Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 581–600 of 694 words

    ဂ

    ဂြိုထင်

    [dʑÒtʰɪ̀ɴ]
    ဂြို၏ နောက်ဘက်
    ဦးချို၏ နောက်ဘက်
    horns rear
    နာမ်

    ဂြိုထောင်

    [dʑÒtʰàʊɴ]
    (ဥပစာ) လူတံပက်လူကို ရန်ယှာရေ။ မာန ခက်ထန် ထောင်လွှားရေ။ ပိုလွန်ပ လွား ပြောဆိုရေ။ အလွန်ကြွားဗျာယ် ပြောရေ
    (ဥပစာ) လူတစ်ဘက်သားကို ရန်ရှာသည်။ မာန ခက်ထန် ထောင်လွှားသည်။ ပိုလွန်ပ လွား ပြောဆိုသည်။ အလွန်ကြွားလျက် ပြောသည်
    vain
    ကြိယာ

    ဂြိုပက်ကား

    [dʑÒpɛʔká]
    တချောင်းနန့် တချောင်း ဝီးကွာ ကားထွက်လှား၍ ဥမျိုးအစုံပါရေ ကျွဲ၊ နွား
    တစ်ချောင်းနှင့် တစ်ချောင်း ဝေးကွာ ကားထွက်သွား၍ ဥမျိုးအစုံပါသည့် ကျွဲ၊ နွား
    cow
    နာမ်

    ဂြိုပြဲ

    [dʑÒpɹɛ]
    ဂြိုတချောင်းနန့် တချောင်း ဝီးကွာ ကားထွက်ပြီးကေ ကောက်သော ဂြိုအစုံဟိရေ ကျွဲ
    ဦးချိုတစ်ချောင်းနှင့် တစ်ချောင်း ဝေးကွာ ကားထွက်၍ ကောက်သော ဦးချိုအစုံရှိသော ကျွဲ
    horn
    နာမ်

    ဂြိုလဲထောင်

    [dʑÒlɛtʰàʊɴ]
    ဂြို တချောင်းထောင်၍ တချောင်းလဲနိန်ရေ ကျွဲ၊ နွား
    ဦးချို တစ်ချောင်းထောင်၍ တစ်ချောင်းလဲနေသော ကျွဲ၊ နွား
    horn
    နာမ်

    ဂြိုဝန်း

    [dʑÒwáɴ]
    ဝိုင်းဝန်းသော ဂြိုဟိရေကျွဲ
    ဝိုင်းဝန်းသော ဦးချိုရှိသောကျွဲ
    horn
    နာမ်

    ဂြိုးသိမ်း

    [dʑóθéɪɴ]
    န-ခြိုးသိမ်း
    န-ခြိုးသိမ်း
    none
    နာမ်

    ဂြိုသွီး

    [dʑÒθwï]
    ကျွဲသည် ခက်ထန် မောက်မာမှု အဟိတ်ဖြင့် မြီစိုင်ခဲကို တိုက်ခိုက်ရေ။၂၊ (ဥပစာ) ရန်ဖြစ်ရန် အခြီအရဲကို ဖန်တီးရေ။ တဖက်သားကို ရန်ပြုဖို့ ပျင်ဆင်ရေ
    ကျွဲသည် ခက်ထန် မောက်မာမှု အရှိန်အဝါဖြင့် မြေစိုင်ခဲကို တိုက်ခိုက်သည်။၂၊ (ဥပစာ) ရန်ဖြစ်ရန် အခြေအနေကို ဖန်တီးသည်။ တစ်ဖက်သားကို ရန်ပြုရန် ပြင်ဆင်သည်
    prepare-fight-create
    ကြိယာ

    ဂြိုဟ်ကောင်

    [dʑÒh်kàʊɴ]
    (ဥပစာ) မကောင်းကျိုးသာ သက်ဝင်ပြီးကေ ကောင်းကျိုးကို မပီးတတ်ရေသူ
    (ဥပစာ) မကောင်းကျိုးသာ သက်ဝင်၍ ကောင်းကျိုးကို မပေးတတ်သောသူ
    adverse
    နာမ်

    ဂြိုဟ်ကောင်း

    [dʑÒh်káʊɴ]
    ကောင်းရေ အကျိုးကို ပီးတတ်ရေ ဂြိုဟ်
    ကောင်းသော အကျိုးကို ပေးတတ်သော ဂြိုဟ်
    benefit
    နာမ်

    ဂြိုဟ်စာ

    [dʑÒh်sà]
    မကောင်းရေ ဂြိုဟ်သက် ရောက််နီရေ အတွက် (ယင်းဂြိုဟ်အတွက်) ကျွေးရရေ အစားအစာ
    မကောင်းသော ဂြိုဟ်သက် ရောက််နေသည့် အတွက် (ယင်းဂြိုဟ်အတွက်) ကျွေးရသော အစားအစာ
    adverse
    နာမ်

