်း ပူးကပ်လျက်
    face to face
    ကြိယာဝိသေသန

    ဂေါင်းချင်းရိုက်

    [ɡèàɪ́ɴɕɪ́ɴɹaɪʔ]
    အရီးကြီးရေ ကိစ္စတိကို နှီးနှောလက်သပ်သည်
    အရေးကြီးသော ကိစ္စများကို နှီးနှောတိုင်ပင်သည်
    consult
    ကြိယာ

    ဂေါင်းချုပ်

    [ɡèàɪ́ɴɕoʊʔ]
    ဦးဂေါင်းတလုံးသာ လုံသည့် ဆောင်းစရာတမျိုး။ မက္ကလာ
    ဦးခေါင်းတစ်လုံးသာ လုံသည့် ဆောင်းစရာတစ်မျိုး။ ခမောက်
    helmet
    နာမ်

    ဂေါင်းချွန်း

    [ɡèàɪ́ɴɕʊ́ɴ]
    ၁၊ အဂေါင်းရှည်သော သူ။ ၂၊ အထက်ကို ချွန်တက်နိန်ရေ ဆောင်းစရာ တမျိုး
    ၁၊ ဦးခေါင်းရှည်သော သူ။ ၂၊ အထက်သို့ ချွန်တက်နေသော ဆောင်းစရာ တစ်မျိုး
    helmet
    နာမ်

    ဂေါင်းခွံ

    [ɡèàɪ́ɴkʰwံ]
    ဝဏှောက်ကို ကာကွယ်ထားရေ့ မာလာခွံ
    ဦးနှောက်ကို ကာကွယ်ထားသည့် ဦးခေါင်းခွံ
    cranium
    နာမ်

    ဂေါင်းစဉ်

    [ɡèàɪ́ɴsɪ̀ɴ]
    ၁၊ အက္ခရာရို့ကို ဟိနီာက် စဉ်ထားရေ အစိုင်။ ၂၊ မာတိကာ
    ၁၊ အက္ခရာတို့ကို ရှေ့နောက် စဉ်ထားသော အစဉ်။ ၂၊ မာတိကာ
    content
    နာမ်

    ဂေါင်းစိ.

    [ɡèàɪ́ɴsì.]
    ၁၊ အစွန်းနှစ်ဖက်လုံး (အတိုအရှည်မဟိ) ညီမျှရေ။ ၂၊ သိပ်သည်းကျန်သည်
    ၁၊ အစွန်းနှစ်ဖက်လုံး (အတိုအရှည်မရှိ) ညီမျှသည်။ ၂၊ သိပ်သည်းကျန်သည်
    equal
    ကြိယာ

    ဂေါင်းစီး

    [ɡèàɪ́ɴsï]
    စာ အရီးအသား၌ (ဝတ္တု၊ ဆောင်းပါးစစွာကို) တပ်ထားရေ ဂေါင်းစိုင်အမည်။ အမည်နာမကို ဖေါ်ထုတ်ပြရေ။ ခေါင်းတပ်သည်
    စာ အရေးအသား၌ (ဝတ္တု၊ ဆောင်းပါးစသည်ကို) တပ်ထားသော ခေါင်းစဉ်အမည်။ အမည်နာမကို ဖေါ်ထုတ်ပြသည်။ ခေါင်းတပ်သည်
    entitle
    နာမ်

    ဂေါင်းစီးဦးကိုင်

    [ɡèàɪ́ɴsïʔúkàɪɴ]
    တခုတရီသော လုပ်ငန်းတခုခုကို အကြီးအကဲအဖြစ် တာဝန်ခံ၍ လုပ်ကိုင်သူ။ ဦးစီးဆောင်ရွက်၍ လုပ်ကိုင်သူ
    တစ်စုံတစ်ခုသော လုပ်ငန်းတစ်ခုခုကို အကြီးအကဲအဖြစ် တာဝန်ခံ၍ လုပ်ကိုင်သူ။ ဦးစီးဆောင်ရွက်၍ လုပ်ကိုင်သူ
    captain
    နာမ်

    ဂေါင်းစွပ်

    [ɡèàɪ́ɴswaʔ]
    ၁၊ (ဆောင်းလအခါ) မျက်နှာကို ဖွင့်ထားပနာ အဂေါင်းမှ လည်သို့ရောက်ယောင် စွပ်ထားရေ ဆောင်းဝတ်အင်္ကျီ (ဂေါင်းစွပ်တမျိုး)။ ၂၊ အဂေါင်း၌ ဗြုန်းခနဲ မထိရယောင် စွပ်ထားရေ အကာအကွယ်။ ၃၊ သခိုး၊ ဒါးမြများ လူကို မမှတ်မိရယောင် ရုပ်ဖျောက် စွပ်ထားရေ အရာ
    ၁၊ (ဆောင်းလအခါ) မျက်နှာကို ဖွင့်ထား၍ ဦးခေါင်းမှ လည်သို့ရောက်အောင် စွပ်ထားသော အနွေးထည် (ဂေါင်းစွပ်တစ်မျိုး)။ ၂၊ ဦးခေါင်း၌ ရုတ်တရက် မထိရအောင် စွပ်ထားသော အကာအကွယ်။ ၃၊ သူခိုး၊ ဒါးမြများ လူကို မမှတ်မိရအောင် ရုပ်ဖျောက် စွပ်ထားသော အရာ
    hood
    နာမ်