Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 694 words

    ဂ

    ဂတ်ဂတ်မသျှေ

    [ɡaʔɡaʔmʃè]
    ဂတ်ဂတ် ဟု မြည်တတ်ရေ ခဲဝါ နန့်တူသော (ခဲဝါ ထက်ငယ်၍ ) တောရိုင်းမားနေ တိရိစ္ဆာန်တမျိုး
    ဂတ်ဂတ် ဟု မြည်တတ်သော ခွေးအ နှင့်တူသော (ခွေးအ ထက်ငယ်၍ ) တောရိုင်းတွင်းနေ တိရိစ္ဆာန်တစ်မျိုး
    wildlife
    နာမ်

    ဂတ်ပီ

    [ɡaʔpí]
    အသားအရီ ကြုံလှီ၍ အသားနှင့် အရိုး ထိစပ်လုဟိရေ။ ပိန်ကပ်နိန်ရေ။ (ခွီး)
    အသားအရေ ကြုံလှီ၍ အသားနှင့် အရိုး ထိစပ်လုရှိသော။ ပိန်ကပ်နေသော။ (ခွေး)
    skinny
    နာမဝိသေသန

    ဂတ်ပီမ

    [ɡaʔpím]
    အသားအရီ ပိန်ခြုံးသော။ အသားအရီ ကြုံလှီ၍ အင်အား နည်းပါးဗျာယ် တက်ကြွလှုပ်ရှားခြင်း မပြုရေ။ အားခွန်ဗလ နည်းပါး၍ မလားနှိုင်မလာနိုင် ဖြစ်ရေ (ခမ)
    အသားအရေ ပိန်ချုံးသော။ အသားအရေ ကြုံလှီ၍ အင်အား နည်းပါးလျက် တက်ကြွလှုပ်ရှားခြင်း မပြုသော။ အားခွန်ဗလ နည်းပါး၍ မသွားနိုင်မလာနိုင် ဖြစ်သော (ခွေးမ)
    skinny
    နာမ်

    ဂဒူ

    [ɡdù]
    ဒူ ဟုဆို၍ ကစပ်နည်း တမျိုး
    ဒူ ဟုဆို၍ ကစားနည်း တစ်မျိုး
    none
    နာမ်

    ဂဒူထိုး

    [ɡdùtʰó]
    လူနှစ်ဘက်ခွဲပြီးကေ အလယ်မာ စည်းရိုးထားရေ တဖက်မှ တဖက်ကို လားပနာ ဒူ-ဒူ-ဒူ ဆိုရေ အသံကို ပြုဗျာယ် တံပက်လူအား လက်ဖြင့်ထိစီရား၊ နီရင်းဘက်ကို ပြန်လာရေ သူကို စည်းရိုးမကျီာ်မီ အားဓမလိုက်ဖမ်းရေ့ ကစပ်နည်း တမျိုး
    လူနှစ်ဘက်ခွဲ၍ အလယ်တွင် စည်းရိုးထားသော တစ်ဘက်မှ တစ်ဘက်သို့ သွား၍ ဒူ-ဒူ-ဒူ ဟူသော အသံကို ပြုလျက် တစ်ဘက်သားအား လက်ဖြင့်ထိစေပြီး၊ နေရင်းဘက်သို့ ပြန်လာသော သူကို စည်းရိုးမကျော်မီ အတင်းလိုက်ဖမ်းသည့် ကစားနည်း တစ်မျိုး
    none
    ကြိယာ

    ဂဒူပွဲ

    [ɡdùpwɛ]
    ဂ ဒူကစပ်တေကို ကြည့်ရှုရန် စည်းဝေး ရောက်လှာသော ပရိတ်သတ်။ ‘ဖွားဖက်ပူလောင်၊ မင်းနောင်စုံပေါင်း၊ လူတသောင်းနှင့်၊ ကျောင်းတလင်းမာ၊ ပျော်ရွင်သောင်းသဲ၊ ဂဒူပွဲနှင့်’ (ထာမရာ)
    ဂ ဒူကစားသည်ကို ကြည့်ရှုရန် စည်းဝေး ရောက်လာသော ပရိတ်သတ်။ ‘ဖွားဖက်ပူလောင်၊ မင်းနောင်စုံပေါင်း၊ လူတသောင်းနှင့်၊ ကျောင်းတလင်းတွင်၊ ပျော်ရွင်သောင်းသဲ၊ ဂဒူပွဲနှင့်’ (ထာမရာ)
    none
    နာမ်

    ဂနန်း

    [ɡnáɴ]
    ကုလားမသိတ်းတမျိုး။ ကလန့်
    ပုဇွန်လုံးတစ်မျိုး။ ဂဏန်းကောင်
    crab
    နာမ်

    ဂနာမငြိမ်

    [ɡnàmɲèɪɴ]
    စိတ်မငြိမ်မသက် ယောက်ယက်ခတ် ဖြစ်တေ။ မတည်မတံ့ ဣန္ဒြေမရဖြစ်တေ
    စိတ်မငြိမ်မသက် လှုပ်လှုပ်ရှားရှား ဖြစ်သည်။ မတည်မတံ့ ဣန္ဒြေမရဖြစ်သည်
    fidget
    ကြိယာ

