Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 694 words

    ဂ

    ဂေါင်းဖြတ်

    [ɡèàɪ́ɴpʰɹaʔ]
    စပါးအစဟိစွာ့၌ မလိုအပ်ရေ အမှုန်အမှိုက်ရို့ကို လေနန့် လွင့်စင်အောင် ပြုရာမာ အဖျင်း၊ အမှော်နှင့် အကောင်းကို တသီးတသန့်စီ ခွဲခြားရေ
    စပါးစသည့်၌ မလိုအပ်သော အမှုန်အမှိုက်တို့ကို လေဖြင့် လွင့်စင်အောင် ပြုရာတွင် အဖျင်း၊ အမှော်နှင့် အကောင်းကို တသီးတသန့်စီ ခွဲခြားသည်
    chaff and distinguish magic
    ကြိယာ

    ဂေါင်းဖြတ်၂

    [ɡèàɪ́ɴpʰɹaʔ၂]
    လူများလုပ်အားကို ရရေနည်းနန့် မတရား ဖြတ်ကောက်စားသည်
    သူတစ်ပါးလုပ်အားကို ရသည့်နည်းဖြင့် မတရား ဖြတ်ကောက်စားသည်
    the labor to pick the arbitrary cut
    ကြိယာ

    ဂေါင်းဖြတ်ကစပ်တမ်း

    [ɡèàɪ́ɴpʰɹaʔksaʔtáɴ]
    ကစပ်နည်း တမျိုး။ ကချေတိ ပဲစိ၊ မန်ကျည်းစိ၊ ခုံညင်းအစဟိရေ တခုခုကို စီတန်းထားကာ ကျောက်ပြား၊ သံပြား၊ ကြီးပြားအစဟိရေ တခုခုနန့် ခေါင်ပုံကို ထိမှန်ယောင်ပစ်ပြီးကေ ခေါင်ပုံကို ထိမှန်ကေ အပုံအားလုံးကို ရဟိစီသည့် ကစပ်နည်း တမျိုး။ (ဂေါင်းပုံဖြတ် ကစပ်တမ်း၊ ခ
    ကစားနည်း တစ်မျိုး။ ကလေးများ ပဲစေ့၊ မန်ကျည်းစေ့၊ ခုံညင်းစသော တစ်ခုခုကို စီတန်းထားကာ ကျောက်ပြား၊ သံပြား၊ ကြေးပြားစသော တစ်ခုခုဖြင့် ခေါင်ပုံကို ထိမှန်အောင်ပစ်၍ ခေါင်ပုံကို ထိမှန်လျှင် အပုံအားလုံးကို ရရှိစေသည့် ကစားနည်း တစ်မျိုး။ (ဂေါင်းပုံဖြတ် ကစပ်တမ်း၊ ခ
    game
    နာမ်

    ဂေါင်းဖြတ်စွာဖြတ်

    [ɡèàɪ́ɴpʰɹaʔswàpʰɹaʔ]
    လူများ လုပ်အားခကို ရရေနည်းနန့် မတရားလျှပ်စား၊ ဖြတ်စားလုပ်ရေ။ လူတိ၏ ကြိုးစားမှုကြောင့် ဖြစ်ပေါ်လှာသော အကျိုး၊ ရပိုင်ခွင့်စစွာကို မတရားနည်းနန့် ဖြတ်တောက် သုံးစွဲရေ။ လူတိ၏ လုပ်အားခကို ရရေပိုင် ဖြတ်တောက်၍ စားသည်
    သူတစ်ပါး လုပ်အားခကို ရသည့်နည်းဖြင့် မတရားလျှပ်စား၊ ဖြတ်စားလုပ်သည်။ သူတစ်ပါး၏ ကြိုးစားမှုကြောင့် ဖြစ်ပေါ်လာသော အကျိုး၊ ရပိုင်ခွင့်စသည်ကို မတရားနည်းဖြင့် ဖြတ်တောက် သုံးစွဲသည်။ သူတစ်ပါး၏ လုပ်အားခကို ရသလို ဖြတ်တောက်၍ စားသည်
    the labor to pick the arbitrary cut
    ကြိယာ

