Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 694 words

    ဂ

    ဂေါင်းဆတ်

    [ɡèàɪ́ɴsʰaʔ]
    မာန်ပါလွယ်ရေ။ စိတ်ဆတ်သည်
    စိတ်ဆိုးလွယ်သည်။ စိတ်ဆတ်သည်
    sensitive
    ကြိယာ

    ဂေါင်းဆီး

    [ɡèàɪ́ɴsʰï]
    မင်္ဂလာအတွက်ရာ တရော် ကင်ပွန်း အစဟိစွာရို့နန့် အဂေါင်း ဆီးလျော်သည်
    မင်္ဂလာအလို့ငှာ တရော် ကင်ပွန်း စသည်တို့ဖြင့် ဦးခေါင်း ဆေးလျော်သည်
    hair wash
    ကြိယာ

    ဂေါင်းဆုံးနပြုံး

    [ɡèàɪ́ɴsʰóʊɴnpɹóʊɴ]
    ကိုယ်ခန္ဓာ တခုလုံးအနိန်နန့်။ တကိုယ်လုံးအနိန်နန့်။ အဂေါင်းမှ ခြီဖျားထိတောင်
    ကိုယ်ခန္ဓာ တစ်ခုလုံးအားဖြင့်။ တစ်ကိုယ်လုံးအားဖြင့်။ ဦးခေါင်းမှ ခြေဖျားတိုင်အောင်
    body
    ကြိယာဝိသေသန

    ဂေါင်းဆောင်

    [ɡèàɪ́ɴsʰàʊɴ]
    ဦးဆောင်လမ်းပြ။ အကြီးအကဲ
    ဦးဆောင်လမ်းပြ။ အကြီးအကဲ
    lead
    နာမ်

    ဂေါင်းဆောင်း

    [ɡèàɪ́ɴsʰáʊɴ]
    အဂေါင်းကို ဆောင်းမိုးထားရေ အရာ
    ဦးခေါင်းကို ဆောင်းမိုးထားသော အရာ
    helmet
    နာမ်

    ဂေါင်းညိတ်

    [ɡèàɪ́ɴɲeɪʔ]
    သဖောတူညီကြောင်းကို ပြရေ။ ဂေါင်းတော်ညိတ်၊ စိတ်တော်သိ (ပုံ)
    သဘော တူညီကြောင်းကို ပြသည်။ ဂေါင်းတော်ညိတ်၊ စိတ်တော်သိ (ပုံ)
    acquiesce
    ကြိယာ

    ဂေါင်းညိတ်၂

    [ɡèàɪ́ɴɲeɪʔ၂]
    သဘောတူညီကြောင်းကို ပြသော အမူအရာ
    သဘောတူညီကြောင်းကို ပြသော အမူအရာ
    acquiesce
    နာမ်

    ဂေါင်းညီး

    [ɡèàɪ́ɴɲï]
    ၁၊ အဂေါင်း မူးဝေရေ။ အဂေါင်းထဲ မကြည်မလင်ဖြစ်ပြီးကေ ရီဝေ မှုန်မှိုင်းဗျာယ် ကိုယ်ကို မဆောက်တည် နှိုင်ယောင်ဖြစ်တေ။ ၂၊ (ဥပစါ) စိတ်ခြူရေ။ စိတ်မာ အနှောင့်အယှက် ဟိရေ
    ၁၊ ဦးခေါင်း မူးဝေသည်။ ဦးခေါင်းထဲ မကြည်မလင်ဖြစ်ပြီး ရီဝေ မှုန်မှိုင်းလျက် ကိုယ်ကို မဆောက်တည် နိုင်အောင်ဖြစ်သည်။ ၂၊ (ဥပစါ) စိတ်ရှုပ်သည်။ စိတ်တွင် အနှောင့်အယှက် ရှိသည်
    confuse
    ကြိယာ

    ဂေါင်းတင်

    [ɡèàɪ́ɴtɪ̀ɴ]
    ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်၊ ငါး စစွာကို အဂေါင်းထက်တင်ပနာ လှည့်လည်ရောင်းချ အသက်မွီးသော သူ
    ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်၊ ငါး စသည်ကို ဦးခေါင်းထက်တင်၍ လှည့်လည်ရောင်းချ အသက်မွေးသော သူ
    hawker
    နာမ်

    ဂေါင်းတည်ခံ

    [ɡèàɪ́ɴtɛ̀kʰံ]
    သတ္တိကောင်းစွာနန့် နောက်မဆုတ်ပဲ ကြံ့ကြံ့ခံပြီးကေ။ ဟိဆိုင် ရပ်တည်မူဗျာယ်
    သတ္တိရှိစွာဖြင့် နောက်မဆုတ်ပဲ ကြံ့ကြံ့ခံလျက်။ မျက်နှာချင်းဆိုင် ရပ်တည်မူလျက်
    face
    ကြိယာဝိသေသန

    ဂေါင်းတည်ပုဒ်

    [ɡèàɪ́ɴtɛ̀poʊʔ]
    အရင်းခံ၍ တည်ထားရေ ဝေါဟာရစကားလုံး။ တည်ပုဒ်
    အရင်းခံ၍ တည်ထားသော ဝေါဟာရစကားလုံး။ တည်ပုဒ်
    vocabulary
    နာမ်

