Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 694 words

    ဂ

    ဂုဏ်ညံ့

    [ɡoʊn်ɲံ့]
    ဂုဏ်အရည်အခြင်း၊ အရည်အသွီး၊ အဆင့်အတန်း နိမ့်ကျရေ။ ယုတ်လျော့ရေ။ ညံ့ဖျင်းရေ
    ဂုဏ်အရည်အချင်း၊ အရည်အသွေး၊ အဆင့်အတန်း နိမ့်ကျသည်။ ယုတ်လျော့သည်။ ညံ့ဖျင်းသည်
    detract
    ကြိယာ

    ဂုဏ်တက်

    [ɡoʊn်tɛʔ]
    ၁၊ နာမည် သတင်း ကျော်ကြားရေ။ ၂၊ တယောက်တလီသည် တခုတရီ၏ ပြုလုပ် ဆောင်ရွက်နှိုင်ရေ တန်ခိုးသတ္တိကြောင့်၊ စိတ်မာ ကျီနပ်နှစ်လို အားရခြင်း ဖြစ်တေ။ စိတ်အား ထက်သန်သည်
    ၁၊ နာမည် သတင်း ကျော်ကြားသည်။ ၂၊ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာ၏ ပြုလုပ် ဆောင်ရွက်နိုင်သော တန်ခိုးသတ္တိကြောင့်၊ စိတ်တွင် ကျေနပ်နှစ်လို အားရခြင်း ဖြစ်သည်။ စိတ်အား ထက်သန်သည်
    popular-enthuse
    ကြိယာ

    ဂုဏ်တင်

    [ɡoʊn်tɪ̀ɴ]
    တယောက်တလီ၏ ပြုလုပ် ဆောင်ရွက်နှိုင်ရေ အရည်အခြင်း၊ တန်ခိုးသတ္တိအစဟိစွာ့ ဂုဏ်ထူးစွမ်းရည်ကို ထုတ်ဖေါ် ပြောဆိုရေ
    တစ်စုံတစ်ယောက်၏ ပြုလုပ် ဆောင်ရွက်နိုင်သော အရည်အချင်း၊ တန်ခိုးသတ္တိစသည့် ဂုဏ်ထူးစွမ်းရည်ကို ထုတ်ဖေါ် ပြောဆိုသည်
    disclosure
    ကြိယာ

    ဂုဏ်တော်

    [ɡoʊn်tɔ̀]
    (ဘုရား၊ တရား၊ သံဃာ ဆိုရေ) ရတနာသုံးပါး၏ ဂုဏ်။ (ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး)
    (ဘုရား၊ တရား၊ သံဃာ ဟူသော) ရတနာသုံးပါး၏ ဂုဏ်။ (ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး)
    none
    နာမ်

    ဂုဏ်ထုတ်

    [ɡoʊn်tʰoʊʔ]
    ကိုယ့် ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်းစစွာကို ထုတ်ဖေါ်ပြရေ။ ဝင့်ဝါ လွှမ်ရေ
    မိမိ၏ ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်းစသည်ကို ထုတ်ဖေါ်ပြသည်။ ဝင့်ဝါ ပလွှားသည်
    disclosure
    ကြိယာ

    ဂုဏ်ထူး

    [ɡoʊn်tʰùး]
    ထူးကဲစွာ (ပြုလုပ်ဆောင်ရွက်နိုင်)သော ကိုယ်စွမ်း။ ဉာဏ်စွမ်း
    ထူးကဲစွာ (ပြုလုပ်ဆောင်ရွက်နိုင်)သော ကိုယ်စွမ်း။ ဉာဏ်စွမ်း
    honors
    နာမ်

    ဂုဏ်ထူးဆောင်

    [ɡoʊn်tʰùးsʰàʊɴ]
    ခြားနားပိုလွန်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ တန်ခိုးသတ္တိနှင့် ပြည့်စုံရေဟု ဟုတ်မှန်ကြောင်း လက်ခံ အတည်ပြုထားရေ
    ခြားနားပိုလွန်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ တန်ခိုးသတ္တိနှင့် ပြည့်စုံသည်ဟု ဟုတ်မှန်ကြောင်း လက်ခံ အတည်ပြုထားသော
    lionize
    နာမဝိသေသန

    ဂုဏ်ပကာသန

    [ɡoʊn်pkàθn]
    ကိုယ့် ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်းစစွာကို ထင်ရှား သိမြင်ယောင် ပြုခြင်း။ (ပါ)
    မိမိ၏ ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်းစသည်ကို ထင်ရှား သိမြင်အောင် ပြုခြင်း။ (ပါ)
    initiative
    နာမ်

    ဂုဏ်ပဒြပ်

    [ɡoʊn်pdɹaʔ]
    ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ တန်ခိုးသတ္တိ၊ အသုံးအဆောင်၊ ဥစ္စာ ရတနာရို့နန့် လောက်သော သဘော။ (အခြီအရဲ)
    ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ တန်ခိုးသတ္တိ၊ အသုံးအဆောင်၊ ဥစ္စာ ရတနာတို့နှင့် ပြည့်ဝသော သဘော။ (အခြေအနေ)
    initiative
    နာမ်

