Dictionary Entries
Showing 41–60 of 694 words
ဂ
ဂန်ကန်
[ɡàɴkàɴ]
Arakanese:
(တိမ်းစောင်းနီရေ အဆောက်အအုံကို) သစ်သားနန့် ထောက်ကန်ထားရေ
Burmese:
(တိမ်းစောင်းနေသည့် အဆောက်အအုံကို) သစ်သားဖြင့် ထောက်ကန်ထားသည်
English:
support wooden stick
Grammar Note:
ကြိယာ
ဂန့်ဂလာ
[ɡàɴ့ɡlà]
Arakanese:
ခါးသော အရရာဟိရေ့ မြေဝပ်ပင်တမျိုး
Burmese:
ခါးသော အရသာရှိသည့် မြေဝပ်ပင်တစ်မျိုး
English:
bitterness plant
Grammar Note:
နာမ်
ဂန့်ဂေါ်
[ɡàɴ့ɡɔ̀]
Arakanese:
ခါးသော အရရာဟိရေ့ မြေဝပ်ပင်တမျိုး
Burmese:
ခါးသော အရသာရှိသည့် မြေဝပ်ပင်တစ်မျိုး
English:
bitterness plant
Grammar Note:
နာမ်
ဂန်တကောက်နွယ်
[ɡàɴtkɔ́ɛʔnwɛ̀]
Arakanese:
ချိုင်နှောင်ရာမာ အသုံးပြုရေ ပျော့ပျောင်းသည့် အချေစား နွယ်တမျိုး
Burmese:
ချည်နှောင်ရာတွင် အသုံးပြုသော ပျော့ပျောင်းသည့် အငယ်စား နွယ်တစ်မျိုး
English:
kind of vine
Grammar Note:
နာမ်
ဂန်တီနွယ်
[ɡàɴtínwɛ̀]
Arakanese:
လက်သန်း လောက်ခန့်ဟိ ပျော့ပျောင်းရေ နွယ်တမျိုး
Burmese:
လက်သန်း လောက်ခန့်ရှိ ပျော့ပျောင်းသော နွယ်တစ်မျိုး
English:
vine
Grammar Note:
နာမ်
ဂန်တု
[ɡàɴtoʊ]
Arakanese:
ယောက်ျားဖြစ်ဗျာယ် မမာ့၏ စိတ်ထားစိတ်နီ အမူအရာ စွဲဝင်နီသူ။ မယူမ
Burmese:
ယောက်ျားဖြစ်လျက် မိန်းမ၏ စိတ်ထားစိတ်နေ အမူအရာ စွဲဝင်နေသူ။ မိန်းမလျာ
English:
sissy
Grammar Note:
နာမ်
ဂန့်ဒရံ
[ɡàɴ့dɹံ]
Arakanese:
ချောင်းနားမာ ပေါက်သော ဟင်းစားရရေ ဟင်းပင်တမျိုး
Burmese:
ချောင်းနားတွင် ပေါက်သော ဟင်းစားရသည့် ဟင်းပင်တစ်မျိုး
English:
a brook curry
Grammar Note:
နာမ်
ဂန့်ဒရယ်
[ɡàɴ့dɹɛ̀]
Arakanese:
ချောင်းနားမာ ပေါက်သော ဟင်းစားရရေ ဟင်းပင်တမျိုး
Burmese:
ချောင်းနားတွင် ပေါက်သော ဟင်းစားရသည့် ဟင်းပင်တစ်မျိုး
English:
a brook curry
Grammar Note:
နာမ်
ဂန်းဒူး
[ɡáɴdùး]
Arakanese:
၁၊ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်း။ တဇူးကန်း။ တရှူးထိုး။ ၂၊ အဆုတ်အဆိုင်း မဟိဘဲ။ ထိုးကန်း ပြုလုပ်ဗျာယ်
Burmese:
၁၊ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်း။ တဇောက်ကန်း။ တရှူးထိုး။ ၂၊ အဆုတ်အဆိုင်း မရှိပဲ။ တဇွတ်ထိုး ပြုလုပ်လျက်
English:
hothead
Grammar Note:
ကြိယာဝိသေသန
ဂန်းဒူး၂
[ɡáɴdùး၂]
Arakanese:
မိုက်ကန်းကန်း။ အဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ် ခြူစွာ။ မောဟတတ်ကျူး၊ မာန်ဟူးဟူးဖြင့်၊ ဂန်းဒူးဆတ်ဆတ်၊ လန့်ဆန်တတ်၏ (ရခိုင်ကာ)
Burmese:
မိုက်ကန်းကန်း။ အဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ် ရမ်းကားစွာ။ မောဟတတ်ကျူး၊ မာန်ဟူးဟူးဖြင့်၊ ဂန်းဒူးဆတ်ဆတ်၊ ငြင်းဆန်တတ်၏ (ရခိုင်ကာ)
English:
hothead
Grammar Note:
ကြိယာဝိသေသန
ဂန်းဒူး၃
[ɡáɴdùး၃]
Arakanese:
၁၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျသော။ တွေဝေမိုက်မဲသော သဘောဟိရေ။ ၂၊ ဆိုဆုံးမ ခက်သော။ မာနခက်ထန်သော။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ်သော
