Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 764 words

    င

    ငိုင်တိငိုင်တိုင်၂

    [ŋàɪɴtìŋàɪɴtàɪɴ၂]
    ရွှင်လန်း တက်ကြွခြင်း မဟိဘဲ မှိုင်တိချဗျာယ် ဆုတ်နစ်နိန်ရေ
    ရွှင်လန်း တက်ကြွခြင်း ကင်းမဲ့စွာ မှိုင်တွေချလျက် ဆုတ်နစ်နေသည်
    mope-bedown cast
    ကြိယာ

    ငိုးတိုးငေါက်တောက်

    [ŋótóŋaʊʔtɔ́ɛʔ]
    ထောင်ဗျာယ်။ မတ်မတ် ရပ်တည်ဗျာယ်
    ထောင်လျက်။ မတ်မတ် ရပ်တည်လျက်
    on end
    ကြိယာဝိသေသန

    ငိုးတောက်ငိုးတိုး

    [ŋótɔ́ɛʔŋótó]
    ထောင်ဗျာယ်။ မတ်မတ် ရပ်တည်ဗျာယ်
    ထောင်လျက်။ မတ်မတ် ရပ်တည်လျက်
    on end
    ကြိယာဝိသေသန

    ငိုတောင်း

    [ŋÒtáʊɴ]
    အငို သန်ရေ။ ငိုလုံး ကြီးရေ
    အငို သန်သည်။ ငိုလုံး ကြီးသည်
    cry
    ကြိယာ

    ငိုတောင်း၂

    [ŋÒtáʊɴ၂]
    မရပ်မနား တာရှည် ငိုတတ်ခြင်း။ ငိုတတ်သူ။၂၊ ယင်းပိုင် ငိုသော သူကို ခေါ်သော စကား
    မရပ်မနား ကြာရှည်စွာ ငိုတတ်ခြင်း။ ငိုတတ်သူ။၂၊ ယင်းသို့ ငိုသော သူကို ခေါ်သော စကား
    cry
    နာမ်

    ငိုမ

    [ŋÒm]
    တနားတခါ ငိုတတ်သူ
    မကြာခဏ ငိုတတ်သူ
    cry
    နာမ်

    ငိုမည်းသံ

    [ŋÒmɛ́θံ]
    ငိုချင် အတွက်နန့် ကတုန်ကရီ အသံ ဖြစ်ပေါ်သည်
    ငိုချင် သောကြောင့် တုန်တုန်ရီရီ အသံ ဖြစ်ပေါ်သည်
    voice choked with emotion
    ကြိယာ

    ငိုယင့်ရှည်

    [ŋÒjɪ̰ɴʃɛ̀]
    တာရှည် မရပ်မနား ငိုရေ
    ကြာရှည်စွာ မရပ်မနား ငိုသည်
    cry
    ကြိယာ

    ငိုယင့်ရှည်၂

    [ŋÒjɪ̰ɴʃɛ̀၂]
    တာရှည် မရပ်မနား ငိုခြင်း။ ငိုကြော ရှည်ခြင်း
    ကြာရှည်စွာ မရပ်မနား ငိုခြင်း။ ငိုကြော ရှည်ခြင်း
    cry
    နာမ်

    ငိုယို

    [ŋÒjÒ]
    မျက်ရည်များ ယိုစီး ကျအောင် ငိုရေ
    မျက်ရည်များ ယိုစီး ကျအောင် ငိုသည်
    cry
    ကြိယာ

    ငိုလုံးချ

    [ŋÒlóʊɴɕ]
    ပြင်းထန်စွာ ငိုကြွီးခြင်း
    ပြင်းထန်စွာ ငိုကြွေးခြင်း
    cry
    နာမ်

    ငိုလုံးသန်

    [ŋÒlóʊɴθàɴ]
    အငို သန်ရေ။ ငိုလုံး ကြီးရေ
    အငို သန်သည်။ ငိုလုံး ကြီးသည်
    cry
    ကြိယာ

