Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 441–460 of 764 words

    င

    ငါးတမုန်

    [ŋàးtmòʊɴ]
    ကိုယ်ထည် ရှည်၍ သွားငယ် အထပ်ထပ် ပါယား ချက်လျှင် ကျိချွဲရေ ငါးတမျိုး။ အာဖဲ့ခြောက်။ ဘရီးဂါးခြောက်
    ကိုယ်ထည် ရှည်၍ သွားငယ် အထပ်ထပ် ပါပြီး ချက်လျှင် ကျိချွဲသည့် ငါးတစ်မျိုး။ အာဖဲ့ခြောက်။ ငါးနှပ်ခြောက်
    spiny eel
    နာမ်

    ငါးတယား

    [ŋàးtjá]
    ပြား ရှည်ရှည်ဟိရေ ငါးတမျိုး
    ပြား ရှည်ရှည်ရှိသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးတိန်း

    [ŋàးtéɪɴ]
    စူးတောင် ဟိပြီးကေ မဆွီးနန့် အဆိပ် ပြင်းသော ငါးတမျိုး
    ဆူးတောင် ရှိ၍ နှုတ်ခမ်းမွှေးနှင့် အဆိပ် ပြင်းသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးတုံးစပ်

    [ŋàးtóʊɴsaʔ]
    ရီချို ငါးငယ် တမျိုး
    ရေချို ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးတုံးပွတ်

    [ŋàးtóʊɴpwaʔ]
    လုံးသော ကိုယ်ဟိပြီးး အဝါရောင် စိကေချေ သမ်းသော ငါးငယ် တမျိုး
    လုံးသော ကိုယ်ရှိပြီး အဝါရောင် အနည်းငယ် သမ်းသော ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးတောက်တက်

    [ŋàးtɔ́ɛʔtɛʔ]
    လုံးချောချော (ငါးပျက်ပိုင်) မားအောင်း နိန်ရေ့ ငါးငယ် တမျိုး
    လုံးချောချော (ငါးပျက်ကဲ့သို့) တွင်းအောင်း နေသည့် ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးတောက်တူ

    [ŋàးtɔ́ɛʔtù]
    အကြီးမာ အမည်းနန့် အဖြူပေါက် ပါရေ ပင်လယ်ငါးကြီး တမျိုး
    အကြေးတွင် အမည်းနှင့် အဖြူပေါက် ပါသော ပင်လယ်ငါးကြီး တစ်မျိုး
    sea fish
    နာမ်

    ငါးတောင်ညှင်း

    [ŋàးtàʊɴɲ̯ɪ́ɴ]
    ပစမာ နှုတ်သီးပိုင် ငေါထွက်နိန်ပြီးကေ ရှည်လျား၍ လုံးသော ကိုယ်ဟိရေ ငါးတမျိုး။ ငတောင်ညှင်း
    ပါးစပ်တွင် နှုတ်သီးကဲ့သို့ ငေါထွက်နေပြီး ရှည်လျား၍ လုံးသော ကိုယ်ရှိသော ငါးတစ်မျိုး။ ငါးဖောင်ရိုး
    fish
    နာမ်

    ငါးတောင်ညှင်း၂

    [ŋàးtàʊɴɲ̯ɪ́ɴ၂]
    (ဥပစာ) ပိန်ရှည်သော သူ
    (ဥပစာ) ပိန်ရှည်သော သူ
    thin and tall
    နာမ်

    ငါးတောင်ပုန်း

    [ŋàးtàʊɴpóʊɴ]
    ပစမာ နှုတ်သီးပိုင် ငေါထွက်နိန်ပြီးကေ ရှည်လျား၍ လုံးသော ကိုယ်ဟိရေ ငါးတမျိုး။ ငတောင်ညှင်း
    ပါးစပ်တွင် နှုတ်သီးကဲ့သို့ ငေါထွက်နေပြီး ရှည်လျား၍ လုံးသော ကိုယ်ရှိသော ငါးတစ်မျိုး။ ငါးဖောင်ရိုး
    fish
    နာမ်

