Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 694 words

    ဂ

    ဂေါလုပ်၂

    [ɡèàloʊʔ၂]
    ၁၊ ကိုယ့် အစွမ်းအစ ဂုဏ်ပကာသနကို ဖွင့်ထုတ် ကြွားဝင့်ဗျာယ်။ နီရာများစွာမာ သြဇာလွမ်းမိုး ခြယ်လှယ်ပါဝင် အစွမ်းပြ စွက်ဖက်ဗျာယ်။ ၂၊ လူစွမ်းကောင်းအနေနန့် ပြုမှုကျင့်သုံးနီခြင်း
    ၁၊ မိမိ၏ အစွမ်းအစ ဂုဏ်ပကာသနကို ဖွင့်ထုတ် ကြွားဝင့်လျက်။ နေရာများစွာတွင် သြဇာလွမ်းမိုး ခြယ်လှယ်ပါဝင် အစွမ်းပြ စွက်ဖက်လျက်။ ၂၊ လူစွမ်းကောင်းအနေဖြင့် ပြုမှုကျင့်သုံးနေခြင်း
    brag
    နာမ်

    ဂေါ်တူ

    [ɡɔ̀tù]
    ၁၊ ကြီးရေ၊ ၂၊ မြင့်မောက်သော
    ၁၊ ကြီးသော၊ ၂၊ မြင့်မောက်သော
    large-ridge
    နာမဝိသေသန

    ဂေါ်တူ၂

    [ɡɔ̀tù၂]
    ၁၊ ပင်လယ်ကူး ရွက်လှီကြီးတမျိုး။ ၂၊ ဟိးရက္ခိုင်မင်းရို့ ရီကြောင်းစစ်ချီရာမာ အသုံးပြုရေ လောင်း။ တိုက်လှီ။ မောက်ကတူးပေ၊ ဂေါ်တူလောင်းကို၊ ကျော်ထွေးကြွီးဟစ်၊ ပြောင်းနှင့်ပစ်သော် (ရခိုင်ကာ)။ ရွှီလှီရွှီလောင်း၊ တိုက်လှီပေါင်းနှင့်၊ ဆောင်းဆောင်းမြင့်မူ၊ ဂေါ်တူဟ
    ၁၊ ပင်လယ်ကူး ရွက်လှေကြီးတစ်မျိုး။ ၂၊ ရှေးရခိုင်မင်းတို့ ရေကြောင်းစစ်ချီရာတွင် အသုံးပြုသော လှေ။ တိုက်လှေ။ မောက်ကတူးပေ၊ ဂေါ်တူလှေကို၊ ကျော်ထွေးကြွေးဟစ်၊ ပြောင်းနှင့်ပစ်သော် (ရခိုင်ကာ)။ ရွှေလှီရွှေလောင်း၊ တိုက်လှီပေါင်းနှင့်၊ ဆောင်းဆောင်းမြင့်မူ၊ ဂေါ်တူဟ
    Boat-yacht
    နာမ်

    ဂေါ်တူဘင်ဂါ

    [ɡɔ̀tùbʱɪ̀ɴɡà]
    စစ်တွေမြို့ ဆတ်ရိုးကျချောင်းအထဲ အဂု ဂေါ်တူဘင်္ဂါ ဟု ခေါ်ဟိနီသိမ့်ရေ နီရာ။ အရပ်။ (ဂေါ်တူ + ဘင်္ဂါ= ဂေါ်တူဘင်္ဂါ။ ဂေါ်တူ= ကြီးရေ၊ ဘိန္န-> ဘိန်ဂ-> ဘင်္ဂ-> ဘင်္ဂါ -> ငသတ် ပီပြင်စွာ ထည့်- ကွဲရေ။) ရခိုင်ဝေါဟာရနှင့် ပါဠိပျက်။ ကြီးရေ လောင်းများ ကွဲရာ အရပ်
    စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ယခု ဂေါ်တူဘင်္ဂါ ဟု ခေါ်ရှိနေသေးသော နေရာ။ အရပ်။ (ဂေါ်တူ + ဘင်္ဂါ= ဂေါ်တူဘင်္ဂါ။ ဂေါ်တူ= ကြီးသော၊ ဘိန္န-> ဘိန်ဂ-> ဘင်္ဂ-> ဘင်္ဂါ -> ငသတ် ပီပြင်စွာ ထည့်- ကွဲသည်။) ရခိုင်ဝေါဟာရနှင့် ပါဠိပျက်။ ကြီးသော လှေများ ကွဲရာ အရပ်
    the walls in the creek
    နာမ်

