Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 694 words

    ဂ

    ဂဟေစပ်

    [ɡhèsaʔ]
    တခုနှင့် တခုကို ဆက်ထားရေ
    တစ်ခုနှင့် တစ်ခုကို ဆက်ထားသည်
    weld
    နာမ်

    ဂဟေစပ်၂

    [ɡhèsaʔ၂]
    ယောက်ျားနှင့် မမာ့ (ဖိုနှင့်မရို့) ပီးစပ်ရန် အကြောင်း ညီညွတ်ရေ။ နဖူးစာကြာပွင့်ရေ။ ၂၊ ဆက်စပ်ရေ။ ၃၊ လင်မယား အဖြစ်သို့ ရောက်ရေ
    ယောက်ျားနှင့် မိန်းမ (ဖိုနှင့်မတို့) အိမ်ထောင်ပြုရန် အကြောင်း ညီညွတ်သည်။ ဖူးစာဆုံသည်။ ၂၊ ဆက်စပ်သည်။ ၃၊ လင်မယား အဖြစ်သို့ ရောက်သည်
    get married
    ကြိယာ

    ဂဟေဆော်

    [ɡhèsʰɔ̀]
    ရွှီ၊ ငွီ၊ သတ္တု တခုခုကို ဂဟေနန့် ဆက်စပ်ပီးရေ
    ရွှေ၊ ငွေ၊ သတ္တု တစ်ခုခုကို ဂဟေဖြင့် ဆက်စပ်ပေးသည်
    solder
    ကြိယာ

    ဂဠန်တောင်

    [ɡlàɴtàʊɴ]
    လောင်း၊ သမ္ဗန် အစဟိစွာရို့ကို (လေဖြင့်)လိုရာခရီးသို့ လားရောက်နိုင်ဖို့ အောက်ဖက်ကြီးပြီးကေ အထက်ဘက် ချွန်တက်နိန်ရေ (ဂဠန်တောင်နှင့် သဏ္ဍာန်တူသော) တင်းဂူယှာ
    လှေ၊ သမ္ဗန် စသည်တို့ကို (လေဖြင့်)လိုရာခရီးသို့ သွားရောက်နိုင်ရန် အောက်ဖက်ကြီး၍ အထက်ဘက် ချွန်တက်နေသော (ဂဠန်တောင်နှင့် သဏ္ဍာန်တူသော) ရွက်ထည်
    canvas
    နာမ်

    ဂဠုန်ဆားချက်

    [ɡlòʊɴsʰáɕɛʔ]
    (ဥပစာ) ကြံရာမရသနန့် ရရာအလုပ်ကို လုပ်ကိုင်ရေ။ ‘အကြံကုန်၊ ဂဠုန်ဆားချက် ၊ ပြာကိုဗျာယ်’(ပုံ)
    (ဥပစာ) ကြံရာမရသဖြင့် ရရာအလုပ်ကို လုပ်ကိုင်သည်။ ‘အကြံကုန်၊ ဂဠုန်ဆားချက် ၊ ပြာကိုလျက်’(ပုံ)
    work
    နာမ်

    ဂိုး

    [ɡó]
    ဘောလုံး ကစပ်ရာမာ ဘောလုံး ကန်သွင်းရာ တိုင်နှစ်လုံး၏ အကြားဟိ အပေါက်။ (လိပ်)
    ဘောလုံး ကစားရာတွင် ဘောလုံး ကန်သွင်းရာ တိုင်နှစ်လုံး၏ အကြားရှိ အပေါက်။ (လိပ်)
    goal
    နာမ်

    ဂိုက်

    [ɡaɪʔ]
    ၃၆ လက္မ တနည်း နှစ်တောင် တနည်း သုံးပေနှင့် ညီမျှသော အတိုင်းအရှည်
    ၃၆ လက္မ သို့မဟုတ် နှစ်တောင် သို့မဟုတ် သုံးပေနှင့် ညီမျှသော အတိုင်းအရှည်
    yard
    နာမ်

    ဂိုက်၂

    [ɡaɪʔ၂]
    အသွင်အပြင်။ ပုံပန်းအနိန်အထား။ ဟန်ပန်
    အသွင်အပြင်။ ပုံပန်းအနေအထား။ ဟန်ပန်
    appearance-hand pumping
    နာမ်

