Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 501–520 of 694 words

    ဂ

    ဂျောင်ဂျင်သတ်

    [dʑàʊɴdʑɪ̀ɴθaʔ]
    ၁၊ ရေတနည်း အရည်မျက်နှာပြင် မငြိမ်မသက်ဖြစ်ပနာ အသံမြည်အောင် လှုပ်ရှား ရိုက်ခတ်သည်
    ၁၊ ရေသို့မဟုတ် အရည်မျက်နှာပြင် မငြိမ်မသက်ဖြစ်၍ အသံမြည်အောင် လှုပ်ရှား ရိုက်ခတ်သည်
    implication
    ကြိယာ

    ဂျောင်ဂျိဂျောင်ဂျင်

    [dʑàʊɴdʑìdʑàʊɴdʑɪ̀ɴ]
    လှုပ်လှုပ်ရွရွ။ မငြိမ်မသက်
    လှုပ်လှုပ်ရွရွ။ မငြိမ်မသက်
    unsteady
    ကြိယာဝိသေသန

    ဂျော်ဂျီ

    [dʑɔ̀dʑí]
    ၁၊ လူမျိုးတမျိုး၏ အမည်။ ၂၊ မြီလျှိုး မိုးပျံအတတ်၊ ဆီးဝါး မန္တရား အတတ် အစဟိစွာရို့မာ တတ်သိလိမ္မာသူ
    ၁၊ လူမျိုးတစ်မျိုး၏ အမည်။ ၂၊ မြေလျှိုး မိုးပျံအတတ်၊ ဆေးဝါး မန္တရား အတတ် စသည်တို့၌ တတ်သိလိမ္မာသူ
    pharmaceutical
    နာမ်

    ဂျော်သရောင်

    [dʑɔ̀θɹàʊɴ]
    စိကေချေ ဟိန်လာကေ အရီပြားမာ အရဲအဖုအပိမ့်များ ထွက်သော (ဝက်သက် ရောဂါနန့် ဆင်တူရေ ) ရောဂါတမျိုး
    အနည်းငယ် ကိုယ်ပူလာလျှင် အရေပြားတွင် အနီအဖုအပိမ့်များ ထွက်သော (ဝက်သက် ရောဂါနှင့် ဆင်တူသော ) ရောဂါတစ်မျိုး
    epilepsy
    နာမ်

    ဂျွတ်

    [dʑwaʔ]
    ယားနာတမျိုး။ (များရွီတွက်နန့် ပေါင်ချိုင်ကြား၌ ပေါက်တတ်သည်)
    ယားနာတစ်မျိုး။ (များသောအားဖြင့် ပေါင်ချိုင်ကြား၌ ပေါက်တတ်သည်)
    scares
    နာမ်

    ဂျွတ်နာ

    [dʑwaʔnà]
    ယားနာတမျိုး။ (များရွီတွက်နန့် ပေါင်ချိုင်ကြား၌ ပေါက်တတ်သည်)
    ယားနာတစ်မျိုး။ (များသောအားဖြင့် ပေါင်ချိုင်ကြား၌ ပေါက်တတ်သည်)
    scares
    နာမ်

    ဂျွတ်လာ

    [dʑwaʔlà]
    အသားအရည် ပိန်ခြုံ၍ အင်အား နည်းပါးဗျာယ် တက်ကြွ လှုပ်ရှားခြင်း မပြုနှိုင်ရေ ကျွဲ၊ နွား စရေ။ ၂၊ (ဥပစာ ) ဗဟရီသော၊ အဆင့်အတန်း မမွှီရေ
    အသားအရည် ပိန်ချုံ၍ အင်အား နည်းပါးလျက် တက်ကြွ လှုပ်ရှားခြင်း မပြုနိုင်သော ကျွဲ၊ နွား စသည်။ ၂၊ (ဥပစာ ) အသုံးမကျသော၊ အဆင့်အတန်း မမှီသော
    inactive-lowbrow
    နာမဝိသေသန

    ဂျွတ်လာ၂

    [dʑwaʔlà၂]
    အသားအရည် ပိန်ခြုံ၍ အင်အား နည်းပါးသောသူ။ လူ၏ အဆင့်အတန်း လူစဉ်မမွှီရေသူ။ ဗျင်းကျကောင်
    အသားအရည် ပိန်ချုံ၍ အင်အား နည်းပါးသောသူ။ လူ၏ အဆင့်အတန်း လူစဉ်မမှီသောသူ။ အသုံးမကျသောသူ
    inactive-lowbrow
    နာမဝိသေသန

    ဂျွတ်လိဂျွတ်လာ

    [dʑwaʔlìdʑwaʔlà]
    အသားအရည် ကြုံလှီပိန်ခြုံး၍ အင်အားနည်းပါးဗျာယ် တက်ကြွလှုပ်ရှားခြင်း မပြုရေ။ (ဥပစာ) ဗဟရီသော
    အသားအရည် ကြုံလှီပိန်ချုံး၍ အင်အားနည်းပါးလျက် တက်ကြွလှုပ်ရှားခြင်း မပြုသော။ (ဥပစာ) အသုံးမကျသော
    inactive-lowbrow
    နာမဝိသေသန