    ဂေါ်တော်ပလ္လင်

    [ɡɔ̀tɔ̀pl္lɪ̀ɴ]
    ရခိုင်မင်းလက်ထက် စစ်တကောင်းကို ချီစဉ်က တပ်ချ နားနီရာ တပ်စခန်းမြို့တခု၏ အမည်။ အဂုဘင်္ဂလားဒေ့ရှ် ဖသွန်ိတ် ခရိုင် တောင်ပိုင်းမာ ပါဝင်တည်ဟိနိန်ရေ
    ရခိုင်မင်းလက်ထက် စစ်တကောင်းကို ချီစဉ်က တပ်ချ နားနေရာ တပ်စခန်းမြို့တစ်ခု၏ အမည်။ ယခုဘင်္ဂလားဒေ့ရှ် ဖလောင်းချိတ် ခရိုင် တောင်ပိုင်းတွင် ပါဝင်တည်ရှိနေသည်
    camp
    နာမ်

    ဂေါ်ယံသီး

    [ɡɔ̀jံθï]
    ဂေါ်ယိုင်သီး။ ခွတ်ကခွတ်ယင့်၊ ဂေါ်ယံသားမာ၊ ဒါးမဝင် ( ဇမ်း)
    မာလကာသီး။ ခွတ်ကခွတ်ယင့်၊ ဂေါ်ယံသားမှာ၊ ဒါးမဝင် ( ဇမ်း)
    guava fruit
    နာမ်

    ဂေါ်ရာ

    [ɡɔ̀ɹà]
    အမြစ်ပါ ကျွတ်၍ လဲနိန်ရေ အပင်၏ အခက်အလက် အစဟိစွာ
    အမြစ်ပါ ကျွတ်၍ လဲနေသော သစ်ပင်၏ အခက်အလက် စသည်
    root branches of the tree fall
    နာမ်

    ဂေါ်ရိဂေါ်ရာ

    [ɡɔ̀ɹìɡɔ̀ɹà]
    အခက် အလက်နှင့် တကွ အမြစ်ပါ ကျွတ်၍ ကရားကထား ကျိုးပဲ့ပျက်စီးဗျာယ် စနီာင့်စနင်း ဗလဗွီသတ် ဟိနိန်ရေ အနိန်နန့်
    အခက် အလက်နှင့် တကွ အမြစ်ပါ ကျွတ်၍ ဖရိုဖရဲ ကျိုးပဲ့ပျက်စီးပြီး စနောင့်စနင်း ရှုပ်ထွေးလျက် ရှိနေသော အားဖြင့်
    damaged branches are broken
    ကြိယာဝိသေသန

    ဂေါ်သဇင်

    [ɡɔ̀θzɪ̀ɴ]
    တော်ဝင်ပန်း အနေနန့် သဇင်ပန်းကို အထူးပြုပနာ ခေါ်သော အမည်။ ဂျီသဝါကြက်ရုံး၊ ဂမုန်းတော်ဝင်၊ ဂေါ်သဇင်အပင်ကြင်း (ပန်းဖွဲ့)
    တော်ဝင်ပန်း အနေဖြင့် သဇင်ပန်းကို အထူးပြု၍ ခေါ်သော အမည်။ ဂျီသဝါကြက်ရုံး၊ ဂမုန်းတော်ဝင်၊ ဂေါ်သဇင်အပင်ကြင်း (ပန်းဖွဲ့)
    Tiger-lady
    နာမ်

    ဂဲမ

    [ɡɛm]
    အခွံ ဆားပြာရောင်မာ အဖြူကွက်ငယ် ပါရေ ပင်လယ်ကဏန်း (ကုလားမသိတ်း) တမျိုး
    အခွံ ဆားပြာရောင်တွင် အဖြူကွက်ငယ် ပါသော ပင်လယ်ကဏန်း (ပုဇွန်လုံး) တစ်မျိုး
    sea crab
    နာမ်

    ဂါ

    [ɡà]
    ကိုယ်အင်္ဂါ။ ကိုယ်
    ကိုယ်အင်္ဂါ။ ကိုယ်
    body
    နာမ်

    ဂါက

    [ɡàk]
    ကိုယ့်။ ကိုယ့်ပါးက
    မိမိ။ မိမိထံမှ
    from me
    နာမ်

    ဂါက၂

    [ɡàk၂]
    တစုံ တယောက်က သူ၏ ကိုယ်တိုင်ကို ရည်ညွန်းသော စကား။ တခုတရီ ရောင်းဝယ် ဖေါက်ကားမှု၌ အမြတ်အစွန်းရဖို့ ရန်ကို ထားလိုက်ပါဦးသိမ့်။ ကိုယ့်အိတ်ထဲ (အရင်းထဲက)တောင် ဂါက စိုက်ထုတ်ပီးရသိယင့်။ ကုန်ခေါင်အလပ်၊ အင်းအလပ်၊ ခန့်စနာကို ဂါကယော် (ရိုး)
    တစ်စုံ တစ်ယောက်က သူ၏ ကိုယ်တိုင်ကို ရည်ညွန်းသော စကား။ တစ်စုံတစ်ခု ရောင်းဝယ် ဖေါက်ကားမှု၌ အမြတ်အစွန်းရဖို့ ရန်ကို ထားလိုက်ပါဦး။ မိမိအိတ်ထဲ (အရင်းထဲက)တောင် ဂါက စိုက်ထုတ်ပီးရသိယင့်။ ကုန်ခေါင်တဝက်၊ အင်းတဝက်၊ ခန့်စနာကို ဂါကယော် (ရိုး)
    me
    နာမ်စား

