Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 641–660 of 694 words

    ဂ

    ဂြွတ်လှီ

    [dʑwaʔɬí]
    ရခိုင်ဘုရင်မင်းရို့ လက်ထက်က အသုံးပြုရေ အလျားရှည်ပြီး ဦးနန့် ပဲ့ကော့ ထောင်သော တိုက်လှီကြီး တမျိုး။ (ကြက်လှီ၊ ကျွတ်လှီ၊ ဂျွတ်လှီ လို့လေ့ တွိရရေ။
    ရခိုင်ဘုရင်မင်းတို့ လက်ထက်က အသုံးပြုသော အလျားရှည်ပြီး ဦးနှင့် ပဲ့ကော့ ထောင်သော တိုက်လှေကြီး တစ်မျိုး။ (ကြက်လှီ၊ ကျွတ်လှီ၊ ဂျွတ်လှီ ဟုလည်း တွေ့ရသည်။
    Pattle_cruiser
    နာမ်

    ဂြွန်းကနဲ

    [dʑʊ́ɴknɛ]
    တနားချေနန့်အားဖြင့် မမျှော်လင့်ပဲအနိန်နန့်။ အမှတ်မထင် ဖြစ်ပေါ်သောအနိန်နန့်
    ခဏချင်းအားဖြင့် မမျှော်လင့်ပဲ အားဖြင့်။ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်
    suddenly
    ကြိယာဝိသေသန

    ဂြွန်းဂြွန်း

    [dʑʊ́ɴdʑʊ́ɴ]
    ခက်မာသောအရာ နှစ်ခုတီးခတ်သော အသံ
    ခက်မာသောအရာ နှစ်ခုတီးခတ်သော အသံ
    clatter
    နာမ်

    ဂြွန်းဂြွန်းလဲ

    [dʑʊ́ɴdʑʊ́ɴlɛ]
    ကိုယ်ကို မထိန်းနိုင်ပဲ အဟိန်ဖြင့် ယိမ်းထိုးလာရေ
    ကိုယ်ကို မထိန်းနိုင်ပဲ အရှိန်ဖြင့် ယိမ်းထိုးလာသည်
    totter
    ကြိယာဝိသေသန

    ဂြွန်းဂြွန်းလဲ၂

    [dʑʊ́ɴdʑʊ́ɴlɛ၂]
    ကိုယ်ကို မထိန်းနိုင်ပဲ အဟိန်ဖြင့် ယိမ်းထိုးလဲရေ
    ကိုယ်ကို မထိန်းနိုင်ပဲ အရှိန်ဖြင့် ယိမ်းထိုးလဲသည်
    totter
    ကြိယာ

    ဂြွန်းထိုးလဲ

    [dʑʊ́ɴtʰólɛ]
    ကိုယ်ကိုမထိန်းနိုင်ပဲ အဟိန်ဖြင့် ယိမ်းထိုးလာရေ
    ကိုယ်ကိုမထိန်းနိုင်ပဲ အရှိန်ဖြင့် ယိမ်းထိုးလာသည်
    totter
    ကြိယာဝိသေသန

    ဂြွန်းထိုးလဲ၂

    [dʑʊ́ɴtʰólɛ၂]
    ကိုယ်ကိုမထိန်းနိုင်ပဲ အဟိန်ဖြင့် ယိမ်းထိုးလဲရေ။၂၊ အဟိန်အဟုန်ဖြင့် ဟိကို မှောက်ဗျာယ် လဲကျရေ
    ကိုယ်ကိုမထိန်းနိုင်ပဲ အရှိန်ဖြင့် ယိမ်းထိုးလဲသည်။၂၊ အရှိန်အဟုန်ဖြင့် ရှေ့သို့ မှောက်လျက် လဲကျသည်
    totter-prostrate
    ကြိယာ

    ဂြွမ်းနုပ်

    [dʑʊ̀ɴnoʊʔ]
    သီးဖွဲ့သော။ သိမ်ငယ်သော ။ သိမ်ငယ်ရေ။ သိမ်ဖျင်းသော။ နိမ့်ကျသော။ ယုတ်နိမ့်သော။ ဂုဏ်ငယ်သော
    သေးဖွဲ့သော။ သိမ်ငယ်သော ။ သေးသိမ်သော။ သိမ်ဖျင်းသော။ နိမ့်ကျသော။ ယုတ်နိမ့်သော။ ဂုဏ်ငယ်သော
    piffling-pettiness-inferiority
    နာမဝိသေသန

    ဂြွမ်းပေါ

    [dʑʊ̀ɴpèà]
    လူများ မြှောက်ပင့်စွာကို သာယာတတ်ပြီး သာမန်လူရို့ မရဲမဝံ့ စောင့်စည်း နှိုင်ခသော အမှုကို ပြုတတ်သူ
    သူတစ်ပါး မြှောက်ပင့်သည်ကို သာယာတတ်ပြီး သာမန်လူတို့ မရဲမဝံ့ စောင့်စည်း နိုင်ခဲ့သော အမှုကို ပြုတတ်သူ
    timidly
    နာမ်