    ငုံ့

    [ŋo̰ʊɴ]
    ထောင်နီရာမှ အောက်ကို ငိုက်ကျစီရေ
    ထောင်နေရာမှ အောက်သို့ ငိုက်ကျစေသည်
    hold head down
    ကြိယာ

    ငုံး

    [ŋóʊɴ]
    ခြုံပုတ်တော၊ စပါးတော အစဟိစွာရို့မာ ကျက်စားလေ့ ဟိရေ ငှက်ငယ် တမျိုး
    ချုံပုတ်တော၊ စပါးတော စသည်တို့၌ ကျက်စားလေ့ ရှိသော ငှက်ငယ် တစ်မျိုး
    quail
    နာမ်

    ငုံ့ခံ

    [ŋo̰ʊɴkʰံ]
    (ဥပစာ) လူတိက ချိုးဖဲ့နှိမ်၍ ဇာပိုင်ပဲ ပြောပြော တုန့်ပြန်ခြင်းကို မပြုပဲ ငြိမ်သက် နိန်ရေ
    (ဥပစာ) သူတစ်ပါးက ချိုးဖဲ့နှိမ်၍ ဘယ်လိုပဲ ပြောပြော တုန့်ပြန်ခြင်းကို မပြုပဲ ငြိမ်သက် နေသည်
    endure
    ကြိယာ

    ငုံးငုံးတို

    [ŋóʊɴŋóʊɴtÒ]
    ပျက်စီးနီးပါး ရောက်ရေ ထိတောင် သုံးနှုန်း၍ မရယောင် တို၍ လားရေ အရာ။ ငုံးတဲ
    ပျက်စီးနီးပါး ရောက်သည့် တိုင်အောင် သုံးနှုန်း၍ မရအောင် တို၍ သွားသော အရာ။ ငုံးတဲ
    bluntly
    နာမ်

    ငုံ့စရစ်

    [ŋo̰ʊɴsɹɪʔ]
    ဇာသူတဦး တယောက်ကိုမှ ဂရုမစိုက်ပဲ။ အားလုံးစုံကို လျစ်လျူ ပြုရေအနိန်နန့်
    မည်သူတစ်ဦး တစ်ယောက်ကိုမှ ဂရုမစိုက်ပဲ။ အားလုံးစုံကို လျစ်လျူ ပြုသော အားဖြင့်
    neglect
    ကြိယာဝိသေသန

    ငုံးတိတိ

    [ŋóʊɴtìtì]
    တို၍ လားရေ အရာ။ ၂၊ တယောက် ထီးတည်း။ အထီးသာ။ ၃၊ သားသမီး အစဟိစွာ အမွီ ဆက်ခံသူ မဟိခြင်း။ ၄၊ အခက်အလက် အတက်များ မဟိရေ အပင်၊ ဝါးပင်အစဟိစွာ
    တို၍ သွားသော အရာ။ ၂၊ တစ်ယောက် ထီးတည်း။ အထီးသာ။ ၃၊ သားသမီး စသည် အမွေ ဆက်ခံသူ မရှိခြင်း။ ၄၊ အခက်အလက် အတက်များ မရှိသော သစ်ပင်၊ ဝါးပင်စသည်
    bluntly
    နာမ်

    ငုတ်

    [ŋoʊʔ]
    ငေါက်တောက် ထောင်၍ ကျန်ရစ်သော အပင်၏ တစိတ် တဒေသ
    ငေါက်တောက် ထောင်၍ ကျန်ရစ်သော သစ်ပင်၏ တစ်စိတ် တစ်ဒေသ
    short stump
    နာမ်

    ငုတ်စုတ်

    [ŋoʊʔsoʊʔ]
    ထောင်ဗျာယ်။ ထိုင်ဗျာယ်
    ထောင်လျက်။ ထိုင်လျက်
    in sitting position
    ကြိယာဝိသေသန