Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 694 words

    ဂ

    ဂြက်ကနဲ

    [dʑɛʔknɛ]
    ကကောင်းလျင် ဖျက်လတ်သော အနိန်နန့်။ တနားချေနန့် အနိန်နန့်။ မမျှော်လင့်ပဲ အနိန်နန့်
    လျင်မြန် ဖျက်လတ်သော အားဖြင့်။ ခဏချင်း အားဖြင့်။ မမျှော်လင့်ပဲ အားဖြင့်
    agility
    ကြိယာဝိသေသန

    ဂြင်

    [dʑɪ̀ɴ]
    မာသော အပင်တမျိုး
    မာသော သစ်ပင်တစ်မျိုး
    cedar
    နာမ်

    ဂြင်း

    [dʑɪ́ɴ]
    ၁၊ သင်္ဘော၊ ကျောက်ဆောင်၊ ဇာလီဘုတ်လောင်းကြီး အစဟိစွာရို့မာ တွယ်ကပ်၍ နီတတ်ရေ (ဖြူသော အရောင်ဟိရေ) ခရုတမျိုး။ ၂၊ လားယင်းမာ သွားချီးများ ကပ်ဖန်များတွက်နန့် မာကျောလားရေ အရာ။ ၃၊ မာသော အရာနှစ်ခု ထိခိုက်သော အသံ
    ၁၊ သင်္ဘော၊ ကျောက်ဆောင်၊ ကတ္တူလှေကြီး စသည်တို့တွင် တွယ်ကပ်၍ နေတတ်သော (ဖြူသော အရောင်ရှိသော) ခရုတစ်မျိုး။ ၂၊ သွားရင်းတွင် သွားချေးများ ကပ်ဖန်များ၍ မာကျောသွားသော အရာ။ ၃၊ မာသော အရာနှစ်ခု ထိခိုက်သော အသံ
    cephalopod-clatter
    နာမ်

    ဂြင်း၂

    [dʑɪ́ɴ၂]
    (ဥပစါ) မပီးရက် မကမ်းရက် ဝန်ဥစ္စာကို အထူးတွယ်တာ မက်မောတတ်သူ။ နှမြိုးတတ်သူ။ ကပ်စီးနှဲတတ် သူ
    (ဥပစါ) မပေးရက် မကမ်းရက် ပစ္စည်းဥစ္စာကို အထူးတွယ်တာ မက်မောတတ်သူ။ နှမြောတတ်သူ။ ကပ်စေးနှဲတတ် သူ
    glamour-scraper
    နာမ်

    ဂြင်း၃

    [dʑɪ́ɴ၃]
    မပီးရက် မကမ်းရက် ဝန်ဥစ္စာကို အထူးတွယ်တာ မက်မောရေ။ ကပ်စီးနှဲ့သည်
    မပေးရက် မကမ်းရက် ပစ္စည်းဥစ္စာကို အထူးတွယ်တာ မက်မောသည်။ ကပ်စေးနှဲ့သည်
    scraper
    ကြိယာ

    ဂြင်းကပ်

    [dʑɪ́ɴkaʔ]
    သင်္ဘော၊ ကျောက်ဆောင်၊ ဇာလီဘုတ်လောင်းကြီးရို့မာ ဖြူသော အရောင်ဟိရေ ခရုတမျိုး ကပ်တွယ်သည်
    သင်္ဘော၊ ကျောက်ဆောင်၊ ကတ္တူလှေကြီးတို့တွင် ဖြူသော အရောင်ရှိသော ခရုတစ်မျိုး ကပ်တွယ်သည်
    cephalopod
    ကြိယာ

    ဂြင်းကပ်၂

    [dʑɪ́ɴkaʔ၂]
    (ဥပစါ) ၁၊ အလွန် ဟောင်းနွမ်းလီဗျာယ်း ဖြစ်ရေ (အဝတ်အထည်)။ ၂၊ နှစ်များစွာ ကြာလွန်းလီဗျာယ်း ဖြစ်ရေ (ဝတ္တု၊ ဝန် စရေ။
    (ဥပစါ) ၁၊ အလွန် ဟောင်းနွမ်းလေပြီး ဖြစ်သော (အဝတ်အထည်)။ ၂၊ နှစ်များစွာ ကြာလွန်းလေပြီး ဖြစ်သော (ဝတ္တု၊ ပစ္စည်း စသည်။
    duds
    နာမဝိသေသန

    ဂြင်းကပ်၃

    [dʑɪ́ɴkaʔ၃]
    ၁၊ (ဥပစါ) အညစ်အကြီး တိစွာ။ ချီးထူရေ။ ၂၊ မြူမှုန်အစဟိစွာ ငြိကပ် နှိမ်းနိန်ရေ
    ၁၊ (ဥပစါ) အညစ်အကြေး များသည်။ ချေးထူသည်။ ၂၊ မြူမှုန်စသည် ငြိကပ် လိမ်းကျံနေသည်
    dirty
    ကြိယာ

