Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 764 words

    င

    ငါးကြပ်တင်

    [ŋàးt͡ɕaʔtɪ̀ɴ]
    ကျပ်စင်မာ တင်ပနာ မီးငွီ့ဖြင့် ခြောက်သွိ စီရေ ငါး
    ကျပ်စင်တွင် တင်၍ မီးငွေ့ဖြင့် ခြောက်သွေ့ စေသော ငါး
    smoked fish
    နာမ်

    ငါးကြပ်တိုက်

    [ŋàးt͡ɕaʔtaɪʔ]
    ကျပ်စင်မာ တင်ပနာ မီးငွီ့ဖြင့် ခြောက်သွိ စီရေ ငါး
    ကျပ်စင်တွင် တင်၍ မီးငွေ့ဖြင့် ခြောက်သွေ့ စေသော ငါး
    smoked fish
    နာမ်

    ငါးကြောင်

    [ŋàးt͡ɕàʊɴ]
    ငါး၏ နံချင်းပြိုင် တဖက် တချက်မာ ရွှီရောင် အစင်းပါရေ ငါးတမျိုး
    ငါး၏ နံဘေး တစ်ဖက် တစ်ချက်တွင် ရွှေရောင် အစင်းပါသည့် ငါးတစ်မျိုး
    fish
    နာမ်

    ငါးကြောထောင်

    [ŋàးt͡ɕɔ́tʰàʊɴ]
    ကြောရိုး စူးကို ထောင်၍ လားတတ်ရေ ငါးတမျိုး
    ကျောရိုး ဆူးကို ထောင်၍ သွားတတ်သော ငါးတစ်မျိုး
    fish
    နာမ်

    ငါးကြဲး

    [ŋàးt͡ɕɛး]
    ရင်စူးတောင် ပါယား အဆိပ်ထန်သော ရီချို ငါးငယ် တမျိုး။ ငဂျေး
    ရင်ဆူးတောင် ပါပြီး အဆိပ်ထန်သော ရေချို ငါးငယ် တစ်မျိုး။ ငါးကျည်း
    small catfish
    နာမ်

    ငါးခင်ပါး

    [ŋàးkʰɪ̀ɴpàး]
    ရှည်၍ အဖြူမာ အညိုရောင် သန်းသော ပင်လယ်ငါး တမျိုး
    ရှည်၍ အဖြူတွင် အညိုရောင် သန်းသော ပင်လယ်ငါး တစ်မျိုး
    sea fish
    နာမ်

    ငါးခရု

    [ŋàးkʰɹoʊ]
    ကိုယ်ပြားပြား၊ ခပ်ဝိုင်းဝိုင်း အကြီး ပါရေ ငါးတမျိုး
    ကိုယ်ပြားပြား၊ ခပ်ဝိုင်းဝိုင်း အကြေး ပါသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးခလေး

    [ŋàးkʰlé]
    ငါးခူနှင့် ဆင်တူရေ (ငါးခူအချေစား) အကြီးမဲ့ ရီချို ငါးတမျိုး။ (ရီချို ငါးခူလို့လေ့ ခေါ်ရေ)‌
    ငါးခူနှင့် ဆင်တူသည့် (ငါးခူအငယ်စား) အကြေးမဲ့ ရေချို ငါးတစ်မျိုး။ (ရီချို ငါးခူဟုလည်း ခေါ်သည်)‌
    catfish
    နာမ်

    ငါးခုံးမ

    [ŋàးkʰóʊɴm]
    ရီချိုမာ နီရေ ငါးငယ်တမျိုး
    ရေချိုတွင် နေသည့် ငါးငယ်တစ်မျိုး
    barbus fish
    နာမ်

    ငါးခူ

    [ŋàးkʰù]
    အစူးဟိပြီးကေ အဆိပ် ပြင်းသော အကြီးမဲ့ ငါးတမျိုး။( ရီငန်ငါးခူ၊ ပင်လယ်ငါးခူ လို့လေ့ ခေါ်ရေ)
    အဆူးရှိ၍ အဆိပ် ပြင်းသော အကြေးမဲ့ ငါးတစ်မျိုး။( ရေငန်ငါးခူ၊ ပင်လယ်ငါးခူ ဟုလည်း ခေါ်သည်)
    catfish
    နာမ်

