Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 764 words

    င

    ငါးဗသျှား

    [ŋàးbʃá]
    ငပါ့သွင် အချေစား ငါးတမျိုး
    ငါးပုတ်သင် အငယ်စား ငါးတစ်မျိုး
    fish
    နာမ်

    ငါးဗေါင်းဇေါက်

    [ŋàးbèàɪ́ɴzaʊʔ]
    ကိုယ် စိကေချေ ပြား၍ ရှည်သွယ်ပြီးကေ ပတုံး သွယ်သွယ် ဟိရေ ငါးတမျိုး
    ကိုယ် အနည်းငယ် ပြား၍ ရှည်သွယ်ပြီး အမြီး သွယ်သွယ် ရှိသော ငါးတစ်မျိုး
    fish
    နာမ်

    ငါဗျာ

    [ŋàbrà]
    (နီရာ တိုင်းမာ) ငါဂျေးရာဟု ကိုယ့်ကိုယ်ကို ဦး၍ ပြောသော စကား
    (နေရာ တကာတွင်) ငါချည်းပဲဟု မိမိကိုယ်ကို ဦး၍ ပြောသော စကား
    I
    နာမ်စား

    ငါးဗျာရီ

    [ŋàးbràɹí]
    ငါးကို အစုလိုက်၊ အပုံလိုက် (လက္ကား) ရောင်းသူမှ တဆင့် ဝယ်ယူပနာ စိကေချေချင်း တိုက်ရိုက် (လက်လီ) ရောင်းချသော စနစ်
    ငါးကို အစုလိုက်၊ အပုံလိုက် (လက္ကား) ရောင်းသူမှ တဆင့် ဝယ်ယူ၍ အနည်းငယ်ချင်း တိုက်ရိုက် (လက်လီ) ရောင်းချသော စနစ်
    fish monger
    နာမ်

    ငါးဗျာရီ၂

    [ŋàးbràɹí၂]
    ငါး လက်လီ ရောင်းချသော သူ
    ငါး လက်လီ ရောင်းချသော သူ
    fish monger
    နာမ်

    ငါးမန်း

    [ŋàးmáɴ]
    ပင်လယ်ငါးကြီး တမျိုး။ (ငါးမန်းခါး၊ ငါးမန်းကျွဲ၊ ငါးမန်းခေါင်းတုံး၊ ငါးမန်းစွယ်၊ ငါးမန်းနပျိုး အစဟိစွာအားဖြင့် အမျိုးအမည် များပြားရေ။
    ပင်လယ်ငါးကြီး တစ်မျိုး။ (ငါးမန်းခါး၊ ငါးမန်းကျွဲ၊ ငါးမန်းခေါင်းတုံး၊ ငါးမန်းစွယ်၊ ငါးမန်းနပျိုး စသည်အားဖြင့် အမျိုးအမည် များပြားသည်။
    shark
    နာမ်

    ငါးမန်း၂

    [ŋàးmáɴ၂]
    အသိဉာဏ် မဟိရေ သူဆိုပနာ ပင်ဖြစ်ဖြစ်၊ (ကျေးလက် ကျွန်းရွာ သားတိကို) ချိုးဖဲ့ နှိမ့်ချလိုရေတွက်နန့် ပင်ဖြစ်ဖြစ် ခေါ်ဝေါ်သော စကားလုံး (ကျွန်းသား ငါးမန်းဟူ၏)
    အသိဉာဏ် ကင်းမဲ့သော သူဟူ၍ လည်းကောင်း၊ (ကျေးလက် တောရွာ သားများကို) ချိုးဖဲ့ နှိမ့်ချလို၍ လည်းကောင်း ခေါ်ဝေါ်သော စကားလုံး (ကျွန်းသား ငါးမန်းဟူ၏)
    none
    ဥပစာ

    ငါးမန်းကျွဲ

    [ŋàးmáɴt͡ɕwɛ]
    အဂေါင်းမာ အစွန်းနှစ်ဘက် ထွက်ပြီးကေ ယင်းအစွန်းမာ မျက်စိပါရေ ငါးမန်း တမျိုး
    ဦးခေါင်းတွင် အစွန်းနှစ်ဘက် ထွက်၍ ယင်းအစွန်းတွင် မျက်စိပါသည့် ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းကွက်

    [ŋàးmáɴkwɛʔ]
    ရှည်လျားသော ကိုယ်မာ အမည်းပြောက်များ ဟိတတ်၍ ပြူးသော မျက်လုံးများ ဟိရေ ကြောက်မက်ဖွယ် ကောင်းရေ ငါးမန်း တမျိုး
    ရှည်လျားသော ကိုယ်တွင် အမည်းပြောက်များ ရှိတတ်၍ ပြူးသော မျက်လုံးများ ရှိသည့် ကြောက်မက်ဖွယ် ကောင်းသော ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းခါး