    ဂြင်းကပ်မ

    [dʑɪ́ɴkaʔm]
    ဝန်ဥစ္စာကို မပေးမကမ်းရက် အထူးတွယ်တာ မက်မောတတ်ရေ မမာ့ကို နှိမ့်ချပနာ ခေါ်သော စကား။ ၂၊ အသက်အရွယ် ကြီးပြီးဖြစ်ပနာ လင်မရရေ ငေါင်းမကို ပြောင်လောင်းာင်လိုရေ သဘော၊ နှိမ့်ချလိုသည့် သဘောနန့်ခေါ်သော စကား
    ပစ္စည်းဥစ္စာကို မပေးမကမ်းရက် အထူးတွယ်တာ မက်မောတတ်သော မိန်းမကို နှိမ့်ချ၍ ခေါ်သော စကား။ ၂၊ အသက်အရွယ် ကြီးပြီးဖြစ်၍ လင်မရသော အပျိုဟိုင်းကို ပြောင်လှောင်လိုသည့် သဘော၊ နှိမ့်ချလိုသည့် သဘောဖြင့်ခေါ်သော စကား
    spinster
    နာမ်

    ဂြင့်ခရားသီး

    [dʑɪ̀ɴ့kʰɹáθï]
    အခွံပြင်မာ ပြုတ်ထနိန်ရေ ခါးသော အရသာဟိရေ အသီးသီးသည့် နွယ်ပင်တမျိုး။ ကြက်ဟင်းခါးသီး
    အခွံပြင်တွင် ပြုတ်ထနေသော ခါးသော အရသာရှိသော အသီးသီးသည့် နွယ်ပင်တစ်မျိုး။ ကြက်ဟင်းခါးသီး
    bitter gourd
    နာမ်

    ဂြင့်ခါးသီး

    [dʑɪ̀ɴ့kʰàးθï]
    အခွံပြင်မာ ပြုတ်ထနိန်ရေ ခါးသော အရသာဟိရေ အသီးသီးသည့် နွယ်ပင်တမျိုး။ ကြက်ဟင်းခါးသီး
    အခွံပြင်တွင် ပြုတ်ထနေသော ခါးသော အရသာရှိသော အသီးသီးသည့် နွယ်ပင်တစ်မျိုး။ ကြက်ဟင်းခါးသီး
    bitter gourd
    နာမ်

    ဂြင်ဂြင်

    [dʑɪ̀ɴdʑɪ̀ɴ]
    မာသော အရာနှစ်ခု ထိခိုက်သော အသံ
    မာသော အရာနှစ်ခု ထိခိုက်သော အသံ
    clatter
    နာမ်

    ဂြင်ဂြင်၂

    [dʑɪ̀ɴdʑɪ̀ɴ၂]
    မာသောအရာနှစ်ခု ထိခိုက်ရေ
    မာသောအရာနှစ်ခု ထိခိုက်သည်
    impinge
    ကြိယာ

    ဂြင်တိုက်

    [dʑɪ̀ɴtaɪʔ]
    ဘုန်းကြီးပျံမာ အလောင်းကို မီးဟိုရရေ ကိရိယာ တမျိုး
    ဘုန်းကြီးပျံတွင် အလောင်းကို မီးရှိုရသော ကိရိယာ တစ်မျိုး
    none
    နာမ်

    ဂြစ်

    [dʑɪʔ]
    ဆားငန်ရည်မှီရာ အရပ်၌ ရီကြီးရေအခါ ကျောက်ဆောင်၊ ကျောက်တုံး ၊ အပင်ရို့မာ တွယ်နီတတ်ရေ ခရုတမျိုး
    ဆားငန်ရည်မှီရာ အရပ်၌ ရေကြီးသောအခါ ကျောက်ဆောင်၊ ကျောက်တုံး ၊ သစ်ပင်တို့တွင် တွယ်နေတတ်သော ခရုတစ်မျိုး
    abalone
    နာမ်

    ဂြစ်သျှေ

    [dʑɪʔʃè]
    ရီကြီးရေအခါ ကျောက်ဆောင်၊ ကျောက်တုံး ၊ အပင်ထက်ရို့မာ တွယ်နိန်ရေ ငယ်ရေ ခရုငယ်တမျိုး
    ရေကြီးသောအခါ ကျောက်ဆောင်၊ ကျောက်တုံး ၊ သစ်ပင်ထက်တို့တွင် တွယ်နေသော သေးငယ်သော ခရုငယ်တစ်မျိုး
    abalone
    နာမ်

    ဂြစ်သျှေ၂

    [dʑɪʔʃè၂]
    (ဥပစာ) လူပု လူကျစ်အချေကို တင်စားပနာ ခေါ်သောစကား
    (ဥပစာ) လူပု လူကျစ်ကလေးကို တင်စား၍ ခေါ်သောစကား
    dwarf
    နာမ်

    ဂြတ်

    [dʑaʔ]
    ကြိမ် အကြီးစားတမျိုး
    ကြိမ် အကြီးစားတစ်မျိုး
    cane
    နာမ်

    ဂြန်း

    [dʑáɴ]
    ကြမ်းတမ်းသော အသံ
    ကြမ်းတမ်းသော အသံ
    boisterous
    နာမ်

    ဂြန်း၂

    [dʑáɴ၂]
    ရခိုင်စည်၏ ဇာဘက်(ဝဲဘက်)မှ တီးခတ်သော စည်အသံ
    ရခိုင်စည်၏ ဘယ်ဘက်(ဝဲဘက်)မှ တီးခတ်သော စည်အသံ
    beat
    နာမ်