    ဂနိုင်

    [ɡnàɪɴ]
    အပင်များ ထူပေါများပြားစွာ ပေါက်ရောက် နိန်ရေ တော။ ‘ငါရို့တသွယ်၊ ဂနိုင်တောမာ၊ သာယာဝမ်းနည်းဖွယ်’ (ဓမ္မက)
    သစ်ပင်များ ထူပေါများပြားစွာ ပေါက်ရောက် နေသော တော။ ‘ငါရို့တသွယ်၊ ဂနိုင်တောမှာ၊ သာယာဝမ်းနည်းဖွယ်’ (ဓမ္မက)
    forest
    နာမ်

    ဂန္တဓူရ

    [ɡn̪a̰n̪t̪a̰dʱùɹ]
    သာသနာတော်ထမ်း ရဟန်းတော်တိစွာ ပရိယတ္တိ ကျမ်းစာတိကို သင်ကြားခြင်း ဆိုရေ ဝတ္တရား ။ (ပါ)
    သာသနာတော်ထမ်း ရဟန်းတော်များသည် ပရိယတ္တိ ကျမ်းစာများကို သင်ကြားခြင်း ဟူသော ဝတ္တရား ။ (ပါ)
    devolve
    နာမ်

    ဂန္ထဝင်

    [ɡn̪a̰n̪tʰa̰wɪ̀ɴ]
    ၁၊ စာပီသမိုင်းမာ ဝင်သောကျမ်းစာ။ ၂၊ သမိုင်းမှတ်တမ်းမာ ပါဝင်ရေ စာပီ။ (ပါ)
    ၁၊ စာပေသမိုင်းတွင် ဝင်သောကျမ်းစာ။ ၂၊ သမိုင်းမှတ်တမ်းတွင် ပါဝင်သော စာပေ။ (ပါ)
    chronology
    နာမ်

    ဂန္ဓကုဋီ

    [ɡn̪a̰n̪d̪ʰa̰koʊtí]
    ဘုရားသခင် ကျိန်းအောင်းမွေ့လျော်ရာ တိုက်ခန်း
    ဘုရားသခင် ကျိန်းအောင်းမွေ့လျော်ရာ တိုက်ခန်း
    empyrean
    နာမ်

    ဂန္ဓမာဒယော

    [ɡn̪a̰n̪d̪ʰa̰màdjɔ́]
    ဒယောတမျိုး၏ အမည်
    လုံချည်တစ်မျိုး၏ အမည်
    sarong
    နာမ်

    ဂန္ဓမူ

    [ɡn̪a̰n̪d̪ʰa̰mù]
    နား လုံးဝမကြား ဖြစ်တေ
    နား လုံးဝမကြား ဖြစ်သည်
    deafness
    ကြိယာ

    ဂန္ဓမူ၂

    [ɡn̪a̰n̪d̪ʰa̰mù၂]
    နား လုံးဝမကြားသူ
    နား လုံးဝမကြားသူ
    deafmute
    နာမ်

    ဂန္ဓမူလိုက်

    [ɡn̪a̰n̪d̪ʰa̰mùlaɪʔ]
    နားကြားသော စွမ်းရည် အလွန် အားနည်းရေ။ နား မကြားဖြစ်တေ။ နား အလွန် လေးသည်
    နားကြားသော စွမ်းရည် အလွန် အားနည်းသည်။ နား မကြားဖြစ်သည်။ နား အလွန် လေးသည်
    deafness
    ကြိယာ

    ဂန္ဓါရုံ

    [ɡn̪a̰n̪d̪ʰa̰àɹòʊɴ]
    အနံ့အာရုံ။ (ပါ)
    အနံ့အာရုံ။ (ပါ)
    sniff
    နာမ်

    ဂန်

    [ɡàɴ]
    တိမ်းစောင်းနိန်ရေ အဆောက်အဦးကို ထောက်ကန်ထားရေ အရာ။ သစ်သားချောင်း
    တိမ်းစောင်းနေသော အဆောက်အဦးကို ထောက်ကန်ထားသော အရာ။ သစ်သားချောင်း
    support wooden stick
    နာမ်

    ဂန်း

    [ɡáɴ]
    (လက်သီးနန့် ထိပ်ကို) ထိုးနှက်ရေ။ လက်သီးနန့် ထိပ်ကို ဂန်းလိုက်တေ
    (လက်သီးဖြင့် ထိပ်ကို) ထိုးနှက်သည်။ လက်သီးနန့် ထိပ်ကို ဂန်းလိုက်တေ
    clout
    ကြိယာ

    ဂန်း၂

    [ɡáɴ၂]
    လက်သီးနန့် ထိပ်ကိုထိုးပနာ မြည်သော အသံ
    လက်သီးဖြင့် ထိပ်ကိုထိုး၍ မြည်သော အသံ
    knock
    နာမ်