    ဂါကကျ

    [ɡàkt͡ɕ]
    ကိုယ့်ပါးက (အရင်းအနှီးထဲက) စိုက်ထုတ် ပီးရရေ။ (ကြီးရီးငွီရီးနှင့် ပတ်သတ်၍ (ကိုယ့်ပါးက) မတရားသနန့် အပိုသတ်သတ် လျော်ပီးရမှု၊ ဒဏ်ခံရမှု၊ ဆုံးယှုံးခံရမှု အစဟိစွာရို့မာ ဂါကကျွတ်၊ ဂါကစိုက်၊ ဂါကဆာ၊ ဂါကနာ၊ ဂါကပါ၊ ဂါကလျော်၊ ဂါကဟာ၊ ဂါကဟင်း အစဟိစွာအနိန်နန့် သုံးလိဟိရေ
    မိမိထံမှ (အရင်းအနှီးထဲမှ) စိုက်ထုတ် ပေးရသည်။ (ကြေးရေးငွေရေးနှင့် ပတ်သတ်၍ (မိမိထံမှ) မတရားသဖြင့် အပိုသက်သက် လျော်ပေးရမှု၊ အနစ်နာခံရမှု၊ ဆုံးရှုံးခံရမှု စသည်တို့၌ ဂါကကျွတ်၊ ဂါကစိုက်၊ ဂါကဆာ၊ ဂါကနာ၊ ဂါကပါ၊ ဂါကလျော်၊ ဂါကဟာ၊ ဂါကဟင်း စသည်ဖြင့် သုံးလေ့ရှိသည်
    sacrifice
    ကြိယာ

    ဂါစောင်း

    [ɡàsáʊɴ]
    ၁၊ တဖက်မြင့်ပနာ တဖက်အောက်ကို နိမ့်ကျဗျာယ်၊ ၂၊ ထပိန်ကို တဖက်မြှင့်တင်ပနာ တဖက်ကို ခပ်ယွန်းယွန်း အောက်ကို ချဝတ်ဗျာယ်။ ထပိန်ဂါစောင်း၊ မဝတ်ကောင်း (ပုံ)
    ၁၊ တစ်ဘက်မြင့်၍ တစ်ဘက်အောက်သို့ နိမ့်ကျလျက်၊ ၂၊ ထမီကို တစ်ဘက်မြှင့်တင်၍ တစ်ဘက်ကို ခပ်ယွန်းယွန်း အောက်သို့ ချဝတ်လျက်။ ထပိန်ဂါစောင်း၊ မဝတ်ကောင်း (ပုံ)
    slope
    ကြိယာဝိသေသန

    ဂါစောင်း၂

    [ɡàsáʊɴ၂]
    တိမ်းရေ။ ယိမ်းရေ။ ယွဲ့ရေ။ လွဲရေ။ မဖြောင့်မတန်း ဖြစ်တေ။ စောင်းရေ။ စွေသည်
    တိမ်းသည်။ ယိမ်းသည်။ ယွဲ့သည်။ လွဲသည်။ မဖြောင့်မတန်း ဖြစ်သည်။ စောင်းသည်။ စွေသည်
    Conflict-askew-oblique
    ကြိယာ

    ဂါတ်

    [ɡàaʔ]
    ပြည်သူ့ရဲတပ်ဖွဲ့ အမှုထမ်းရို့၏ လုပ်ငန်းလုပ်ဆောင်ရာ အဆောက်အအုံ
    ပြည်သူ့ရဲတပ်ဖွဲ့ အမှုထမ်းတို့၏ လုပ်ငန်းလုပ်ဆောင်ရာ အဆောက်အအုံ
    police station
    နာမ်

    ဂါထာ

    [ɡàtʰà]
    ဆန်းကျမ်းနှင့်အညီ ရီးစပ်ထားရေ ပါဠိ အဖွဲ့အနွဲ့ ကဗျာ
    ဆန်းကျမ်းနှင့်အညီ ရေးစပ်ထားသော ပါဠိ အဖွဲ့အနွဲ့ ကဗျာ
    pali poetry
    နာမ်

    ဂါဒါ

    [ɡàdà]
    အရည်အထဲမာ မပျော်ဝင်သော အမှုန်အမွှား အစဟိစွာ
    အရည်အတွင်း၌ မပျော်ဝင်သော အမှုန်အမွှား စသည်
    particles
    နာမ်

    ဂါဒါကျ

    [ɡàdàt͡ɕ]
    အရည်အထဲမာ မပျော်ဝင်သော အမှုန်အမွှား အစဟိစွာရို့ အရည်၏ အောက်မာ အပုံလိုက်နိန်ရေ။ အနည်ကျရေ
    အရည်အတွင်း၌ မပျော်ဝင်သော အမှုန်အမွှား စသည်တို့ အရည်၏ အောက်တွင် စုပုံနေသည်။ အနည်ကျသည်
    deposit
    ကြိယာ