Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–694 of 694 words

    ဂ

    ဂွတီဂွတိုက်

    [ɡwtíɡwtaɪʔ]
    မကိုက်မှု၊ အခက်အခဲတွေ့မှု၊ ကျပ်တီးဆိုက် တွေ့မှုအစဟိစွာ
    အဆင်မပြေမှု၊ အခက်အခဲတွေ့မှု၊ အကျဉ်းအကျပ် တွေ့မှုစသည်
    inconvenience
    နာမ်

    ဂွတီဂွတိုက်၂

    [ɡwtíɡwtaɪʔ၂]
    မကိုက်မှု ဖြစ်တေ။ ကျပ်တီးဆိုက် တွိရေ။ အခက်အခဲနန့် ကြုံသည်
    အဆင်မပြေမှု ဖြစ်သည်။ အကျဉ်းအကျပ် တွေ့သည်။ အခက်အခဲနှင့် ကြုံသည်
    inconvenience-defficult
    ကြိယာ

    ဂွမ်း

    [ɡʊ̀ɴ]
    ညက်ညောအောင် ဝါကို ဖတ်ထားရေ ဝါသား
    ညက်ညောအောင် ဝါကို ဖတ်ထားသော ဝါသား
    cotton
    နာမ်

    ဂွမ်းစောင်

    [ɡʊ̀ɴsàʊɴ]
    ဖျင်နှစ်ထပ် အကြားမာ ဂွမ်းကိုသွပ်၍ ခြုပ်ထားရေ စောင်
    ဖျင်နှစ်ထပ် အကြားတွင် ဂွမ်းကိုသွပ်၍ ချုပ်ထားသော စောင်
    quilt
    နာမ်

    ဂွမ်းဆွ

    [ɡʊ̀ɴsʰw]
    လောင်းးကြိုးဖြင့် ခြင်းထဲက ဝါဂွမ်းတိကို ပွရွအောင် ပြုသည်
    လေးကြိုးဖြင့် ခြင်းထဲမှ ဝါဂွမ်းများကို ပွရွအောင် ပြုသည်
    mess
    ကြိယာ

    ဂွမ်းထည်

    [ɡʊ̀ɴtʰɛ̀]
    ဂွမ်းဖြင့် ရက်လုပ်ထားရေ အထည်။ ဆောင်းဝတ်အင်္ကျီ
    ဂွမ်းဖြင့် ရက်လုပ်ထားသော အထည်။ အနွေးထည်
    quilt
    နာမ်

    ဂွမ်းထိုးအင်္ကျီ

    [ɡʊ̀ɴtʰóʔŋ̇karí]
    အနွီးခြည်ဖြင့် ထိုးသော အင်္ကျီ။ ဖျင်နှစ်ထပ်အကြား ဂွမ်းထည့်၍ ခြုပ်ထားရေ အင်္ကျီ
    အနွေးချည်ဖြင့် ထိုးသော အင်္ကျီ။ ဖျင်နှစ်ထပ်အကြား ဂွမ်းထည့်၍ ချုပ်ထားသော အင်္ကျီ
    quilt
    နာမ်

    ဂွမ်းဖတ်

    [ɡʊ̀ɴpʰaʔ]
    လောင်းးကြိုးဖြင့် ခြင်းထဲက ဝါဂွမ်းတိကို ပွရွအောင်ပြုသည်
    လေးကြိုးဖြင့် ခြင်းထဲမှ ဝါဂွမ်းများကို ပွရွအောင်ပြုသည်
    mess
    နာမ်

    ဂွိ

    [ɡwì]
    ကွေ့ ကောက်သော အရာ
    ကွေ့ ကောက်သော အရာ
    flexible
    နာမ်

    ဂွိလုပ်

    [ɡwìloʊʔ]
    ဝင့်ဝါ ပလွှားမှုကို ပြုရေ။၂၊ ဂုဏ် ပကာသနကို ထုတ်ဖေါ် ပြောဆိုရေ
    ဝင့်ဝါ ပလွှားမှုကို ပြုသည်။၂၊ ဂုဏ် ပကာသနကို ထုတ်ဖေါ် ပြောဆိုသည်
    reveal-vanities
    ကြိယာ

    ဂွေ

    [ɡwè]
    အဝန်းအဝိုင်း ဖြစ်ယောင် လုပ်ထားရေ အရာ
    အဝန်းအဝိုင်း ဖြစ်အောင် လုပ်ထားသော အရာ
    circle
    နာမ်

    ဂွေထိုး

    [ɡwètʰó]
    ကိုယ်ကို မထိန်းနိုင်ပဲ အဟိန်ဖြင့် စောက်ထိုးကျရေ
    ကိုယ်ကို မထိန်းနိုင်ပဲ အရှိန်ဖြင့် စောက်ထိုးကျသည်
    steep fall
    ကြိယာ

    ဂွေထိုး၂

    [ɡwètʰó၂]
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းယိုင်ဗျာယ်။ ဟိကို တကိုယ်လုံး အဟိန်ဖြင့် ယိမ်းယိုင် ထိုးဗျာယ်
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းယိုင်လျက်။ ရှေ့သို့ တစ်ကိုယ်လုံး အရှိန်ဖြင့် ယိမ်းယိုင် ထိုးလျက်
    lean
    ကြိယာဝိသေသန

    ဂွေထိုးလဲ

    [ɡwètʰólɛ]
    ကိုယ်ကို မထိန်းနိုင်ပဲ အဟိန်ဖြင့် စောက်ထိုး လဲကျရေ။ အဟိန်အဟုန်ဖြင့် ဟိကို မှောက်ဗျာယ် လဲကျရေ
    ကိုယ်ကို မထိန်းနိုင်ပဲ အရှိန်ဖြင့် စောက်ထိုး လဲကျသည်။ အရှိန်အဟုန်ဖြင့် ရှေ့သို့ မှောက်လျက် လဲကျသည်
    steep-fall
    ကြိယာ