    ငါးခြောက်

    [ŋàးkʰɹɔ́ɛʔ]
    ခွဲစိတ်၍ ဂန်ဒူး လှန်းထားရေ စားစရာငါး
    ခွဲစိတ်၍ အခြောက် လှန်းထားသော စားစရာငါး
    dried fish
    နာမ်

    ငါးခွီးလယာ

    [ŋàးkʰwïljà]
    ခွီး၏ လျှာပိုင် ပြားသော ငါးတမျိုး
    ခွေး၏ လျှာကဲ့သို့ ပြားသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးဂေါင်းကြီး

    [ŋàးɡèàɪ́ɴt͡ɕï]
    အဂေါင်း ကြီးပြီးကေ ပတုံး ပပိန်ချေသော ငါးတမျိုး
    ဦးခေါင်း ကြီး၍ အမြီး သေးသွယ်သော ငါးတစ်မျိုး
    fish
    နာမ်

    ငါးငပ်

    [ŋàးŋaʔ]
    ငွီရောင်ပိုင် အကြီးပါရေ ငါးငယ် တမျိုး
    ငွေရောင်ကဲ့သို့ အကြေးပါသော ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးစခါး

    [ŋàးskʰàး]
    မျက်လုံး ပြူးပြူး အကောင် ငယ်ရေ ငါးငယ် တမျိုး
    မျက်လုံး ပြူးပြူး အကောင် သေးငယ်သော ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးစင်း

    [ŋàးsɪ́ɴ]
    မျက်စိ ပြူးတူးတူး ကိုယ်ကို ဖေါ်၍ တဖြောက်ဖြောက် ခုန်ပြီး ရေကို ကူးလားလိ့ ဟိရေ ငါးတမျိုး
    မျက်စိ ပြူးတူးတူး ကိုယ်ကို ဖေါ်၍ တဖြောက်ဖြောက် ခုန်ပြီး ရေကို ကူးသွားလေ့ ရှိသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးစင်းစပ်

    [ŋàးsɪ́ɴsaʔ]
    ကိုယ် စိကေချေ ဝိုင်းဝန်း ခပ်ပါးပါး အရိုးအစူး များရေ ငါးငယ် တမျိုး။ (ကြောင်မစားငါး၊ ငါးစပ်လို့လေ့ ခေါ်ရေ။
    ကိုယ် အနည်းငယ် ဝိုင်းဝန်း ခပ်ပါးပါး အရိုးအဆူး များသော ငါးငယ် တစ်မျိုး။ (ကြောင်မစားငါး၊ ငါးစပ်ဟုလည်း ခေါ်သည်။
    fish
    နာမ်

    ငါးစစ်စလီ

    [ŋàးsɪʔslí]
    လုံးချောချော နှုတ်သီး ချွန်၍ ရီချိုမာ ကျက်စားလေ့ ဟိရေ ငါးငယ် တမျိုး။ (ငါးနီတူ၊ ငါးသဲစား လို့လေ့ ခေါ်ရေ။
    လုံးချောချော နှုတ်သီး ချွန်၍ ရေချိုတွင် ကျက်စားလေ့ ရှိသော ငါးငယ် တစ်မျိုး။ (ငါးနီတူ၊ ငါးသဲစား ဟုလည်း ခေါ်သည်။
    fish
    နာမ်

    ငါးစဉ်းသီတုံး

    [ŋàးsɪ́ɴθítóʊɴ]
    အမဲသား၊ ငါးရို့ကို ခုတ်စိုင်းသင်ရာ သစ်သားတုံး။ စဉ်းနီးတုံး
    အမဲသား၊ ငါးတို့ကို ခုတ်စဉ်းသင်ရာ သစ်သားတုံး။ စဉ်းနီးတုံး
    chopping block
    နာမ်

    ငါးစနု

    [ŋàးsnoʊ]
    ကိုယ်ရောင် ဖြူဖွေး၍ လုံးချောချော ဟိရေ ငါးတမျိုး
    ကိုယ်ရောင် ဖြူဖွေး၍ လုံးချောချော ရှိသော ငါးတစ်မျိုး
    fish
    နာမ်