    ဂေါင်းဖြီး

    [ɡèàɪ́ɴpʰɹï]
    ၁၊ ဆံပင်ကို ဘီးနန့် ရှင်းလင်းအောင် ပြုရေ။ သန့်ပြန် စင်ကြယ်အောင် ပြုရေ။ ၂၊ (ဥပစါ) အစစအရာရာ တာဝန် ကင်းယှင်းရေ
    ၁၊ ဆံပင်ကို ဘီးဖြင့် ရှင်းလင်းအောင် ပြုသည်။ သန့်ပြန် စင်ကြယ်အောင် ပြုသည်။ ၂၊ (ဥပစါ) အစစအရာရာ တာဝန် ကင်းရှင်းသည်
    comb
    ကြိယာ

    ဂေါင်းဖြူ

    [ɡèàɪ́ɴpʰɹù]
    ဖြူသောဆံပင် ဟိရေ
    ဖြူသောဆံပင် ရှိသော
    white hair
    နာမဝိသေသန

    ဂေါင်းဖြူ၂

    [ɡèàɪ́ɴpʰɹù၂]
    ဖြူသောဆံပင်ဟိရေ သူ။ ဖြူသောဆံပင် ဟိရေ အဂေါင်း
    ဖြူသောဆံပင်ရှိသော သူ။ ဖြူသောဆံပင် ရှိသော ဦးခေါင်း
    white hair
    နာမ်

    ဂေါင်းဖြူပိုး

    [ɡèàɪ́ɴpʰɹùpó]
    စပါးရွက်တိကို စားသော ပိုးတမျိုး။ (ယင်းပိုးကျလျင် စပါးပင်တိအားလုံး ဖြူ၍ လားရေ။ ညွန်ပိုး၊ ညွန်ပိုးဖြူ၊ ညွန်ဖြူပိုး အစဟိစွာနန့် ဒေသအလိုက် ခေါ်ဝေါ်ကတ်တေ
    စပါးရွက်များကို စားသော ပိုးတစ်မျိုး။ (ယင်းပိုးကျလျင် စပါးပင်များအားလုံး ဖြူ၍ သွားသည်။ ညွန်ပိုး၊ ညွန်ပိုးဖြူ၊ ညွန်ဖြူပိုး စသည်ဖြင့် ဒေသအလိုက် ခေါ်ဝေါ်ကြသည်
    corn leaf beetle
    နာမ်

    ဂေါင်းမာ

    [ɡèàɪ́ɴmà]
    ပြောစွမ်းဆိုစွမ်း ဟိရေ။ စွမ်းဆောင်နှိုင်ရေ သတ္တိကောင်းရေ။ အစစအရာရာမာ ဝင်ကန်ရေ။ အကြံစွမ်း၊ ဉာဏ်စွမ်းပေစွမ်း နှိုင်ရေ
    ပြောစွမ်းဆိုစွမ်း ရှိသည်။ စွမ်းဆောင်နိုင်သော သတ္တိရှိသည်။ အစစအရာရာတွင် ဝင်ဆံ့သည်။ အကြံစွမ်း၊ ဉာဏ်စွမ်းပေစွမ်း နိုင်သည်
    advisory capacity
    ကြိယာ

    ဂေါင်းမူး

    [ɡèàɪ́ɴmùး]
    အဂေါင်းထဲမာ ရီဝေမှုန်မှိုင်း၍ ကိုယ်ကို မဆောက်တည် နှိုင်ယောင် ဖြစ်တေ
    ဦးခေါင်းထဲ၌ ရီဝေမှုန်မှိုင်း၍ ကိုယ်ကို မဆောက်တည် နိုင်အောင် ဖြစ်သည်
    woozy
    ကြိယာ

