Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 694 words

    ဂ

    ဂါဒါရည်

    [ɡàdàɹɛ̀]
    မပျော်ဝင်သော အမှုန်အမွှားအစဟိစွာနှင့် အရည်ရောနှောနိန်ရေ
    မပျော်ဝင်သော အမှုန်အမွှားစသည်နှင့် အရည်ရောနှောနေသော
    particles
    နာမ်

    ဂါပိ

    [ɡàpì]
    အလွန် အိုမင်း ရင့်ရော်သော။ အသက်အရွယ် ကြီးရင့်သော
    အလွန် အိုမင်း ရင့်ရော်သော။ အသက်အရွယ် ကြီးရင့်သော
    aging
    နာမဝိသေသန

    ဂါပိကျ

    [ɡàpìt͡ɕ]
    အသက်အရွယ် ကြီးရင့်သနန့် အားခွန် ဗလနည်းသော။ မစွမ်းဆောင်နှိုင်ရေ။ အိုမင်းမစွမ်း ဖြစ်ရေ
    အသက်အရွယ် ကြီးရင့်သဖြင့် အားခွန် ဗလနည်းသော။ မစွမ်းဆောင်နိုင်သော။ အိုမင်းမစွမ်း ဖြစ်သော
    infirm
    နာမဝိသေသန

    ဂါပိမ

    [ɡàpìm]
    အသက်အရွယ် ကြီးရင့်သနန့် အားခွန် ဗလနည်း၍ မလားနှိုင် မလာနိုင်ဖြစ်ရေ (အဘောင်သျှင်မကြီး)
    အသက်အရွယ် ကြီးရင့်သဖြင့် အားခွန် ဗလနည်း၍ မသွားနိုင် မလာနိုင်ဖြစ်သော (အဖွားကြီး)
    infirm
    နာမဝိသေသန

    ဂါပုချ

    [ɡàpoʊɕ]
    တရားလို တရားခံနှစ်ဦး နှစ်ပါး၏ မျက်မှောက်မာ အပြန်အလှန် စစ်ဆီး မီးမြန်းရေ။ သက်သီသက်ကန်၊ ခိုင်လုံပြန်က၊ အတည်ကျကျ၊ ဂါပုချပနာ (ဓမ္မသတ်)
    တရားလို တရားခံနှစ်ဦး နှစ်ပါး၏ မျက်မှောက်တွင် အပြန်အလှန် စစ်ဆေး မေးမြန်းသည်။ သက်သီသက်ကန်၊ ခိုင်လုံပြန်က၊ အတည်ကျကျ၊ ဂါပုချ၍ (ဓမ္မသတ်)
    mutual inquest
    ကြိယာ

    ဂါဗိ

    [ɡàbì]
    အလွန် ပျော့လွန်းသော (ထမင်း၊ သစ်သီး)
    အလွန် ပျော့လွန်းသော (ထမင်း၊ သစ်သီး)
    soft fruit
    နာမဝိသေသန

    ဂါဗိမ

    [ɡàbìm]
    အသက်အရွယ် ကြီးရင့်သနန့် အားခွန် ဗလနည်း၍ မလားနှိုင် မလာနိုင်ဖြစ်ရေ (အဘောင်သျှင်မကြီး)
    အသက်အရွယ် ကြီးရင့်သဖြင့် အားခွန် ဗလနည်း၍ မသွားနိုင် မလာနိုင်ဖြစ်သော (အဖွားကြီး)
    infirm
    နာမ်

    ဂါရဝပြု

    [ɡàɹwpɹoʊ]
    လေးစားယုံကြည်မှု ပြုရေ။ အလီးပြုရေ။ လေးစားစွာ ဆက်ဆံသည်
    လေးစားယုံကြည်မှု ပြုသည်။ အလေးပြုသည်။ လေးစားစွာ ဆက်ဆံသည်
    respect
    ကြိယာ

    ဂါရာ

    [ɡàɹà]
    ဂါတ်။ တောင်တန်းဂါရာ၊ တညစွာကို၊ သုံးလီသုံးပေါ၊ နိန့်တိုင်းရပ်ဗျာယ် (ကင်းရီလား)။ သာယာနှစ်လို၊ ရုံးဂါရာနှင့်၊ ကြော်ငြာခြင်းကေ၊ မင်းပြားမြို့ကို၊ ရောက်လီသောခါ (သာချမ်း ဦးဘ)
    ရဲစခန်း။ တောင်တန်းဂါရာ၊ တညတာကို၊ သုံးလီသုံးပေါ၊ နိန့်တိုင်းရပ်လျက် (ကင်းရီလား)။ သာယာနှစ်လို၊ ရုံးဂါရာနှင့်၊ ကြော်ငြာခြင်းကေ၊ မင်းပြားမြို့သို့၊ ရောက်လေသောခါ (သာချမ်း ဦးဘ)
    police station-manor
    နာမ်