Burmese:
၁၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျသော။ တွေဝေမိုက်မဲသော သဘောရှိသော။ ၂၊ ဆိုဆုံးမ ခက်သော။ မာနခက်ထန်သော။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာ ကြမ်းကြုတ်သော
English:
irrationality
Grammar Note:
နာမဝိသေသန
ဂမူးရှုးထိုး
[ɡmùးʃoʊးtʰó]
Arakanese:
၁၊ မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မဟိဘဲ။ ထိုးကန်း။ ၂၊ မစဉ်းမစား။ မထိန်းမသိမ်း။ မဆင်မခြင်။ တဇူးကန်း
Burmese:
၁၊ မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မရှိပဲ။ တဇွတ်ထိုး။ ၂၊ မစဉ်းမစား။ မထိန်းမသိမ်း။ မဆင်မခြင်။ တဇောက်ကန်း
English:
careless
Grammar Note:
ကြိယာဝိသေသန
ဂယက်
[ɡjɛʔ]
Arakanese:
လှိုင်းကြောင့် ဖြစ်စီ၊ ဝဲကြောင့် ဖြစ်စီ မငြိမ်မသက် ဆက်ကာဆက်ကာ ရေ၏ လှုပ်ရှားနိန်ရေ၏ အဖြစ်။ လှိုင်းဂယက်ကေ၊ ညံသောသောနှင့် (ဓမ္မသာ)။ လှိုင်းဂယက်ကေ၊ ယက်တက်သံနှင့် (၄င်း)
Burmese:
လှိုင်းကြောင့် ဖြစ်စေ၊ ဝဲကြောင့် ဖြစ်စေ မငြိမ်မသက် ဆက်ကာဆက်ကာ ရေ၏ လှုပ်ရှားနေသည်၏ အဖြစ်။ လှိုင်းဂယက်ကေ၊ ညံသောသောနှင့် (ဓမ္မသာ)။ လှိုင်းဂယက်ကေ၊ ယက်တက်သံနှင့် (၄င်း)
English:
small waves or ripples
Grammar Note:
နာမ်
ဂယက်ကြောင်း
[ɡjɛʔt͡ɕáʊɴ]
Arakanese:
လောင်း၊ သင်္ဘောအစဟိစွာ လားလာရာမာ နောက်ဘက်ရေ ပြင်၌ ထင်၍ကျန်ခသော ရီစီး
Burmese:
လှေ၊ သင်္ဘောစသည် သွားလာရာတွင် နောက်ဘက်ရေ ပြင်၌ ထင်၍ကျန်ခဲ့သော ရေစီး
English:
(of sea) be choppy
Grammar Note:
နာမ်
ဂယက်ရိုက်
[ɡjɛʔɹaɪʔ]
Arakanese:
၁၊ လှိုင်းများ ကမ်းထောင်းသို့ ထိခိုက် ရိုက်ပုတ်ရေ။ ၂၊ လူများ ဆူဆူညံညံ ယောက်ယက်ခတ် ဖြစ်တေ။ ၃၊ မငြိမ်မသက် ယောက်ယက်ခတ် ဖြစ်တေ
Burmese:
၁၊ လှိုင်းများ ကမ်းပါးသို့ ထိခိုက် ရိုက်ပုတ်သည်။ ၂၊ လူများ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား ဖြစ်သည်။ ၃၊ မငြိမ်မသက် လှုပ်လှုပ်ရှားရှား ဖြစ်သည်
English:
(of sea) be choppy
Grammar Note:
ကြိယာ
ဂယိုင်သီး
[ɡjàɪɴθï]
Arakanese:
ဂေါ်ယိုင်သီး
Burmese:
မာလကာသီး
English:
guava fruit
Grammar Note:
နာမ်
ဂရက်
[ɡɹɛʔ]
Arakanese:
ငြင်းခုံမှု။ ခိုက်ရန် ဖြစ်ပွားမှုဖြစ်ခြင်း
Burmese:
ငြင်းခုံမှု။ ခိုက်ရန် ဖြစ်ပွားမှုဖြစ်ခြင်း
English:
quarrel
Grammar Note:
နာမ်
ဂရက်၂
[ɡɹɛʔ၂]
Arakanese:
၁၊ လှုပ်ရှား ဆူပူရေ။ ၂၊ မငြိမ်မသက် ဖြစ်တေ
Burmese:
၁၊ လှုပ်ရှား ဆူပူသည်။ ၂၊ မငြိမ်မသက် ဖြစ်သည်
English:
brawling
Grammar Note:
ကြိယာ
ဂရင်သီး
[ɡɹɪ̀ɴθï]
Arakanese:
အလုံး ပပိန်ချေ ရှည်လျားပြီး အခွံဝါ၍ အနံ့ကြိုင်သော နပျိုးသီး တမျိုး။ သီးမွှီးနှပျိုး
Burmese:
အလုံး သေးသွယ် ရှည်လျားပြီး အခွံဝါ၍ အနံ့ကြိုင်သော ငှက်ပျောသီး တစ်မျိုး။ သီးမွှေးငှက်ပျော
English:
banana
Grammar Note:
နာမ်
ဂရု
[ɡɹoʊ]
Arakanese:
အရီး ဗွေယူရေ
Burmese:
အရေး အလေးထားသည်
English:
careful
Grammar Note:
ကြိယာ