Dictionary Entries
Showing 561–580 of 694 words
ဂ
ဂြာမ
[dʑàm]
Arakanese:
စောင်းခပ်မြောင်းခပ် ရန်ရှာတတ်သည်
Burmese:
စောင်းမြောင်း ရန်ရှာတတ်သည်
English:
tilt tend to drain
Grammar Note:
ကြိယာ
ဂြာမ၂
[dʑàm၂]
Arakanese:
စောင်းခပ်မြောင်းခပ် ရန်ရှာတတ်ရေ မမာ့
Burmese:
စောင်းမြောင်း ရန်ရှာတတ်သော မိန်းမ
English:
hellcat
Grammar Note:
နာမ်
ဂြာအိုကျ
[dʑàʔÒt͡ɕ]
Arakanese:
၁၊ နှစ်ပေါင်းများစွာ ကြာမြင့်လီဗျာယ်း ဖြစ်ရေ (အပင်)။ ၂၊ အလွန် အိုမင်း ရင့်ရော်သော (အဖိုးကြီး)
Burmese:
၁၊ နှစ်ပေါင်းများစွာ ကြာမြင့်လေပြီး ဖြစ်သော (သစ်ပင်)။ ၂၊ အလွန် အိုမင်း ရင့်ရော်သော (အဖိုးကြီး)
English:
ageing
Grammar Note:
နာမဝိသေသန
ဂြာအိုကျ၂
[dʑàʔÒt͡ɕ၂]
Arakanese:
၁၊ နှစ်ပေါင်းများစွာ ကြာမြင့်လီဗျာယ်း ဖြစ်ရေ အပင်။ ၂၊ အလွန် အိုမင်း ရင့်ရော်သော အဖိုးကြီး
Burmese:
၁၊ နှစ်ပေါင်းများစွာ ကြာမြင့်လေပြီး ဖြစ်သော သစ်ပင်။ ၂၊ အလွန် အိုမင်း ရင့်ရော်သော အဖိုးကြီး
English:
ageing
Grammar Note:
နာမ်
ဂြာအိုကျမ
[dʑàʔÒt͡ɕm]
Arakanese:
အလွန် အိုမင်း ရင့်ရော်သော (ဝါကြီးမကြီး)
Burmese:
အလွန် အိုမင်း ရင့်ရော်သော (အဖွါးကြီး)
English:
ageing
Grammar Note:
နာမဝိသေသန
ဂြာအိုကျမ၂
[dʑàʔÒt͡ɕm၂]
Arakanese:
အလွန် အိုမင်း ရင့်ရော်သော ဝါကြီးမကြီး
Burmese:
အလွန် အိုမင်း ရင့်ရော်သော အဖွါးကြီး
English:
ageing
Grammar Note:
နာမ်
ဂြို
[dʑÒ]
Arakanese:
ကျွဲ၊ နွား၊ သမင်၊ ပြားဆတ်အစဟိရေ တိရိစ္ဆာန်ရို့၏ အဂေါင်း၌ ပေါက်သည့် မာသော အချွန်။ ဂြို
Burmese:
ကျွဲ၊ နွား၊ သမင်၊ ဒရယ်စသော တိရိစ္ဆာန်တို့၏ ဦးခေါင်း၌ ပေါက်သည့် မာသော အချွန်။ ဦးချို
English:
horn
Grammar Note:
နာမ်
ဂြိုး
[dʑó]
Arakanese:
မီးမာ ကြာကြာထားရေ အတွက် အကျက်လွန်သနန့် အိုးမာ ကပ်နိန်ရေ စားသောက်စရာ အစဟိစွာ
Burmese:
မီးတွင် ကြာကြာထားသည့် အတွက် အကျက်လွန်သဖြင့် အိုးတွင် ကပ်နေသော စားသောက်စရာ စသည်
English:
char
Grammar Note:
နာမ်
ဂြိုး၂
[dʑó၂]
Arakanese:
ဂြိုးငှက်။ ၂၊ ဂြိုးငှက်ကို ခေါ်သောစကားလုံး
Burmese:
ချိုးငှက်။ ၂၊ ချိုးငှက်ကို ခေါ်သောစကားလုံး
English:
dove
Grammar Note:
နာမ်
ဂြိုးကပ်
[dʑókaʔ]
Arakanese:
ထမင်းအကျက် လွန်သနန့် အိုးမာ ကပ်တွယ်နိန်ရေ။ အညစ်အကြီး တိစွာ။ ချီးထူရေ
Burmese:
ထမင်းအကျက် လွန်သဖြင့် အိုးတွင် ကပ်တွယ်နေသည်။ အညစ်အကြေး များသည်။ ချေးထူသည်
English:
char
Grammar Note:
ကြိယာဝိသေသန
ဂြိုးကပ်၂
