Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 461–480 of 694 words

    ဂ

    ဂျီးများ

    [dʑïmrá]
    ၁၊ အဆာကျယ်ရေ။ ၂၊ (ဥပစါ) အလုပ်တခုခုကလေ့ မပါဝင်စီလိုပိုင် ဆင်ခြင်တိစွာ
    ၁၊ အဆာကျယ်သည်။ ၂၊ (ဥပစါ) အလုပ်တစ်ခုခုမှလည်း မပါဝင်စေလို၍ ဆင်ခြင်များသည်
    excuses
    ကြိယာ

    ဂျီရ

    [dʑíɹ]
    အပင် အမျက်ဖု။ အဖုအမျက်များရေ အပင်
    သစ်ပင် အမျက်ဖု။ အဖုအမျက်များသော သစ်ပင်
    the tree roots
    နာမ်

    ဂျီရ၂

    [dʑíɹ၂]
    အဖုအမျက် များရေ
    အဖုအမျက် များသော
    root
    နာမဝိသေသန

    ဂျီရသျှေ

    [dʑíɹʃè]
    ကိုယ်လုံး တုတ်ခိုင် ကျစ်လျစ်၍ ဘုဒိုပျပ်သော သူ
    ကိုယ်လုံး တုတ်ခိုင် ကျစ်လျစ်၍ အရပ်ပုပျပ်သော သူ
    just one of the compact
    နာမ်

    ဂျီဝိဂျီဝါ

    [dʑíwìdʑíwà]
    ၁၊ ဟိုမကိုင်တတ် စွာကိုင်တတ်၊ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်ဗျာယ်။ ၂၊ သတိ ထင်းလင်း ပြတ်သားခြင်း မဟိဘဲ။ ပြုမိ ပြုရာ ပြုမူဗျာယ်။ သတိ ချွတ်ယွင်းဗျာယ်
    ၁၊ ဟိုမကိုင်တတ် သည်ကိုင်တတ်၊ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်လျက်။ ၂၊ သတိ ထင်းလင်း ပြတ်သားခြင်း မရှိပဲ။ ပြုမိ ပြုရာ ပြုမူလျက်။ သတိ ချွတ်ယွင်းလျက်
    imprecise
    ကြိယာဝိသေသန

    ဂျီသဝါ

    [dʑíθwà]
    အဖြူရောင်ဟိပြီးကေ အထပ်အလွှာများစွာဟိရေ ပန်းတမျိုး။ဒေါနဂျီသဝါ၊ ချပ်တရာ (ဓမ္မက)
    အဖြူရောင်ရှိ၍ အထပ်အလွှာများစွာရှိသော ပန်းတစ်မျိုး။ဒေါနဂျီသဝါ၊ ချပ်တရာ (ဓမ္မက)
    Multi-layer flower
    နာမ်

    ဂျီသုံး

    [dʑíθóʊɴ]
    ၁၊ အိုမင်းမစွမ်း ဖြစ်လှ၍ ဆင်ခြင်ဉာဏ် သတိတရား ယုတ်လျော့ရေ။ သူငယ်ပိုင် တဖန်ပြန်ပနာ ပြောဆို ပြုမူရေ။ ၂၊ အသက် ငယ်စဉ်က ပြုရေ အပြုအမူမျိုးကို ပြန်ပနာ ပြုသည်
    ၁၊ အိုမင်းမစွမ်း ဖြစ်လှ၍ ဆင်ခြင်ဉာဏ် သတိတရား ယုတ်လျော့သည်။ သူငယ်ကဲ့သို့ တစ်ဖန်ပြန်၍ ပြောဆို ပြုမူသည်။ ၂၊ အသက် ငယ်စဉ်က ပြုသော အပြုအမူမျိုးကို ပြန်၍ ပြုသည်
    irrationality
    ကြိယာ

    ဂျုတ်

    [dʑoʊʔ]
    တခုတရီ ရီထဲကိုကျသော အသံ
    တစ်စုံတစ်ခု ရေထဲသို့ကျသော အသံ
    sound
    နာမ်

    ဂျုတ်ကနဲ

    [dʑoʊʔknɛ]
    တနားချေနန့်အနိန်နန့်။ ဗြုန်းခနဲအနိန်နန့်။ အမှတ်မထင်သော အနိန်နန့် ရုတ်ကနဲအနိန်နန့်
    ခဏချင်းအားဖြင့်။ ဗြုန်းခနဲအားဖြင့်။ အမှတ်မထင်သော အားဖြင့် ရုတ်ကနဲအားဖြင့်
    off the top of ones head
    ကြိယာဝိသေသန

