Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 694 words

    ဂ

    ဂျိုင်ဝှမ်း

    [dʑàɪɴʍáɴ]
    မြေမြင့်နှစ်ခုဟိ နက်ဟိုင်းသော အရပ်
    မြေမြင့်နှစ်ခုရှိ နက်ရှိုင်းသော အရပ်
    valley
    နာမ်

    ဂျိုင့်ဝှမ်း

    [dʑàɪɴ့ʍáɴ]
    မြစ်ကမ်းခြီ ကွေ့ဝိုက်သော နီရာ
    မြစ်ကမ်းခြေ ကွေ့ဝိုက်သော နေရာ
    valley
    နာမ်

    ဂျိုင်းဝှမ်း

    [dʑáɪɴʍáɴ]
    မြစ်ကမ်းခြီ ကွေ့ဝိုက်သော နီရာ
    မြစ်ကမ်းခြေ ကွေ့ဝိုက်သော နေရာ
    valley
    နာမဝိသေသန

    ဂျိုင်ဝှမ်း၂

    [dʑàɪɴʍáɴ၂]
    မြီမျက်နှာ ချိုင့်ခွက်ဝင်ဗျယ်ဒေးကေ ဟိရေ
    မြေမျက်နှာ ချိုင့်ခွက်ဝင်လျက် ရှိသည်
    concavity
    ကြိယာ

    ဂျိုင့်ဝှမ်း၂

    [dʑàɪɴ့ʍáɴ၂]
    မြီမျက်နှာ နိမ့်ဟိုင်းခွက်ဝင်ဗျယ်ဒေးကေ ဟိရေ
    မြေမျက်နှာ နိမ့်ရှိုင်းခွက်ဝင်လျက် ရှိသည်
    vale
    ကြိယာ

    ဂျိုင်းဝှမ်း၂

    [dʑáɪɴʍáɴ၂]
    မြီမျက်နှာ နိမ့်ဟိုင်းခွက်ဝင်ဗျယ်ဒေးကေ ဟိရေ
    မြေမျက်နှာ နိမ့်ရှိုင်းခွက်ဝင်လျက် ရှိသည်
    vale
    ကြိယာ

    ဂျိုင့်အံ

    [dʑàɪɴ့ʔံ]
    ထမင်းချိုင့် လေးဆင့်၊ ငါးဆင့် ဟိရေမာ (ထမင်း)ချိုင့် အဆင့်တခုကို ခေါ်သော စကားလုံး
    ထမင်းချိုင့် လေးဆင့်၊ ငါးဆင့် ရှိသည်တွင် (ထမင်း)ချိုင့် အဆင့်တစ်ခုကို ခေါ်သော စကားလုံး
    packed lunch
    နာမ်

    ဂျိုတာကစပ်တမ်း

    [dʑÒtàksaʔtáɴ]
    လူ ၅၊ ၆၊ ၇၊ ယောက်အစဟိစွာ အနိန်နန့်စုကာ ယင်းအထဲက အပုပ်လုပ်မည့်သူ တယောက်ကို ရွီးချယ်ရရေ။ ဝါခြမ်းချောင်းကို လူစိအောင်ချိုး၍ ယင်းအထဲက အတိုတချောင်း ထားရရေ။ လူတန်းစိ တယောက်တချောင်းစီ ယူပနာ အတိုကျသော သူစွာ အပုပ်ဖြစ်တေ။ အပုပ်ကျသူက နောက်တယောက်အာ
    လူ ၅၊ ၆၊ ၇၊ ယောက်စသည် အားဖြင့်စုကာ ယင်းအတွင်းမှ အပုပ်လုပ်မည့်သူ တစ်ယောက်ကို ရွေးချယ်ရသည်။ ဝါခြမ်းချောင်းကို လူစေ့အောင်ချိုး၍ ယင်းအတွင်းမှ အတိုတစ်ချောင်း ထားရသည်။ လူတန်းစေ့ တစ်ယောက်တစ်ချောင်းစီ ယူ၍ အတိုကျသော သူသည် အပုပ်ဖြစ်သည်။ အပုပ်ကျသူက နောက်တစ်ယောက်အာ
    game
    နာမ်

    ဂျိုးတိုက်

    [dʑótaɪʔ]
    ကိုက်အောင်၊ ဟောင်အောင်၊ လိုက်အောင် ဂျူး ဆိုရေ အသံပြုပနာ ခွီးကို မြှောက်ပင့်ပီးပီးရေ။ ညော်ခက်ကျိုးလို့၊ ခွီးဟောင်ရေ၊ ပဏ္ဏားလာလို့၊ ဂျူးတိုက်တေ (တေး)
    ကိုက်အောင်၊ ဟောင်အောင်၊ လိုက်အောင် ဂျူး ဟူသော အသံပြု၍ ခွေးကို လှုံ့ဆော်ပေးသည်။ ညော်ခက်ကျိုးလို့၊ ခွီးဟောင်ရေ၊ ပဏ္ဏားလာလို့၊ ဂျူးတိုက်တေ (တေး)
    motivate
    ကြိယာ

