Dictionary Entries
Showing 281–300 of 694 words
ဂ
ဂေါင်းတုတ်
[ɡèàɪ́ɴtoʊʔ]
Arakanese:
ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားရေ အဂေါင်း။ ခေါင်းတုံး။ ကတုံး။ ဦးပြည်း
Burmese:
ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသော ဦးခေါင်း။ ခေါင်းတုံး။ ကတုံး။ ဦးပြည်း
English:
baldness
Grammar Note:
နာမ်
ဂေါင်းတောက်
[ɡèàɪ́ɴtɔ́ɛʔ]
Arakanese:
သည်းညိမ့်ခံ စိတ်ဓါတ်မဟိ။ ဒေါသ ဖြစ်လွယ်ရေ။ စိတ် တိုရေ
Burmese:
သည်းညည်းခံ စိတ်ဓါတ်မရှိ။ ဒေါသ ဖြစ်လွယ်သည်။ စိတ် တိုသည်
English:
sensitive
Grammar Note:
ကြိယာ
ဂေါင်းတောင့်
[ɡèàɪ́ɴta̰ʊɴ]
Arakanese:
သူတိကုန်းချော၍ ပြောတိုင်းမယုံခြင်း။ (ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မေါဟဂတိ၊ လားရာဂတိဆိုရေ အဂတိတရားလေးပါး မလိုက်စားခြင်း။ မတရားသနန့် အဆုံးအဖြတ် မပေးခြင်း၊ ဘက်မလိုက်ခြင်းရို့ ဖြစ်တေ။
Burmese:
သူများကုန်းချော၍ ပြောတိုင်းမယုံခြင်း။ (ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မေါဟဂတိ၊ လားရာဂတိဟူသော အဂတိတရားလေးပါး မလိုက်စားခြင်း။ မတရားသဖြင့် အဆုံးအဖြတ် မပေးခြင်း၊ ဘက်မလိုက်ခြင်းတို့ ဖြစ်သည်။
English:
dispassionate
Grammar Note:
ကြိယာ
ဂေါင်းထောင်
[ɡèàɪ́ɴtʰàʊɴ]
Arakanese:
(ဥပစါ) ပြန်ပနာနိုးကြား လှုပ်ယှားမှု ပြုလာရေ။ ပြန်ပနာ တိုးတက် ကြီးပွား ချမ်းသာရေ။ တလှုပ်လှုပ် တရွရွ ပြန်ပနာကြီးပွား လာရေ
Burmese:
(ဥပစါ) ပြန်လည်နိုးကြား လှုပ်ရှားမှု ပြုလာသည်။ ပြန်လည် တိုးတက် ကြီးပွား ချမ်းသာသည်။ တလှုပ်လှုပ် တရွရွ ပြန်လည်ကြီးပွား လာသည်
English:
grant revivalist movement-came barely grew daintily
Grammar Note:
ကြိယာ
ဂေါင်းနပန်းကြီး
[ɡèàɪ́ɴnpáɴt͡ɕï]
Arakanese:
အထိတ်တလန့် စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လှာရေ
Burmese:
အထိတ်တလန့် စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လာသည်
English:
haunt
Grammar Note:
ကြိယာ
ဂေါင်းနားပန်း
[ɡèàɪ́ɴnápáɴ]
Arakanese:
အဂေါင်း ဆံပင်ကို ခြုံ၍ခေါ်သော စကား
Burmese:
ဦးခေါင်း ဆံပင်ကို ခြုံ၍ခေါ်သော စကား
English:
head
Grammar Note:
နာမ်
ဂေါင်းနောက်
[ɡèàɪ́ɴnɔ́ɛʔ]
Arakanese:
စိတ် မရှင်းလင်း ဖြစ်တေ။ စိတ်ဝီခွဲမရ ဖြစ်တေ။ စိတ်နှလုံး မသာမယာဟိရေ
Burmese:
စိတ် မရှင်းလင်း ဖြစ်သည်။ စိတ်ဝေခွဲမရ ဖြစ်သည်။ စိတ်နှလုံး မသာမယာရှိသည်
English:
confuse
Grammar Note:
ကြိယာ
ဂေါင်းပူး
[ɡèàɪ́ɴpùး]
Arakanese:
လူများ မကြားသိရယောင် တတိန်းချေ နှီးနှော လက်သပ်သည်
Burmese:
သူတစ်ပါး မကြားသိရအောင် တိတ်တဆိတ် နှီးနှော တိုင်ပင်သည်
English:
consult
Grammar Note:
ကြိယာ
ဂေါင်းပူးရှိဆိုင်
[ɡèàɪ́ɴpùးʃḭsʰàɪɴ]
Arakanese:
၁၊ မျက်နှာချင်း ဆိုင်ဗျာယ်။ တဦးနှင့်တဦး အပြန်အလှန်။ တူရူ မျက်နှာမူဗျာယ်။ ၂၊ လူချင်း တိုက်ရိုက်တွိဆုံဗျာယ်
Burmese:
၁၊ မျက်နှာချင်း ဆိုင်လျက်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်။ တူရူ မျက်နှာမူလျက်။ ၂၊ လူချင်း တိုက်ရိုက်တွေ့ဆုံလျက်