    ဂြွမ်းပြိန်း

    [dʑʊ̀ɴpɹéɪɴ]
    အတွိအကြုံ၊ အသိအမြင် နည်းပါးသူ
    အတွေ့အကြုံ၊ အသိအမြင် နည်းပါးသူ
    misunderstanding
    နာမ်

    ဂြွမ်းပြုတ်ထ

    [dʑʊ̀ɴpɹoʊʔtʰ]
    အဖုအသီးများ အစီအရီ စုပြွမ်းပေါ်သည်
    အဖုအပိမ့်များ အစီအရီ စုပြွမ်းပေါ်သည်
    rash
    ကြိယာ

    ဂြွမ်းပြုန်း

    [dʑʊ̀ɴpɹóʊɴ]
    ကုန်ပြတ်ရေ။ အကျိုးမဲ့ ယွင်းပါး ပျောက်ပျက်သည် ။ ပျက်စီးရေ
    ကုန်ပြတ်သည်။ အကျိုးမဲ့ ယွင်းပါး ပျောက်ပျက်သည် ။ ပျက်စီးသည်
    lose-devastation
    ကြိယာ

    ဂြွမ်းပွေ

    [dʑʊ̀ɴpwè]
    လည့််ပတ်မွီနှောက် လားလာ လုပ်ကိုင်ရေ။ အကျင့် ဆိုးညစ်သည်
    လည့််ပတ်မွှေနှောက် သွားလာ လုပ်ကိုင်သည်။ အကျင့် ဆိုးသွမ်းသည်
    cad-work
    ကြိယာ

    ဂွ

    [ɡw]
    တိုင်ထိပ်မာ အခွပါရေ အရာ။၂၊ ပင်မမှ အခက်အလက်နှစ်ခု သုံးခုခွဲထွက်သော အရာ။ ၃၊ ဖီလာဆန့်ကျင်ခြင်း။ ၄၊ ဟိုမရောက်် သည်မရောက်ဖြစ်ရေ အခြီအရဲ
    တိုင်ထိပ်တွင် အခွပါသည့် အရာ။၂၊ ပင်မမှ အခက်အလက်နှစ်ခု သုံးခုခွဲထွက်သော အရာ။ ၃၊ ဖီလာဆန့်ကျင်ခြင်း။ ၄၊ ဟိုမရောက်် သည်မရောက်ဖြစ်သော အခြေအနေ
    opposite-laze
    နာမ်

    ဂွ၂

    [ɡw၂]
    ဟိုမရောက် သည်မရောက် ဖြစ်တေ။ လမ်းနှစ်သွယ် နှစ်ဖြာ ဖြစ်တေ။ ပင်မကြီး အကိုင်းအခက်မှ နှစ်ခုသုံးခုအစဟိစွာ ခွဲထွက်သည်
    ဟိုမရောက် သည်မရောက် ဖြစ်သည်။ လမ်းနှစ်သွယ် နှစ်ဖြာ ဖြစ်သည်။ ပင်စည် အကိုင်းအခက်မှ နှစ်ခုသုံးခုစသည် ခွဲထွက်သည်
    laze-secession-fork
    ကြိယာ

    ဂွက်

    [ɡwɛʔ]
    အပိုင်းအကန့် ခြားနား ထားရေ အရာ
    အပိုင်းအကန့် ခြားနား ထားသော အရာ
    separate
    နာမ်

    ဂွက်ပေါ်

    [ɡwɛʔpɔ̀]
    နီရာတိုင်းမာ အမှုအခင်း ဖြစ်ရေအနိန်နန့်
    နေရာတကာတွင် အမှုအခင်း ဖြစ်သော အားဖြင့်
    crime
    ကြိယာဝိသေသန

    ဂွက်ပေါ်၂

    [ɡwɛʔpɔ̀၂]
    နီရာတိုင်းမာ အမှုအခင်း ဖြစ်ပွားသည်
    နေရာတကာတွင် အမှုအခင်း ဖြစ်ပွားသည်
    crime
    ကြိယာ

    ဂွက်ပေါ်၃

    [ɡwɛʔpɔ̀၃]
    နီရာတိုင်းမာ အမှုအခင်း ဖြစ်ပွားတတ်သူ
    နေရာတကာတွင် အမှုအခင်း ဖြစ်ပွားတတ်သူ
    crime
    နာမ်

    ဂွကျ

    [ɡwt͡ɕ]
    မကိုက် ဖြစ်တေ။ ဟိုမရောက် သည်မရောက် ဖြစ်တေ။ နီရာမကျ ဖြစ်တေ
    အဆင်မပြေ ဖြစ်သည်။ ဟိုမရောက် သည်မရောက် ဖြစ်သည်။ နေရာမကျ ဖြစ်သည်
    inconvenience-laze
    ကြိယာ