    [ŋàးmáɴkʰàး]
    အရောင် မည်းတူး၍ အသားခါးရေ ငါးမန်း တမျိုး
    အရောင် မည်းတူး၍ အသားခါးသည့် ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းဂေါင်းတို

    [ŋàးmáɴɡèàɪ́ɴtÒ]
    တိုသော အဂေါင်း ဟိရေ ငါးမန်း တမျိုး
    တိုသော ဦးခေါင်း ရှိသော ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းဂေါင်းတုံး

    [ŋàးmáɴɡèàɪ́ɴtóʊɴ]
    တိုသော အဂေါင်း ဟိရေ ငါးမန်း တမျိုး
    တိုသော ဦးခေါင်း ရှိသော ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းဂေါင်းဝန်း

    [ŋàးmáɴɡèàɪ́ɴwáɴ]
    အဂေါင်း ပိပြား ပြန့်ကားသော ငါးမန်း တမျိုး
    ဦးခေါင်း ပိပြား ပြန့်ကားသော ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းစွယ်

    [ŋàးmáɴswɛ̀]
    ငေါထွက်နိန်ရေ ငါးမန်း၏ အဂေါင်းရိုးမာ လွှသွားပိုင် နှစ်ဘက်သွား ပါရေ အရိုး
    ငေါထွက်နေသော ငါးမန်း၏ ဦးခေါင်းရိုးတွင် လွှသွားကဲ့သို့ နှစ်ဘက်သွား ပါသည့် အရိုး
    shark
    နာမ်

    ငါးမန်းစွယ်သည်

    [ŋàးmáɴswɛ̀θɛ̀]
    ရှည်၍ ပြားသော အဂေါင်းမှနှစ်ဘက် သွားလွှနန့် တူရေ နှာရိုး ထွက်နိန်ရေ ပင်လယ်ငါးမန်း တမျိုး
    ရှည်၍ ပြားသော ဦးခေါင်းမှနှစ်ဘက် သွားလွှနှင့် တူသည့် နှာရိုး ထွက်နေသော ပင်လယ်ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းနပျိုးနု

    [ŋàးmáɴnprónoʊ]
    ကိုယ်စိမ်းပြာရောင် အဆင်းဟိပြီးး ချဖိုက် ဖြူသော ငါးမန်း တမျိုး
    ကိုယ်စိမ်းပြာရောင် အဆင်းရှိပြီး ဝမ်းအောက်ပိုင်း ဖြူသော ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမန်းဟောက်

    [ŋàးmáɴhɔ́ɛʔ]
    ကိုယ်လျားရှည်၍ စိမ်းညိုရောင် ဟိပြီးး ချဖိုက် ဖြူဝါရောင် ဟိရေ ငါးမန်း တမျိုး
    ကိုယ်လျားရှည်၍ စိမ်းညိုရောင် ရှိပြီး ဝမ်းအောက်ပိုင်း ဖြူဝါရောင် ရှိသော ငါးမန်း တစ်မျိုး
    shark
    နာမ်

    ငါးမိုးသီး

    [ŋàးmóθï]
    လက်ဝါး ဗြက်လောက်ခန့်ဟိ အသားထူရေ စည်သွက်ငါး တမျိုး
    လက်ဝါး ဗြက်လောက်ခန့်ရှိ အသားထူသော စည်သွက်ငါး တစ်မျိုး
    fish
    နာမ်

    ငါးမီးထုံး

    [ŋàးmïtʰóʊɴ]
    ချောကျိ၍ ငါးရှဉ့်နန့် တူသော မြေမား အောင်းနေ ငါးတမျိုး
    ချောကျိ၍ ငါးရှဉ့်နှင့် တူသော မြေတွင်း အောင်းနေ ငါးတစ်မျိုး
    fish
    နာမ်

    ငါးမုတ်

    [ŋàးmoʊʔ]
    အဂေါင်း အနည်းကြီးပြီးကေ ပါးဟက်စူး၊ ကြောရိုးစူး ပါယား ကျော မည်းသမ်းရောင်၊ ဝမ်းဖြူပြာရောင် ဟိရေ ငါးတမျိုး။၂၊ ပြားချပ်ချပ် ကိုယ်ဟိပြီးး ပြာမွဲရောင် တနည်း အညိုရင့်ရောင် ဟိရေ ငါးမျိုးအဝင် ပင်လယ်ငါး တမျိုး
    ဦးခေါင်း အနည်းကြီး၍ ပါးဟက်ဆူး၊ ကျောရိုးဆူး ပါပြီး ကျော မည်းသမ်းရောင်၊ ဝမ်းဖြူပြာရောင် ရှိသော ငါးတစ်မျိုး။၂၊ ပြားချပ်ချပ် ကိုယ်ရှိပြီး မွဲပြာရောင် သို့မဟုတ် အညိုရင့်ရောင် ရှိသော ငါးမျိုးအဝင် ပင်လယ်ငါး တစ်မျိုး
    pomfret
    နာမ်