    ဂျွတ်လှီ

    [dʑwaʔɬí]
    န-ဂြွတ်လှီ
    န-ဂြွတ်လှီ
    none
    နာမ်

    ဂျွမ်းစိုက်

    [dʑʊ̀ɴsaɪʔ]
    အဂေါင်းကိုမြေသို့ စောက်ထိုးပနာ ခြေကို အထက်ကို မှောက်တင် ထားရေ။ ၂၊ (ဥပစာ) တခုတရီ လုပ်ကိုင်ရာမာ မတော်တဆ အရင်းအနှီးပါ ဆုံးယှုံးလားသည်
    ဦးခေါင်းကိုမြေသို့ စောက်ထိုး၍ ခြေကို အပေါ်သို့ မှောက်တင် ထားသည်။ ၂၊ (ဥပစာ) တစ်စုံတစ်ခု လုပ်ကိုင်ရာ၌ မတော်တဆ အရင်းအနှီးပါ ဆုံးရှုံးသွားသည်
    lose
    ကြိယာ

    ဂျွမ်းဆိုက်

    [dʑʊ̀ɴsʰaɪʔ]
    ကြိ-ကျွမ်းစိုက်
    ကြိ-ကျွမ်းစိုက်
    head long
    ကြိယာ

    ဂျွမ်းဆောက်

    [dʑʊ̀ɴsʰɔ́ɛʔ]
    အဂေါင်းကိုမြေသို့ စောက်ထိုးပနာ ခြေကိုအထက်ကို မှောက်တင်ထားရေ။ ၂၊ (ဥပစာ) တခုတရီ လုပ်ကိုင်ရာမာ မတော်တဆ အရင်းအနှီးပါ ဆုံးယှုံးလားသည်
    ဦးခေါင်းကိုမြေသို့ စောက်ထိုး၍ ခြေကိုအပေါ်သို့ မှောက်တင်ထားသည်။ ၂၊ (ဥပစာ) တစ်စုံတစ်ခု လုပ်ကိုင်ရာ၌ မတော်တဆ အရင်းအနှီးပါ ဆုံးရှုံးသွားသည်
    lose
    ကြိယာ

    ဂျွမ်းထိုး

    [dʑʊ̀ɴtʰó]
    အဂေါင်းကို အောက်ကို စောက်ထိုးလုပ်ပနာ ကိုယ်ကိုပြန်စီရေ
    ဦးခေါင်းကို အောက်သို့ စောက်ထိုးလုပ်၍ ကိုယ်ကိုပြန်စေသည်
    head over heels
    ကြိယာ

    ဂျွမ်းပစ်

    [dʑʊ̀ɴpɪʔ]
    ကိုယ်ကို တပတ်လည်ယောင် ထိုးသည်
    ကိုယ်ကို တစ်ပတ်လည်အောင် ထိုးသည်
    head long
    ကြိယာ

    ဂျွမ်းပိုက်

    [dʑʊ̀ɴpaɪʔ]
    ဖြားရီ အတက်မာ အထက်ဘက်ကို ပြန်ပနာ ၊ ဖြားရီ အကျမာ အကျဘက်ကို (အပိုင်) ပြန်သော ငါးရှာသော ပိုက်တမျိုး
    ဒီရေ အတက်တွင် အထက်ဘက်သို့ ပြန်၍ ၊ ဒီရေ အကျတွင် အကျဘက်သို့ (အလိုလို) ပြန်သော ငါးရှာသော ပိုက်တစ်မျိုး
    fishnet
    နာမ်

    ဂျွမ်းပြန်

    [dʑʊ̀ɴpɹàɴ]
    အဂေါင်း စောက်ထိုးရား ထလန်းဂါး လန်အောင် နောက်ကို ပြန်လိုက်ရေ။ ၂၊ (ဥပစာ) မကိုက် ဖြစ်တေ။ ၃၊ ဆုံးယှုံး နစ်နာရေ
    ဦးခေါင်း စောက်ထိုးပြီး ပက်လက် လန်အောင် နောက်သို့ ပြန်လိုက်သည်။ ၂၊ (ဥပစာ) အဆင်မပြေ ဖြစ်သည်။ ၃၊ ဆုံးရှုံး နစ်နာသည်
    lose-inconvenience
    ကြိယာ

    ဂြ

    [dʑ]
    ၁၊ (စကား) ကြမ်းတမ်းရေ။ ရုန့်ရင်း ခက်ထန်ရေ။ ၂၊ မာနထောင်လွှား တတ်ရေ။ လူမမားမာ မအပ်မရာ ဂြ စကားပြောနီရေ
    ၁၊ (စကား) ကြမ်းတမ်းသည်။ ရုန့်ရင်း ခက်ထန်သည်။ ၂၊ မာနထောင်လွှား တတ်သည်။ လူနားမှာ မဆီလျော် ဂြ စကားပြောနီရေ
    arrogate
    ကြိယာ

    ဂြက်

    [dʑɛʔ]
    မာသော အရာနှစ်ခု ထိခိုက်သော အသံ
    မာသော အရာနှစ်ခု ထိခိုက်သော အသံ
    clatter
    နာမ်

    ဂြက်၂

    [dʑɛʔ၂]
    မာသော အရာနှစ်ခု ထိသည်
    မာသော အရာနှစ်ခု ထိသည်
    touch
    ကြိယာ