    ဂိုက်ဆင်

    [ɡaɪʔsʰɪ̀ɴ]
    တင့်ရေ လှပအောင် ဝတ်စား ဆင်ယင်ရေ။ တင့်ရေလှပ ရှုချင်စဖွယ် ဖြစ်ယောင် ဆန်းကြယ်သော အဝတ်အစားတိကို ဝတ်ဆင်ရေ။ အမြတ်တနိုး၊ နှုတ်ခမ်းဆို့ဗျာယ်၊ မျိုးရိုးမတူ၊ ကျွန်းရွာသူနှင့်၊ မြို့သူခြားနား၊ ဂိုက်မျိုးဆင်ကေ၊ ဖင်ကားရားနန့်(ပဒ)
    တင့်တယ် လှပအောင် ဝတ်စား ဆင်ယင်သည်။ တင့်တယ်လှပ ရှုချင်စဖွယ် ဖြစ်အောင် ဆန်းကြယ်သော အဝတ်အစားများကို ဝတ်ဆင်သည်။ အမြတ်တနိုး၊ နှုတ်ခမ်းဆို့လျက်၊ မျိုးရိုးမတူ၊ တောရွာသူနှင့်၊ မြို့သူခြားနား၊ ဂိုက်မျိုးဆင်ကေ၊ ဖင်ကားရားနှင့်(ပဒ)
    wear
    ကြိယာ

    ဂိုက်တောင်

    [ɡaɪʔtàʊɴ]
    တဂိုက် တနည်း သုံးဆယ့်ခြောက်လက်မဟိရေ တိုင်းစရာ တုတ်တံ
    တစ်ဂိုက် သို့မဟုတ် သုံးဆယ့်ခြောက်လက်မရှိသော တိုင်းစရာ တုတ်တံ
    measuring rod
    နာမ်

    ဂိုက်ထုတ်

    [ɡaɪʔtʰoʊʔ]
    လှပတင့်ရေ ရှုချင်စဖွယ်ဟိအောင် အဝတ်တန်ဆာတိကို ဝတ်ဆင်သည်
    လှပတင့်တယ် ရှုချင်စဖွယ်ရှိအောင် အဝတ်တန်ဆာများကို ဝတ်ဆင်သည်
    wear
    ကြိယာ

    ဂိုက်လုပ်

    [ɡaɪʔloʊʔ]
    ကိုယ့်ကို လူများ အထင်ကြီးအောင် ဣန္ဒြေဆောင်ရေ။ မတူမတန်သော သဖောထားရေ
    မိမိကို သူတစ်ပါး အထင်ကြီးအောင် ဣန္ဒြေဆောင်သည်။ မတူမတန်သော သဘောထားသည်
    boast
    ကြိယာ

    ဂိုက်သျှင်

    [ɡaɪʔʃɪ̀ɴ]
    မာနကြီးဗျာယ်။ စိတ်နိန်မြင့်ဗျာယ်
    မာနကြီးလျက်။ စိတ်ကြီးဝင်လျက်
    proud
    ကြိယာဝိသေသန

    ဂိုက်သျှင်၂

    [ɡaɪʔʃɪ̀ɴ၂]
    ထောင်လွှား မောက်မာမှု ။ မာန်ဝင့်မှု
    ထောင်လွှား မောက်မာမှု ။ မာန်ဝင့်မှု
    proud
    နာမ်

    ဂိုကြီး

    [ɡÒt͡ɕï]
    ကိုယ့် အစ်ကိုအကြီးကို ခေါ်သော စကားလုံး
    မိမိ၏ အစ်ကိုအကြီးကို ခေါ်သော စကားလုံး
    Eldest brother
    နာမ်

    ဂိုးဂို

    [ɡóɡÒ]
    ကိုယ့် အစ်ကိုအကြီးကို ခေါ်သော စကားလုံး
    မိမိ၏ အစ်ကိုအကြီးကို ခေါ်သော စကားလုံး
    Eldest brother
    နာမ်

    ဂိုဂိုကြီး

    [ɡÒɡÒt͡ɕï]
    ကိုယ့် အစ်ကိုအကြီးကို ခေါ်သော စကားလုံး
    မိမိ၏ အစ်ကိုအကြီးကို ခေါ်သော စကားလုံး
    Eldest brother
    နာမ်

    ဂိုးဂိုကြီး

    [ɡóɡÒt͡ɕï]
    ကိုယ့် အစ်ကိုအကြီးကို ခေါ်သော စကားလုံး။ ၂၊ အစ်ကိုအရွယ်ဟိသူကို ခေါ်သော စကားလုံး
    မိမိ၏ အစ်ကိုအကြီးကို ခေါ်သော စကားလုံး။ ၂၊ အစ်ကိုအရွယ်ရှိသူကို ခေါ်သော စကားလုံး
    Eldest brother
    နာမ်

    ဂိုးဂိုလတ်

    [ɡóɡÒlaʔ]
    ကိုယ့် အစ်ကို အလတ်သူကို ခေါ်သော စကားလုံး
    မိမိ၏ အစ်ကို အလတ်သူကို ခေါ်သော စကားလုံး
    brother
    နာမ်

    ဂိုးဂိုသျှေ

    [ɡóɡÒʃè]
    ကိုယ့် အစ်ကို အချေသူကို ခေါ်သော စကားလုံး
    မိမိ၏ အစ်ကို အငယ်သူကို ခေါ်သော စကားလုံး
    Youngest brother
    နာမ်