    ဂေါင်းယှင်း

    [ɡèàɪ́ɴʃɪ́ɴ]
    ၁၊ စိတ်ကြည်လင်ရေ။ စိတ်အနှောက်အယှက် မဟိဖြစ်တေ။ ၂၊ တာဝန်ဝတ္တရားမှ ရွတ်မြောက်သည်
    ၁၊ စိတ်ကြည်လင်သည်။ စိတ်အနှောက်အယှက် မရှိဖြစ်သည်။ ၂၊ တာဝန်ဝတ္တရားမှ လွတ်ကင်းသည်
    unbothered
    ကြိယာ

    ဂေါင်းယှုပ်

    [ɡèàɪ́ɴʃoʊʔ]
    ၁၊ စိတ်မာ နှောင့်ယှက် ဟန့်ထားမှု ဟိရေ။ ၂၊ အမှုတိ အမျိုးမျိုးအထွီထွီ ရောဝင်ဗလဗွီသတ် နိန်ရေ။ ၃၊ ဇာလုပ်ရမှန်း မကြံတတ် ဖြစ်တေ။ စိတ်ကူး တွေးခေါ်ပနာမရ အခက်အခဲ တွိရေ
    ၁၊ စိတ်တွင် နှောင့်ယှက် ဟန့်ထားမှု ရှိသည်။ ၂၊ အမှုတွေ အမျိုးမျိုးအထွေထွေ ရောဝင်ရှုပ်ထွေး နေသည်။ ၃၊ ဘာလုပ်ရမှန်း မကြံတတ် ဖြစ်သည်။ စိတ်ကူး တွေးတော၍မရ အခက်အခဲ တွေ့သည်
    confuse-bother
    ကြိယာ

    ဂေါင်းယှောင်

    [ɡèàɪ́ɴʃàʊɴ]
    တာဝန်ဝတ္တရားမှ တိမ်းရှောင်သည်
    တာဝန်ဝတ္တရားမှ ရှောင်တိမ်းသည်
    irresponsible
    ကြိယာ

    ဂေါင်းရင်း

    [ɡèàɪ́ɴɹɪ́ɴ]
    အိပ်ရေအခါ အဂေါင်းထားရာ အရပ်
    အိပ်သည့်အခါ ဦးခေါင်းထားရာ အရပ်
    East
    နာမ်

    ဂေါင်းရိတ်

    [ɡèàɪ́ɴɹeɪʔ]
    ၁၊ ဆံပင်ကို ရိတ်ရေ။ ၂၊ (ဥပစါ) လူများ ပင်ပန်းခကို ကိုယ်တိုင်မလုပ်မကိုင်ပဲ ဖြတ်ယူ စားသောက်ရီ။ ခေါင်းပုံဖြတ်ရေ။ လူတိ၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လှာသော အကျိုး၊ ရပိုင်ခွင့်စစွာကို မတရားနည်းနန့် ဖြတ်တောက်စားသည်
    ၁၊ ဆံပင်ကို ရိတ်သည်။ ၂၊ (ဥပစါ) သူတစ်ပါး ပင်ပန်းခကို ကိုယ်တိုင်မလုပ်မကိုင်ပဲ ဖြတ်ယူ စားသောက်သည်။ ခေါင်းပုံဖြတ်သည်။ သူတစ်ပါး၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုး၊ ရပိုင်ခွင့်စသည်ကို မတရားနည်းဖြင့် ဖြတ်တောက်စားသည်
    the labor to pick the arbitrary cut
    ကြိယာ

    ဂေါင်းရိုင်

    [ɡèàɪ́ɴɹàɪɴ]
    အဂေါင်းထဲမာ ရီဝေမှုန်မှိုင်း၍ ကိုယ်ကို မဆောက်တည် နှိုင်ယောင် ဖြစ်တေ။ ၂၊ (အဂေါင်း) ချာလပတ်လည်တမျှ ဖြစ်တေ။ ဒယီးဒယိုင် ဖြစ်တေ
    ဦးခေါင်းထဲ၌ ရီဝေမှုန်မှိုင်း၍ ကိုယ်ကို မဆောက်တည် နိုင်အောင် ဖြစ်သည်။ ၂၊ (ဦးခေါင်း) ချာချာလည်တမျှ ဖြစ်သည်။ ဒယီးဒယိုင် ဖြစ်သည်
    woozy
    ကြိယာ