    ဂြိုဟ်စီး

    [dʑÒh်sï]
    (ဥပစာ) မကောင်းရေ ဂြိုဟ် ဝင်ရောက်လှာရေ။ ဒုက္ခ ရောက်ရေ။ ဂြိုဟ်ကျရေ
    (ဥပစာ) မကောင်းသော ဂြိုဟ် ဝင်ရောက်လာသည်။ ဒုက္ခ ရောက်သည်။ ဂြိုဟ်ကျသည်
    adverse
    ကြိယာ

    ဂြိုဟ်ဆိုး

    [dʑÒh်sʰó]
    မကောင်းရေ အကျိုးကို ပီးတတ်ရေ ဂြိုဟ်
    မကောင်းသော အကျိုးကို ပေးတတ်သော ဂြိုဟ်
    adverse
    နာမ်

    ဂြိုဟ်ပျောက်နံပျောက်

    [dʑÒh်prɔ́ɛʔnံprɔ́ɛʔ]
    မကောင်းရေ ဂြိုဟ်ဆိုး ရို့၏ အနှောင့်အယှက်များ ပြေပျောက်လားစီရန်
    မကောင်းသော ဂြိုဟ်ဆိုး တို့၏ အနှောင့်အယှက်များ ပြေပျောက်သွားစေရန်
    disappear
    ကြိယာဝိသေသန

    ဂြိုဟ်မွှီ

    [dʑÒh်mW̯í]
    (ဥပစာ) မကောင်းကျိုး ဖန်တီးရေ။ မကောင်းကျိုး သင့်ရောက်လှာရေ။ ဒုက္ခပီးရေ
    (ဥပစာ) မကောင်းကျိုး ဖန်တီးသည်။ မကောင်းကျိုး သင့်ရောက်လာသည်။ ဒုက္ခပေးသည်
    create-adverse-incommode
    ကြိယာ

    ဂြိုဟ်ရောက်

    [dʑÒh်ɹɔ́ɛʔ]
    မွီးနိ ဂြိုဟ်သက်ရို့အရ သျှစ်လုံးသော ဂြိုဟ်မာ တလုံးလုံးနန့် တိုက်ဆိုင်သည်
    မွေးနေ့ ဂြိုဟ်သက်တို့အရ ရှစ်လုံးသော ဂြိုဟ်တွင် တစ်လုံးလုံးနှင့် တိုက်ဆိုင်သည်
    coincidence
    ကြိယာ

    ဂြိုဟ်ဝင်

    [dʑÒh်wɪ̀ɴ]
    မွီးနိ ဂြိုဟ်သက်ရို့အရ သျှစ်လုံးသော ဂြိုဟ်မာ တလုံးလုံးနန့် တိုက်ဆိုင်သည်
    မွေးနေ့ ဂြိုဟ်သက်တို့အရ ရှစ်လုံးသော ဂြိုဟ်တွင် တစ်လုံးလုံးနှင့် တိုက်ဆိုင်သည်
    coincidence
    ကြိယာ

    ဂြိုဟ်သက်

    [dʑÒh်θɛʔ]
    တနင်းဂနွီ၊ တနင်းလာဂြိုဟ်ရို့၏ အသက်
    တနင်္ဂနွေ၊ တနင်္လာဂြိုဟ်တို့၏ အသက်
    none
    နာမ်

    ဂြုတ်

    [dʑoʊʔ]
    တခုတရီ အဖိုးတန်ဝန် ထည့်သိုစရာ အပေါင်ပါရေ ခွက်တမျိုး
    တစ်စုံတစ်ခု အဖိုးတန်ပစ္စည်း ထည့်သိုစရာ အဖုံးပါသည့် ခွက်တစ်မျိုး
    bowl
    နာမ်

    ဂြုတ်ကျောက်

    [dʑoʊʔt͡ɕɔ́ɛʔ]
    လိုင်ခြောင်းမား၌ လေပြတ်တောင်း ပြတ်တောင်းအထက်ကို တက်ရေ။ ဂုတ်ကျောက်ရေ။ ၂၊ အသက် ကုန်ခါနီး လူ၏ လိုင်ခြောင်းမား၌ ဂြုတ်ဂြုတ် အသံမြည်သည်
    လည်ချောင်းတွင်း၌ လေပြတ်တောင်း ပြတ်တောင်းအထက်သို့ တက်သည်။ ကြို့ထိုးသည်။ ၂၊ အသက် ကုန်ခါနီး လူ၏ လည်ချောင်းတွင်း၌ ဂြုတ်ဂြုတ် အသံမြည်သည်
    singultus-hiccough
    ကြိယာ