Dictionary Entries
Showing 61–80 of 694 words
ဂ
ဂရုစိုက်
[ɡɹoʊsaɪʔ]
Arakanese:
၁၊ သတိမူရေ။ လေးထားရေ။ ၂၊ အရီးစိုက်သည်
Burmese:
၁၊ သတိမူသည်။ လေးထားသည်။ ၂၊ အရေးစိုက်သည်
English:
careful
Grammar Note:
ကြိယာ
ဂရုတ်ဂရက်
[ɡɹoʊʔɡɹɛʔ]
Arakanese:
၁၊ ရုန့်ရင်း ဆန်ခတ်ဖြစ်ဗျာယ်။ တဖက်နှင့် တဖက် ပရမ်းတာ လုံးထွေး သတ်ပုတ်ဗျာယ်။ ၂၊ အန္တရာယ် တခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာနန့် ဗလဗွီသတ် လှုပ်ယှားဗျာယ်
Burmese:
၁၊ ရုန့်ရင်း ဆန်ခတ်ဖြစ်လျက်။ တစ်ဘက်နှင့် တစ်ဘက် ပရမ်းတာ လုံးထွေး သတ်ပုတ်လျက်။ ၂၊ အန္တရာယ် တစ်ခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် ရှုပ်ထွေး လှုပ်ရှားလျက်
English:
fight-squabble
Grammar Note:
ကြိယာ
ဂရုဓမ္မ
[ɡɹoʊdʱm̪a̰m̪a̰]
Arakanese:
ငါးပါးသီလ
Burmese:
ငါးပါးသီလ
English:
the five precepts (of Buddhism)
Grammar Note:
နာမ်
ဂရုန်းဂရင်း
[ɡɹóʊɴɡɹɪ́ɴ]
Arakanese:
၁၊ ဆူညံ ဗလဗွီသတ်စွာ လှုပ်ယှားဗျာယ်။ ၂၊ တဖက်နှင့် တဖက် ပရမ်းပတာ လုံးထွေး သတ်ပုတ်ဗျာယ်။ ၃၊ အန္တရာယ် တခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် ဗလဗွီသတ် လှုပ်ယှားဗျာယ်
Burmese:
၁၊ ဆူညံ ရှုပ်ထွေးစွာ လှုပ်ရှားလျက်။ ၂၊ တစ်ဘက်နှင့် တစ်ဘက် ပရမ်းပတာ လုံးထွေး သတ်ပုတ်လျက်။ ၃၊ အန္တရာယ် တစ်ခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် ရှုပ်ထွေး လှုပ်ရှားလျက်
English:
fight-squabble
Grammar Note:
ကြိယာဝိသေသန
ဂရုန်းဂရင်း၂
[ɡɹóʊɴɡɹɪ́ɴ၂]
Arakanese:
သူမှန် ငါမှန်အစဟိစွာနန့် စကား အခြီအတင် ငြင်းခုံ ပြောဆိုကတ်ခြင်း ဖြစ်တေ။ ‘ဂရုန်းဂရင်း၊ အချင်းချင်းလျင်၊ ရုန့်ရင်းငြင်းခုံ လတ်က’ (ဗမာချီ)
Burmese:
သူမှန် ငါမှန်စသည်ဖြင့် စကား အခြေအတင် ငြင်းခုံ ပြောဆိုကြခြင်း ဖြစ်သည်။ ‘ဂရုန်းဂရင်း၊ အချင်းချင်းလျင်၊ ရုန့်ရင်းငြင်းခုံ လတ်က’ (ဗမာချီ)
English:
argue
Grammar Note:
ကြိယာ
ဂရုပြု
[ɡɹoʊpɹoʊ]
Arakanese:
အရီး စိုက်ရေ။ လေးစားရေ။ သတိထားရေ
Burmese:
အရေး စိုက်သည်။ လေးစားသည်။ သတိထားသည်
English:
careful
Grammar Note:
ကြိယာ
ဂရုမထူ
[ɡɹoʊmtʰù]
Arakanese:
သတိမမူပဲ။ ဂရုမစိုက်ပဲ။ အလီးအစားမပြုပဲ။ ‘ဂရုမထူကေ၊ ဆင်ပေါင်ကြီးကိုလေ့၊ ခလုခတ်တေ’(ပုံ)
Burmese:
သတိမမူပဲ။ ဂရုမစိုက်ပဲ။ အလေးအစားမပြုပဲ။ ‘ဂရုမထူကေ၊ ဆင်ပေါင်ကြီးကိုလည်း၊ ခလုခတ်တေ’(ပုံ)
English:
careless
Grammar Note:
ကြိယာဝိသေသန
ဂရောက်ဂရက်
[ɡɹɔ́ɛʔɡɹɛʔ]
Arakanese:
၁၊ ရုန့်ရင်း ဆန်ခတ်ဖြစ်ဗျာယ်။ တဖက်နှင့် တဖက် ပရမ်းတာ လုံးထွေး သတ်ပုတ်ဗျာယ်။ ၂၊ အန္တရာယ် တခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာနန့် ဗလဗွီသတ် လှုပ်ယှားဗျာယ်
Burmese:
၁၊ ရုန့်ရင်း ဆန်ခတ်ဖြစ်လျက်။ တစ်ဘက်နှင့် တစ်ဘက် ပရမ်းတာ လုံးထွေး သတ်ပုတ်လျက်။ ၂၊ အန္တရာယ် တစ်ခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် ရှုပ်ထွေး လှုပ်ရှားလျက်