    ငါးတောင်သူ

    [ŋàးtàʊɴθù]
    မျက်လုံး ပြူးတူးတူး ဖြားရီချောင်း ကမ်းစများမာ တနီရာမှ တနီရာသို့ ခုန်ကာ ကျက်စား တတ်ရေ ငါးငယ် တမျိုး။ ငါးဖျံ
    မျက်လုံး ပြူးတူးတူး ဒီရေချောင်း ကမ်းစပ်များတွင် တစ်နေရာမှ တစ်နေရာသို့ ခုန်ကာ ကျက်စား တတ်သော ငါးငယ် တစ်မျိုး။ ငါးဖျံ
    fish
    နာမ်

    ငါ့ထက်မှာ

    [ŋà့tʰɛʔm̥à]
    ကိုယ့်ထံမာ လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ
    မိမိထံတွင် လုပ်ဆောင်ရန် ကျရောက်သော အမှုကိစ္စ
    matter
    နာမ်

    ငါးထမင်းနီ

    [ŋàးtʰmɪ́ɴní]
    အရဲရောင်မာ ရွှီဝါရောင် သမ်းသော ငါးတမျိုး
    အနီရောင်တွင် ရွှေဝါရောင် သမ်းသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးထမင်းပါ

    [ŋàးtʰmɪ́ɴpà]
    ငါးထမင်းနီနန့် ဆင်တူရေ ငါးတမျိုး
    ငါးထမင်းနီနှင့် ဆင်တူသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးထီး

    [ŋàးtʰï]
    ဦးခေါင်ကြီးပြီးကေ ကိုယ်လုံး ကိုယ်ထည် ပိထိုင် ပင်လယ် ငါးကြီး တမျိုး
    ဦးခေါင်ကြီး၍ ကိုယ်လုံး ကိုယ်ထည် ပုသော ပင်လယ် ငါးကြီး တစ်မျိုး
    fish
    နာမ်

    ငါးဒုတ်ဓါး

    [ŋàးdoʊʔdʱàး]
    ကိုယ်ရှည် လျား၍ စိကေချေ ပြားသော ငါးတမျိုး
    ကိုယ်ရှည် လျား၍ အနည်းငယ် ပြားသော ငါးတစ်မျိုး
    fish
    နာမ်

    ငါးဒုဿမာ

    [ŋàးdoʊðmà]
    ကိုယ်ထည် ရှည်၍ သွားငယ် အထပ်ထပ် ပါယား ချက်လျှင် ကျိချွဲရေ ငါးတမျိုး။ အာဖဲ့ခြောက်။ ဘရီးဂါးခြောက်
    ကိုယ်ထည် ရှည်၍ သွားငယ် အထပ်ထပ် ပါပြီး ချက်လျှင် ကျိချွဲသည့် ငါးတစ်မျိုး။ အာဖဲ့ခြောက်။ ငါးနှပ်ခြောက်
    spiny eel
    နာမ်

    ငါးဒူလာ

    [ŋàးdùlà]
    ငါးဒါးလာနန့် ဆင်တူရေ ငါးငယ် တမျိုး
    ငါးဒါးလာနှင့် ဆင်တူသော ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါဒေ

    [ŋàdè]
    တစုံ တယောက်က စိတ် အနှောက် အယှက် ဖြစ်ယောင် ပြုလာရေအခါ မာန်ပါ မာန်ပါဖြင့် (ငါကွ-ဟုဆို ပိုင်)
    တစ်စုံ တစ်ယောက်က စိတ် အနှောက် အယှက် ဖြစ်အောင် ပြုလာသည့်အခါ စိတ်ဆိုး မာန်ပါဖြင့် (ငါကွ-ဟုဆို သကဲ့သို့)
    none
    ပစ္စည်း

    ငါဒေသူ

    [ŋàdèθù]
    ကျွန်ုပ်။ ငါ
    ကျွန်ုပ်။ ငါ
    I
    နာမ်စား