    ဂေါင်းရွက်စျီးသည်

    [ɡèàɪ́ɴɹwɛʔsrïθɛ̀]
    ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဟင်းသီးဟင်းရွက်၊ ငါး အစဟိစွာ ပစီကရာ ပါးပါးချေ့တိုကို အဂေါင်းနန့် ပင်ဖြစ်ဖြစ်၊ ပက်ခုံးနန့် ပင်ဖြစ်ဖြစ် ထမ်းရွက်၍ လှည့်လည်ရောင်းချခြင်း၊ ဈီးနံချင်းပြိုင်မြီထက်မာ ရောင်းချခြင်းရို့နန့် အသက်မွီးသော သူ
    ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဟင်းသီးဟင်းရွက်၊ ငါး စသည် တိုလီမိုလီ အသေးအဖွဲ့တိုကို ဦးခေါင်းဖြင့် လည်းကောင်း၊ ပခုံးဖြင့် လည်းကောင်း ထမ်းရွက်၍ လှည့်လည်ရောင်းချခြင်း၊ ဈေးနံဘေးမြေပေါ်တွင် ရောင်းချခြင်းတို့ဖြင့် အသက်မွေးသော သူ
    huckster
    နာမ်

    ဂေါင်းလယော်

    [ɡèàɪ́ɴljɔ̀]
    ဆံပင်၊ အဂေါင်းရို့ကို တရော်၊ ကင်ပွန်းရည် အစဟိစွာရို့နန့် ဆီးလျှော်သည်
    ဆံပင်၊ ဦးခေါင်းတို့ကို တရော်၊ ကင်ပွန်းရည် စသည်တို့ဖြင့် ဆေးလျှော်သည်
    wash hair
    ကြိယာ

    ဂေါင်းလီး

    [ɡèàɪ́ɴlï]
    ၁၊ တမျိုးမျိုးသော ဝေဒနာကြောင့် အဂေါင်းကို ထူမရနှိုင်ယောင် ဖြစ်တေ။ ၂၊ အလုပ်ကိစ္စ တခုခုကြောင့် စိတ်ထဲမာ စိုးရိမ်မှု ဖြစ်ပေါ်လှာရေ
    ၁၊ တစ်မျိုးမျိုးသော ဝေဒနာကြောင့် ဦးခေါင်းကို ထူမရနိုင်အောင် ဖြစ်သည်။ ၂၊ အလုပ်ကိစ္စ တစ်ခုခုကြောင့် စိတ်ထဲတွင် စိုးရိမ်မှု ဖြစ်ပေါ်လာသည်
    headache-distrubing
    ကြိယာ

    ဂေါင်းလှုပ်စွာလှုပ်

    [ɡèàɪ́ɴɬoʊʔswàɬoʊʔ]
    ၁၊ မထီလေးစား။ လေးစား ရိုသီခြင်းမဟိဘဲ။ ပမာမထားပဲ။ ၂၊ ဝင့်ဝါပလွှား ဂုဏ်ထုတ်ဗျာယ်။ ၃၊ နီရာတိုင်းမာ ဩဇာလွှမ်းမိုး ခြယ်လှယ်ကာ ပါဝင်အစွမ်းပြ စွက်ဖက်ဗျာယ်
    ၁၊ မထီလေးစား။ လေးစား ရိုသေခြင်းမရှိပဲ။ ပမာမထားပဲ။ ၂၊ ဝင့်ဝါပလွှား ဂုဏ်ထုတ်လျက်။ ၃၊ နေရာတကာတွင် ဩဇာလွှမ်းမိုး ခြယ်လှယ်ကာ ပါဝင်အစွမ်းပြ စွက်ဖက်လျက်
    contemn
    ကြိယာဝိသေသန