English:
brawling
Grammar Note:
ကြိယာဝိသေသန
ဂရောင်
[ɡɹàʊɴ]
Arakanese:
၁၊ ဆောင်းဝတ်အင်္ကျီ။ ၂၊ သိုးမွီး။ ဂရောင်ယှာ
Burmese:
၁၊ အနွေးထည်။ ၂၊ သိုးမွေး။ သိုးမွေးထည်
English:
sweater
Grammar Note:
နာမ်
ဂရောင်ခြည်
[ɡɹàʊɴkʰɹɛ]
Arakanese:
ဆောင်းဝတ်အင်္ကျီ ရက်လုပ်သော ခြည်တမျိုး
Burmese:
အနွေးထည် ရက်လုပ်သော ချည်တစ်မျိုး
English:
wool
Grammar Note:
နာမ်
ဂရောင်းဂရက်
[ɡɹáʊɴɡɹɛʔ]
Arakanese:
ဆူညံ ဗလဗွီသတ်စွာ လှုပ်ယှားဗျာယ်
Burmese:
ဆူညံ ရှုပ်ထွေးစွာ လှုပ်ရှားလျက်
English:
brawling
Grammar Note:
ကြိယာဝိသေသန
ဂရော်ဂရော်
[ɡɹɔ̀ɡɹɔ̀]
Arakanese:
ဆူညံသော အသံ။ ကျယ်လောင်သော အသံ
Burmese:
ဆူညံသော အသံ။ ကျယ်လောင်သော အသံ
English:
noisy
Grammar Note:
နာမ်
ဂရော်ဂရော်၂
[ɡɹɔ̀ɡɹɔ̀၂]
Arakanese:
ဆူဆူညံညံ။ ကျကျယ် လောင်လောင်။ အုတ်အုတ်ကျက်။ ဂရော်ဂရော်၊ ကျီရောင်ဘာရောင်နန့်၊ သံသာဟစ်ကြွီး၊ အသံပီးဗျာယ် (ရခိုင်ကာ)
Burmese:
ဆူဆူညံညံ။ ကျယ်ကျယ် လောင်လောင်။ အုတ်အုတ်ကျက်။ ဂရော်ဂရော်၊ ဆူညံစွာဖြင့်၊ သံသာဟစ်ကြွေး၊ အသံပေးလျက် (ရခိုင်ကာ)
English:
noisy
Grammar Note:
ကြိယာဝိသေသန
ဂရော်ဂရွီ
[ɡɹɔ̀ɡɹwí]
Arakanese:
အမျိုးအမည် အရွီအတွက် ကြွယ်ပေါသော
Burmese:
အမျိုးအမည် အရေအတွက် ကြွယ်ပေါသော
English:
various type
Grammar Note:
နာမဝိသေသန
ဂရော်သျှေဂရွီသျှေ
[ɡɹɔ̀ʃèɡɹwíʃè]
Arakanese:
အမျိုးအမည် အရွီအတွက် ကြွယ်ပေါ လောက်ရေလို့ ဆိုရလောက်ယောင်
Burmese:
အမျိုးအမည် အရေအတွက် ကြွယ်ပေါ လောက်သည်ဟု ဆိုရလောက်အောင်
English:
various type
Grammar Note:
ကြိယာဝိသေသန
ဂရော်သျှေဂရွီသျှေ၂
[ɡɹɔ̀ʃèɡɹwíʃè၂]
Arakanese:
အမျိုးအမည် အရွီအတွက် ကြွယ်ပေါသော
Burmese:
အမျိုးအမည် အရေအတွက် ကြွယ်ပေါသော
English:
various type
Grammar Note:
နာမဝိသေသန
ဂရွတ်
[ɡɹwaʔ]
Arakanese:
(အားမဆောင်နိုင်သနန့်) ဂရွတ်ကနဲ (လဲကျလှားရေ။
Burmese:
(အားမဆောင်နိုင်သဖြင့်) ဂရွတ်ကနဲ (လဲကျသွားသည်။
English:
fell
Grammar Note:
ကြိယာဝိသေသန
ဂရွန်း
[ɡɹʊ́ɴ]
Arakanese:
မတော်တဆ ခြေချော်ပနာ (ဂရွန်းဟု) အဟိန်ပြင်းစွာ ဟိကို တဟုန်ထိုးကာ (စောက်ထိုးလဲကျရေ)
Burmese:
မတော်တဆ ခြေချော်၍ (ဂရွန်းဟု) အရှိန်ပြင်းစွာ ရှေ့ကို တဟုန်ထိုးကာ (စောက်ထိုးလဲကျသည်)
English:
fell
Grammar Note:
ကြိယာဝိသေသန
ဂရွီ
[ɡɹwí]
Arakanese:
ပကတိ ဟိမြဲအရွယ်ထက် ငယ်သော။ အရွယ်အစား ပိစိကလောင်သော။ ၂၊ အရွီအတွက် များရေ
Burmese:
ပကတိ ရှိမြဲအရွယ်ထက် ငယ်သော။ အရွယ်အစား အလွန်ငယ်သော။ ၂၊ အရေအတွက် များသော
English:
un normal size
Grammar Note:
နာမဝိသေသန
ဂရွီကျိုင်
[ɡɹwít͡ɕàɪɴ]
Arakanese:
(လူ) အကြီးအချေ အရွီအတွက် များရေ
Burmese:
(လူ) အကြီးအငယ် အရေအတွက် များပြားသော
English:
various size
Grammar Note:
နာမဝိသေသန