    ဂျုတ်ကန်လန်

    [dʑoʊʔkàɴlàɴ]
    ဆင်ခြီ၊ ဆင်လက်ထူစွာ။ ရိုသေ လေးစားခြင်းမဟိဘဲ။ ပျက်ချိပျက်ချော် သဖောထားဗျာယ်
    ဆင်ခြေ၊ ဆင်လက်ထူစွာ။ ရိုသေ လေးစားခြင်းမရှိပဲ။ ပေါ့ပေါ့တန်တန် သဘောထားလျက်
    irreverent
    ကြိယာဝိသေသန

    ဂျုတ်ဂျက်၂

    [dʑoʊʔdʑɛʔ၂]
    ရီထဲမာ တခုတရီ ပြုလုပ်ပနာ မြည်သော အသံ
    ရေထဲတွင် တစ်စုံတစ်ခု ပြုလုပ်၍ မြည်သော အသံ
    sound
    နာမ်

    ဂျုန်း

    [dʑóʊɴ]
    ရီထဲကို တခုတရီ ကျသော အသံ။ ရီထဲကို ခုန်ဆင်းသော အသံ
    ရေထဲသို့ တစ်စုံတစ်ခု ကျသော အသံ။ ရေထဲသို့ ခုန်ဆင်းသော အသံ
    plonk
    နာမ်

    ဂျုန်းကနဲ

    [dʑóʊɴknɛ]
    တနားချေနန့် အနိန်နန့်။ ဗြုန်းခနဲ အနိန်နန့်။ အမှတ်မထင်သော အနိန်နန့် ရုတ်ကနဲအနိန်နန့်
    ခဏချင်း အားဖြင့်။ ဗြုန်းခနဲ အားဖြင့်။ အမှတ်မထင်သော အားဖြင့် ရုတ်ကနဲအားဖြင့်
    off the top of ones head
    ကြိယာဝိသေသန

    ဂျူး

    [dʑùး]
    ကိုက်အောင်၊ ဟောင်အောင်၊ လိုက်အောင် ဂျူး ဆိုရေအသံပြုပနာ ခွီးကို မြှောက်ပင့်ပီးပီးရေ
    ကိုက်အောင်၊ ဟောင်အောင်၊ လိုက်အောင် ဂျူး ဟူသောအသံပြု၍ ခွေးကို လှုံ့ဆော်ပေးသည်
    motivate
    ကြိယာ

    ဂျူကာ

    [dʑùkà]
    (ဥပစါ) အဖက်ဖက်မာ ဝင်ဆံ့သူ
    (ဥပစါ) အဖက်ဖက်တွင် ဝင်ဆံ့သူ
    social
    နာမ်

    ဂျူကာသရောင်

    [dʑùkàθɹàʊɴ]
    နှိမ့်ချပနာ ခေါ်သော စကားလုံး
    နှိမ့်ချ၍ ခေါ်သော စကားလုံး
    submissive
    နာမ်

    ဂျူကာသရောင်၂

    [dʑùkàθɹàʊɴ၂]
    ၁၊ မျက်နှာအမူအရာ ဆိုးညစ်သော သူ။ ၂၊ ထင်ရာကို ပြုလုပ်ပနာ မိုက်မဲဆိုးညစ်သော သူ။ ဆိုဆုံးမ ခက်သူ
    ၁၊ မျက်နှာအမူအရာ ဆိုးညစ်သော သူ။ ၂၊ ထင်ရာကို ပြုလုပ်၍ မိုက်မဲဆိုးသွမ်းသော သူ။ ဆိုဆုံးမ ခက်သူ
    naughtiness
    နာမ်

    ဂျူးတိုက်

    [dʑùးtaɪʔ]
    ကိုက်အောင်၊ ဟောင်အောင်၊ လိုက်အောင် ဂျူး ဆိုရေအသံပြုပနာ ခွီးကို မြှောက်ပင့်ပီးပီးရေ။ ညော်ခက်ကျိုးလို့၊ ခွီးဟောင်ရေ၊ ပဏ္ဏားလာလို့၊ ဂျူးတိုက်တေ (တေး)
    ကိုက်အောင်၊ ဟောင်အောင်၊ လိုက်အောင် ဂျူး ဟူသောအသံပြု၍ ခွေးကို လှုံ့ဆော်ပေးသည်။ ညော်ခက်ကျိုးလို့၊ ခွီးဟောင်ရေ၊ ပဏ္ဏားလာလို့၊ ဂျူးတိုက်တေ (တေး)
    motivate
    ကြိယာ

    ဂျူတ်ဂျက်

    [dʑùaʔdʑɛʔ]
    ဗြုန်းခနဲ ပရုန်းနရုန်းအနိန်နန့်
    ရုတ်တရက် လတ်တလောအားဖြင့်
    suddenly
    ကြိယာဝိသေသန

    ဂျောက်

    [dʑɔ́ɛʔ]
    တခုတရီ ရီထဲကို ကျသော အသံ
    တစ်စုံတစ်ခု ရေထဲသို့ ကျသော အသံ
    sound
    နာမ်