    ဂျီ

    [dʑí]
    ချေသတ္တဝါ
    ချေသတ္တဝါ
    creature
    နာမ်

    ဂျီး

    [dʑï]
    ကပ်တွယ်ဗျာယ် ဟိရေ ကြီးညှော်အညစ်အကြီး၊ အညှေ့ အစဟိစွာ
    ကပ်တွယ်လျက် ရှိသော ကြေးညှော်အညစ်အကြေး၊ အညှိ စသည်
    patina
    နာမ်

    ဂျီ၂

    [dʑí၂]
    ဂျီ ဟု ဆိတ်ကို အဝီးကိုနှင်သော စကား
    ဂျီ ဟု ဆိတ်ကို အဝေးသို့နှင်သော စကား
    eject
    နာမ်

    ဂျီ၃

    [dʑí၃]
    ဂျီ ဟု ဆိတ်ကို အဝီးကိုနှင်သည်
    ဂျီ ဟု ဆိတ်ကို အဝေးသို့နှင်သည်
    eject
    ကြိယာ

    ဂျီးကပ်

    [dʑïkaʔ]
    ငြိကပ် နှိမ်းနိန်ရေ မြူမှုန့် အစွန်းအထင်း
    ငြိကပ် လိမ်းကျံနေသော မြူမှုန့် အစွန်းအထင်း
    stain
    နာမ်

    ဂျီးကပ်၂

    [dʑïkaʔ၂]
    အညစ်အကြီး၊ အညှေ့ အစဟိစွာ့ ပေကပ်နီရေ
    အညစ်အကြေး၊ အညှိ စသည့် ပေကပ်နေသည်
    patina
    ကြိယာ

    ဂျီကိုင်

    [dʑíkàɪɴ]
    ၁၊ အိုမင်းမစွမ်းဖြစ်လှ၍ ဆင်ခြင်ဉာဏ် သတိတရား ယုတ်လျော့ရေ။ သူငယ်ပိုင် တဖန်ပြန်ပနာ ပြောဆို ပြုမူရေ။ ၂၊ အသက် ငယ်စဉ်က ပြုရေ အပြုအမူမျိုးကို ပြန်ပနာ ပြုသည်
    ၁၊ အိုမင်းမစွမ်းဖြစ်လှ၍ ဆင်ခြင်ဉာဏ် သတိတရား ယုတ်လျော့သည်။ သူငယ်ကဲ့သို့ တစ်ဖန်ပြန်၍ ပြောဆို ပြုမူသည်။ ၂၊ အသက် ငယ်စဉ်က ပြုသော အပြုအမူမျိုးကို ပြန်၍ ပြုသည်
    irrationality
    ကြိယာ

    ဂျီကျ

    [dʑít͡ɕ]
    ၁၊ ပိုက်ကွန်၊ ခုပ်အစဟိစွာ၌ ချေသတ္တဝါ အမိခံရရေ။ ၂၊ (ဥပစါ)သူတိပါးက အဝါအဆာ ခံရရေ။ ၃၊ မားယွင်းသည်
    ၁၊ ပိုက်ကွန်၊ ထောင်ချောက်စသည်၌ ချေသတ္တဝါ အမိခံရသည်။ ၂၊ (ဥပစါ)သူများထံမှ အလိမ်အညာ ခံရသည်။ ၃၊ မှားယွင်းသည်
    ensnare
    ကြိယာ

    ဂျီးတိုး

    [dʑïtó]
    မြူမှုန်အညစ်အကြီးကို လက်နန့် တွန်းဖယ်ပစ်ရေ။ ချီးတိုးရေ
    မြူမှုန်အညစ်အကြေးကို လက်ဖြင့် တွန်းဖယ်ပစ်သည်။ ချေးတွန်းသည်
    push
    ကြိယာ

    ဂျီးထူ

    [dʑïtʰù]
    ၁၊ အညစ်အကြီး တိစွာ။ ၂၊ (ဥပစါ) စိတ်ဆန္ဒ ထူးထွေ များပြားရေ။ ကျီနပ် နိုင်ခရေ။ အဆာကျယ်သည်
    ၁၊ အညစ်အကြေး များသည်။ ၂၊ (ဥပစါ) စိတ်ဆန္ဒ ထူးထွေ များပြားသည်။ ကျေနပ် နိုင်ခဲ့သည်။ အဆာကျယ်သည်
    disaffection
    ကြိယာ

    ဂျီပြန်

    [dʑípɹàɴ]
    ၁၊ အိုမင်းမစွမ်းဖြစ်လှ၍ ဆင်ခြင်ဉာဏ် သတိတရား ယုတ်လျော့ရေ။ သူငယ်ပိုင် တဖန်ပြန်ပနာ ပြောဆိုပြုမူရေ။ ၂၊ အသက်ငယ်စဉ်က ပြုရေ အပြုအမူမျိုးကို ပြန်ပနာ ပြုသည်
    ၁၊ အိုမင်းမစွမ်းဖြစ်လှ၍ ဆင်ခြင်ဉာဏ် သတိတရား ယုတ်လျော့သည်။ သူငယ်ကဲ့သို့ တစ်ဖန်ပြန်၍ ပြောဆိုပြုမူသည်။ ၂၊ အသက်ငယ်စဉ်က ပြုသော အပြုအမူမျိုးကို ပြန်၍ ပြုသည်
    irrationality
    ကြိယာ