English:
face to face
Grammar Note:
ကြိယာဝိသေသန
ဂေါင်းပေါင်း
[ɡèàɪ́ɴpèàɪ́ɴ]
Arakanese:
အဂေါင်းကို ရစ်ပတ်စွပ်ရန် ပိုး၊ ဖျင် အစဟိစွာ
Burmese:
ဦးခေါင်းကို ရစ်ပတ်စွပ်ရန် ပိုး၊ ဖျင် စသည်
English:
headband
Grammar Note:
နာမ်
ဂေါင်းပေါင်းစလွန်
[ɡèàɪ́ɴpèàɪ́ɴslʊ̀ɴ]
Arakanese:
ခေါင်းပေါင်း ပေါင်းရာမာ တဖက်အစကို ချန်၍ထားရေ အစွန်း
Burmese:
ခေါင်းပေါင်း ပေါင်းရာတွင် တစ်ဘက်အစကို ချန်၍ထားသော အစွန်း
English:
Post-head
Grammar Note:
နာမ်
ဂေါင်းပေါင်းစလွန်ထူ
[ɡèàɪ́ɴpèàɪ́ɴslʊ̀ɴtʰù]
Arakanese:
ခေါင်းပေါင်း ပေါင်းရာမာ တဖက်အစကို အထက်ကို ထောင်ထားရေ
Burmese:
ခေါင်းပေါင်း ပေါင်းရာတွင် တစ်ဘက်အစကို အထက်သို့ ထောင်ထားသည်
English:
Post-head
Grammar Note:
ကြိယာ
ဂေါင်းပေါင်းစလွန်ထူ၂
[ɡèàɪ́ɴpèàɪ́ɴslʊ̀ɴtʰù၂]
Arakanese:
(ဥပစါ) ၁၊ ပလွှားပြောဆိုရေ။ စိတ်နိန်မြင့်ရေ။ ကိုယ့်ကိုယ်ကို ပိုလွန် အထက်ကြီးရေ။ ၂၊ စိတ်နီမြင့်ရေ။ သွီးကြီးရေ။ မာနတက်ရေ
Burmese:
(ဥပစါ) ၁၊ ပလွှားပြောဆိုသည်။ စိတ်ကြီးဝင်သည်။ မိမိကိုယ်ကို ပိုလွန် အထက်ကြီးသည်။ ၂၊ စိတ်နေမြင့်သည်။ သွေးကြီးသည်။ မာနတက်သည်
English:
conceited-pride
Grammar Note:
ကြိယာ
ဂေါင်းပေါင်းစွန်
[ɡèàɪ́ɴpèàɪ́ɴsʊ̀ɴ]
Arakanese:
ခေါင်းပေါင်း ပေါင်းရာမာ တဖက်အစကို ချန်၍ထားရေ အစွန်း
Burmese:
ခေါင်းပေါင်း ပေါင်းရာတွင် တစ်ဘက်အစကို ချန်၍ထားသော အစွန်း
English:
Post-head
Grammar Note:
နာမ်
ဂေါင်းပြတ်
[ɡèàɪ́ɴpɹaʔ]
Arakanese:
(ဥပစါ) အဆက်အသွယ် ပြတ်သည်
Burmese:
(ဥပစါ) အဆက်အသွယ် ပြတ်သည်
English:
disconnect
Grammar Note:
နာမ်
ဂေါင်းပြူ
[ɡèàɪ́ɴpɹù]
Arakanese:
ရန်ပြုရေ။ ရန်မူသည်
Burmese:
ရန်ပြုသည်။ ရန်မူသည်
English:
touchy
Grammar Note:
ကြိယာ
ဂေါင်းပြောင်
[ɡèàɪ́ɴpɹàʊɴ]
Arakanese:
၁၊ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားရေ အဂေါင်း။ ခေါင်းတုံး။ ကတုံး။ ၂၊ (ဥပစါ) သူတိတိုင်းထံမာ အဆဲအဆို အပြောအဆို ခံရများသူ။ မင်းက လူတိပါးမာ အဆူခံမား ဂေါင်းကျင်းနီ ဗျာလ်
Burmese:
၁၊ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသော ဦးခေါင်း။ ခေါင်းတုံး။ ကတုံး။ ၂၊ (ဥပစါ) သူများတကာထံတွင် အဆဲအဆို အပြောအဆို ခံရများသူ။ မင်းက လူတိပါးမှာ အဆဲခံတွင်း ဂေါင်းကျင်းနီ ဗျာလ်
English:
baldness
Grammar Note:
နာမ်
ဂေါင်းပွ
[ɡèàɪ́ɴpw]
Arakanese:
လုပ်ငန်းတာဝန်တိ ပြီးစီးလှားရေ။ တာဝန် ကင်းသည်
Burmese:
လုပ်ငန်းတာဝန်များ ပြီးစီးသွားသည်။ တာဝန် ကင်းသည်
English:
accomplishment
Grammar Note:
ကြိယာ
ဂေါင်းပွ၂
[ɡèàɪ́ɴpw၂]
Arakanese:
စိတ်ထား မတည်မကြည် ဖြစ်တေ။ စိတ်ဖေါက်ပြန်ရေ
Burmese:
စိတ်ထား မတည်မကြည် ဖြစ်သည်။ စိတ်ဖေါက်ပြန်သည်
English:
deranged
Grammar Note:
ကြိယာ
ဂေါင်းဖယ်
[ɡèàɪ́ɴpʰɛ̀]
Arakanese:
တာဝန် ဝတ္တရားမှ ရှောင်သည်
Burmese:
တာဝန် ဝတ္တရားမှ ရှောင်သည်
English:
disown
Grammar Note:
ကြိယာ