    ဂါရီ

    [ɡàɹí]
    ၁၊ မော်တော်ယာဉ်၊ ၂၊ ကျွဲ၊ နွား၊ မြင်းဆွဲသော ဂါရီယာဉ်။ (မော်တော်ဂါရီ ၊ နွားဂါရီ ၊ မြင်းဂါရီ စရေ။) သဌီးသူကြွယ်၊ ပလက်ကျီကေ၊ ဂါရီဂါရီနန့် (ဥဒိန်သာ)။ ကိုယ်စီကိုယ်စီ၊ ပလက်ကျီကေ၊ ဂါရီစီးလို့ (ကော်)
    ၁၊ မော်တော်ယာဉ်၊ ၂၊ ကျွဲ၊ နွား၊ မြင်းဆွဲသော လှည်းယာဉ်။ (မော်တော်ဂါရီ ၊ နွားဂါရီ ၊ မြင်းဂါရီ စသည်။) သူဌေးသူကြွယ်၊ ပလက်ကျီကေ၊ ဂါရီလှည်းနှင့် (ဥဒိန်သာ)။ ကိုယ်စီကိုယ်စီ၊ ပလက်ကျီကေ၊ ဂါရီစီးလို့ (ကော်)
    tame buffalo cart
    နာမ်

    ဂါလံ

    [ɡàlံ]
    အမြင့်ဆုံး ဖြစ်ရေ နီရာ၊ အရပ်
    အမြင့်ဆုံး ဖြစ်သော နေရာ၊ အရပ်
    highest place
    နာမ်

    ဂါလံဖျား

    [ɡàlံpʰrá]
    အမြင့်ဆုံး ဖြစ်ရေ နီရာ၊ အရပ်။ အပင် ဂါလံဖျားမာ ငှက်တကောင် နားရီရေ
    အမြင့်ဆုံး ဖြစ်သော နေရာ၊ အရပ်။ အပင် ဂါလံဖျားမှာ ငှက်တစ်ကောင် နားရီရေ
    highest place
    နာမ်

    ဂျက်

    [dʑɛʔ]
    နီရာ၊ အရာဝတ္တု အစဟိစွာရို့၏ ဗဟို၊ အလယ်၊ အချက်
    နေရာ၊ အရာဝတ္တု စသည်တို့၏ ဗဟို၊ အလယ်၊ အချက်
    center
    နာမ်

    ဂျက်ကောင်း

    [dʑɛʔkáʊɴ]
    ကိုယ့်လိုရာ ကိစ္စ ဆောင်ရွက် အောင်မြင်နှိုင်ဖို့ နည်းလမ်း၊ အခွင့်အရီး
    မိမိလိုရာ ကိစ္စ ဆောင်ရွက် အောင်မြင်နိုင်မည့် နည်းလမ်း၊ အခွင့်အရေး
    chance
    နာမ်

    ဂျက်ကျ

    [dʑɛʔt͡ɕ]
    ၁၊ သူ့နီရာနှင့်သူ သင့်လျော်ရေ။ စနစ်တကျ ဖြစ်တေ။ ၂၊ အကွက်အကွင်း ကျရေ
    ၁၊ သူ့နေရာနှင့်သူ သင့်လျော်သည်။ စနစ်တကျ ဖြစ်သည်။ ၂၊ အကွက်အကွင်း ကျသည်
    suitable
    ကြိယာ

    ဂျက်ကျပက်ကျ

    [dʑɛʔt͡ɕpɛʔt͡ɕ]
    က ရာ၊ သီဆိုရာရို့မာ စည်း၊ ဝါး ကိုက်သည်
    က ရာ၊ သီဆိုရာတို့၌ စည်း၊ ဝါး ကိုက်သည်
    rhythmical
    ကြိယာ

    ဂျက်ကျပက်ကျ၂

    [dʑɛʔt͡ɕpɛʔt͡ɕ၂]
    အချက်အလက် ပိုင်ရေ။ အကျိုးအကြောင်း သင့်ရေ။ သူ့နီရာနှင့်သူ သင့်လျော်ရေ။ ထိထိကိုယ့် ဟိရေ
    အချက်အလက် ပိုင်သည်။ အကျိုးအကြောင်း သင့်သည်။ သူ့နေရာနှင့်သူ သင့်လျော်သည်။ ထိထိမိမိ ရှိသည်
    suitable
    ကြိယာ

    ဂျက်ကျလက်ကျ

    [dʑɛʔt͡ɕlɛʔt͡ɕ]
    ၁၊ က ရာ၊ သီဆိုရာရို့မာ စည်းဝါး ကိုက်ရေ။ ၂၊ အချက်အလက် ပိုင်ရေ။ ထိထိကိုယ့် ဟိရေ
    ၁၊ က ရာ၊ သီဆိုရာတို့၌ စည်းဝါး ကိုက်သည်။ ၂၊ အချက်အလက် ပိုင်သည်။ ထိထိမိမိ ရှိသည်
    rhythmical-suitable
    ကြိယာ

    ဂျက်ကွက်

    [dʑɛʔkwɛʔ]
    တခုတရီ ပြုလုပ်နိုင်ဖို့ ချက်ကောင်းကို ရယောင် ကြိုးစားသည်
    တစ်စုံတစ်ခု ပြုလုပ်နိုင်ရန် ချက်ကောင်းကို ရအောင် ကြိုးစားသည်
    try
    ကြိယာ

    ဂျက်ချောင်း

    [dʑɛʔɕáʊɴ]
    အဆစ်အပိုင်း အချက်အလက်ကို ချောင်းမြောင်း စောင့်ဆိုင်းနိန်ရေ
    အဆစ်အပိုင်း အချက်အလက်ကို ချောင်းမြောင်း စောင့်ဆိုင်းနေသည်
    bide
    ကြိယာ