[dʑókaʔ၂]
Arakanese:
နှစ်ကာလ ကြာမြင့်ပြီး ဖြစ်ရေ။ ကာလ ကြာမြင့်ပနာ ဟောင်းနွမ်းပြီး ဖြစ်ရေ (အထည်ဝန် အစဟိစွာ)
Burmese:
နှစ်ကာလ ကြာမြင့်ပြီး ဖြစ်သော။ ကာလ ကြာမြင့်၍ ဟောင်းနွမ်းပြီး ဖြစ်သော (အထည်ပစ္စည်း စသည်)
English:
duds
Grammar Note:
နာမဝိသေသန
ဂြိုကား
[dʑÒká]
Arakanese:
တချောင်းနန့် တချောင်း ဝီးကွာ ကားထွက်လှား၍ ဂြိုအစုံပါရေ ကျွဲ၊ နွား
Burmese:
တစ်ချောင်းနှင့် တစ်ချောင်း ဝေးကွာ ကားထွက်သွား၍ ဦးချိုအစုံပါသည့် ကျွဲ၊ နွား
English:
cow
Grammar Note:
နာမ်
ဂြိုကျိုး
[dʑÒt͡ɕó]
Arakanese:
(ဥပစာ) မာနချရေ။ မာနကျရေ။ နိမ့်ချပနာ ပြောရေ
Burmese:
(ဥပစာ) မာနချသည်။ မာနကျသည်။ နိမ့်ချ၍ ပြောသည်
English:
submissive
Grammar Note:
ကြိယာ
ဂြိုကျိုးနားရွက်ပဲ့
[dʑÒt͡ɕónáɹwɛʔpé]
Arakanese:
(ဥပစာ) နှိမ့်ချပနာပြောမှု။ အသုံးပြုရာမာ နည်းပါးမှု၊ တန်ဖိုး လျော့နည်းမှု ဖြစ်ရေ ဝန်ဝတ္တုများ
Burmese:
(ဥပစာ) နှိမ့်ချ၍ပြောမှု။ အသုံးပြုရာ၌ နည်းပါးမှု၊ တန်ဖိုး လျော့နည်းမှု ဖြစ်သော ပစ္စည်းဝတ္တုများ
English:
submissive
Grammar Note:
နာမ်
ဂြိုးဂြိုးဂြမ်းဂြမ်း
[dʑódʑódʑáɴdʑáɴ]
Arakanese:
ကျယ်လောင် ပြင်းထန်သော အသံမြည်ဟည်းဗျာယ်
Burmese:
ကျယ်လောင် ပြင်းထန်သော အသံမြည်ဟည်းလျက်
English:
growl
Grammar Note:
ကြိယာဝိသေသန
ဂြိုးဂြိုးဂြမ်းဂြမ်း၂
[dʑódʑódʑáɴdʑáɴ၂]
Arakanese:
မိုးကြိုးသံ ထစ်ချုန်း မြည်ဟည်းသည်
Burmese:
မိုးကြိုးသံ ထစ်ချုန်း မြည်ဟည်းသည်
English:
thunder
Grammar Note:
ကြိယာ
ဂြိုစောင်း
[dʑÒsáʊɴ]
Arakanese:
နား၏ နောက်ဘက် အထက်ဖြစ်ရေ အဂေါင်း၏အစိတ်
Burmese:
နား၏ နောက်ဘက် အထက်ဖြစ်သော ဦးခေါင်း၏အစိတ်
English:
head
Grammar Note:
နာမ်
ဂြိုးညှင်း
[dʑóɲ̯ɪ́ɴ]
Arakanese:
ပကတိ ဂြိုးငှက်ထက် ငယ်သော ဂြိုးငှက်တမျိုး
Burmese:
ပကတိ ချိုးငှက်ထက် ငယ်သော ချိုးငှက်တစ်မျိုး
English:
dove
Grammar Note:
နာမ်
ဂြိုးညှင်း၂
[dʑóɲ̯ɪ́ɴ၂]
Arakanese:
ဂြိုးငှက်၏ လိုင်တံ၌ အဖြူကွက်ပိုင် လူရို့ကိုယ်၌ ဖြူခြောက်ခြောက် ပေါ်တတ်ရေ အရီပြား ရောဂါ တမျိုး
Burmese:
ချိုးငှက်၏ လည်တံ၌ အဖြူကွက်ကဲ့သို့ လူတို့ကိုယ်၌ ဖြူခြောက်ခြောက် ပေါ်တတ်သော အရေပြား ရောဂါ တစ်မျိုး
English:
yaws
Grammar Note:
နာမ်
ဂြိုတည်လဲ
[dʑÒtɛ̀lɛ]
Arakanese:
ဂြို တချောင်းထောင်၍ တချောင်း လဲနိန်ရေ ကျွဲ၊ နွား
Burmese:
ဦးချို တစ်ချောင်းထောင်၍ တစ်ချောင်း လဲနေသော ကျွဲ၊ နွား
English:
horned
Grammar Note:
နာမ်