    ဂေါင်းတပ်

    [ɡèàɪ́ɴtaʔ]
    အမည်နာမကို ဖေါ်ထုတ်ရေ။ ရီးမှတ်သည်
    အမည်နာမကို ဖေါ်ထုတ်သည်။ ရေးမှတ်သည်
    note
    ကြိယာ

    ဂေါင်းတိ

    [ɡèàɪ́ɴtì]
    ဟိုဘက်စွန်းဖျား နှင့် ဒေဘက်အစွန်ဖျားချင်း ထိဗျာယ်။ မတိုမရှည် ညီမျှသော အနိန်နန့်
    ထိုဘက်စွန်းဖျား နှင့် ဒီဘက်အစွန်ဖျားချင်း ထိလျက်။ မတိုမရှည် ညီမျှသော အားဖြင့်
    unequal
    ကြိယာဝိသေသန

    ဂေါင်းတိုက်

    [ɡèàɪ́ɴtaɪʔ]
    ၁၊ အဂေါင်းချင်းထိရေ။ အဂေါင်းချင်းဆုံရေ။ ၂၊ အောက်ကျ နောက်ကျခံရေ။ ဂေါင်းတိုက်ပနာ အောက်ကျနောက်ကျ ခံခရေ
    ၁၊ ဦးခေါင်းချင်းထိသည်။ ဦးခေါင်းချင်းဆုံသည်။ ၂၊ အောက်ကျ နောက်ကျခံသည်။ ဂေါင်းတိုက်၍ အောက်ကျနောက်ကျ ခံခဲ့သည်
    confront
    ကြိယာ

    ဂေါင်းတိုက်၂

    [ɡèàɪ́ɴtaɪʔ၂]
    ဟိုဘက်စွန်းဖျားနှင့် ဒေဘက်အစွန်ဖျားချင်း ထိဗျာယ်။ မတိုမရှည် ညီမျှသော အနိန်နန့်
    ထိုဘက်စွန်းဖျားနှင့် ဒီဘက်အစွန်ဖျားချင်း ထိလျက်။ မတိုမရှည် ညီမျှသော အားဖြင့်
    equal
    ကြိယာဝိသေသန

    ဂေါင်းတိုက်ခြီတိုက်

    [ɡèàɪ́ɴtaɪʔkʰɹìtaɪʔ]
    အဝတ်နန့် အဂေါင်းကို ရစ်လွှမ်းဖုံးအုပ်ရေ။ ခေါင်းမြီးခြုံသည်
    အဝတ်ဖြင့် ဦးခေါင်းကို ရစ်လွှမ်းဖုံးအုပ်သည်။ ခေါင်းမြီးခြုံသည်
    purdah
    ကြိယာ

    ဂေါင်းတိုင်း

    [ɡèàɪ́ɴtáɪɴ]
    ၁၊ အဂတိ မလိုက်စားသူ။ သစ္စာဟိသူ။ ၂၊ မလှုပ်မယှားကြံ့ခိုင်ရီးဟိသူ။ တောင့်တင်း မြဲမြံခိုင်ခံ့သူ
    ၁၊ အဂတိ မလိုက်စားသူ။ သစ္စာရှိသူ။ ၂၊ မလှုပ်မရှား ကြံ့ခိုင်ရေးရှိသူ။ တောင့်တင်း မြဲမြံခိုင်ခံ့သူ
    loyal - steady
    နာမ်

    ဂေါင်းတိုင်း၂

    [ɡèàɪ́ɴtáɪɴ၂]
    မလှုပ်မရှား။ မရွေ့မလျား။ ခိုင်မြဲ တည်တံ့စွာ။ တောင့်တင်း နနောင်း ရပ်တည်ဗျာယ်
    မလှုပ်မရှား။ မရွေ့မလျား။ ခိုင်မြဲ တည်တံ့စွာ။ တောင့်တင်း မြဲမြံစွာ ရပ်တည်လျက်
    steady
    ကြိယာဝိသေသန

    ဂေါင်းတုံး

    [ɡèàɪ́ɴtóʊɴ]
    ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားရေ အဂေါင်း။ ခေါင်းတုံး။ ကတုံး။ ဦးပြည်း။ ၂၊ ချောင်း၊ မြောင်းဆုံးရာ အရပ်
    ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသော ဦးခေါင်း။ ခေါင်းတုံး။ ကတုံး။ ဦးပြည်း။ ၂၊ ချောင်း၊ မြောင်းဆုံးရာ အရပ်
    baldness
    နာမ်

    ဂေါင်းတုံး၂

    [ɡèàɪ́ɴtóʊɴ၂]
    သား၊ သမီး၊ မြေး၊ မြစ် အစဟိရေ အမွီစား အမွီခံ အဆက်ပြတ်ရေ။ ဆွေဆက် မျိုးပြတ်သည်
    သား၊ သမီး၊ မြေး၊ မြစ် စသော အမွေစား အမွေခံ အဆက်ပြတ်သည်။ ဆွေဆက် မျိုးပြတ်သည်
    the heir disconnected
    ကြိယာ