    ဂုဏ်ပုဒ်

    [ɡoʊn်poʊʔ]
    ဂုဏ်နှင့် ပက်သက်ပနာ ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း
    ဂုဏ်နှင့် ပက်သက်၍ ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း
    initiative
    နာမ်

    ဂုဏ်ပျက်

    [ɡoʊn်prɛʔ]
    အသုံးဝင်ရေ့ အခြီအရဲမှ ယုတ်လျော့ လားရေ။ ထူးခြား ကောင်းမြတ်သော (ဂုဏ်) ကျက်သရေ ယုတ်သည်
    အသုံးဝင်သည့် အခြေအနေမှ ယုတ်လျော့ သွားသည်။ ထူးခြား ကောင်းမြတ်သော (ဂုဏ်) ကျက်သရေ ယုတ်သည်
    derogate
    ကြိယာ

    ဂုဏ်ပြိုင်

    [ɡoʊn်pɹàɪɴ]
    ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ တန်ခိုးသတ္တိကောင်းပုံ ချင်းကို အပြိုင်ပြုသည်
    ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ တန်ခိုးသတ္တိရှိပုံ ချင်းကို အပြိုင်ပြုသည်
    brag
    ကြိယာ

    ဂုဏ်ပြု

    [ɡoʊn်pɹoʊ]
    ဂုဏ်သတင်းကို ထုတ်ဖေါ် ပြောဆိုရေ။ မြှောက်မြှင့် ပြောဆိုရေ
    ဂုဏ်သတင်းကို ထုတ်ဖေါ် ပြောဆိုသည်။ မြှောက်မြှင့် ပြောဆိုသည်
    honours
    ကြိယာ

    ဂုဏ်ဖေါ်

    [ɡoʊn်pʰɔ̀]
    ကိုယ့် ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်းစစွာကို ထုတ်ဖေါ်ပြရေ။ ဝင့်ဝါလွှမ်ရေ
    မိမိ၏ ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်းစသည်ကို ထုတ်ဖေါ်ပြသည်။ ဝင့်ဝါပလွှားသည်
    brag
    ကြိယာ

    ဂုဏ်မြောက်

    [ɡoʊn်mɹɔ́ɛʔ]
    လုပ်ကိုင် ဆောင်ရွက်နှိုင်ရေ အရည်အခြင်း။ အရည်အသွီး ပြည့်စုံရေ
    လုပ်ကိုင် ဆောင်ရွက်နိုင်သော အရည်အချင်း။ အရည်အသွေး ပြည့်စုံသည်
    qualify
    ကြိယာ

    ဂုဏ်ယူ

    [ɡoʊn်jù]
    လုပ်ကိုင် ဆောင်ရွက်နှိုင်ရေ အရည်အခြင်း အရည်အသွီး တခုခုကြောင့် စိတ်မာ ကျီနပ် နှစ်သက်အားရခြင်း ဖြစ်တေ
    လုပ်ကိုင် ဆောင်ရွက်နိုင်သော အရည်အချင်း အရည်အသွေး တစ်ခုခုကြောင့် စိတ်တွင် ကျေနပ် နှစ်သက်အားရခြင်း ဖြစ်သည်
    qualification
    ကြိယာ

    ဂုဏ်ရည်

    [ɡoʊn်ɹɛ̀]
    ပြုလုပ် ဆောင်ရွက် ဆောင်နှိုင်ရေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း။ ပညာ၊ ဂုဏ်အစဟိစွာ အနိမ့်အမြင့် အခြီအရဲ
    ပြုလုပ် ဆောင်ရွက် ဆောင်နိုင်သော ကိုယ်စွမ်း၊ ဉာဏ်စွမ်း။ ပညာ၊ ဂုဏ်စသည် အနိမ့်အမြင့် အခြေအနေ
    qualification
    နာမ်

    ဂုဏ်သန်း

    [ɡoʊn်θáɴ]
    ဂုဏ်သရေ မှေးမှိန်သော။ ဂုဏ်အဟိတ် လျော့ပါးသော
    ဂုဏ်သရေ မှေးမှိန်သော။ ဂုဏ်အရှိန်အဝါ လျော့ပါးသော
    detract
    နာမဝိသေသန

    ဂုဏ်သရေ

    [ɡoʊn်θɹè]
    အမျိုးမျိုးသော ဂုဏ်ရို့နန့် သင့်မြတ် လျောက်ပတ် ထူးကဲ သာလွန်ခြင်း
    အမျိုးမျိုးသော ဂုဏ်တို့ဖြင့် သင့်မြတ် လျောက်ပတ် ထူးကဲ သာလွန်ခြင်း
    glorious
    နာမ်

    ဂုဏ်သိက္ခာ

    [ɡoʊn်θìkʰə́kʰaà]
    ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်း ထိန်းသိမ်းမှု
    ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်း ထိန်းသိမ်းမှု
    honours
    နာမ်