Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 764 words

    င

    ငါးမူး

    [ŋàးmùး]
    တန်းကားတပြား၏ ထက်ဝက် ဖြစ်ရေ ငွီ
    ငွေတစ်ကျပ်၏ ထက်ဝက် ဖြစ်သော ငွေ
    half a kyat
    နာမ်

    ငါးမောက်ရိုး

    [ŋàးmɔ́ɛʔɹó]
    ပစမာ နှုတ်သီးပိုင် ငေါထွက်နိန်ပြီးကေ ရှည်လျား၍ လုံးသော ကိုယ်ဟိရေ ငါးတမျိုး။ ငတောင်ညှင်း။၂၊ (ဥပစာ) ပိန်ရှည်သော သူ
    ပါးစပ်တွင် နှုတ်သီးကဲ့သို့ ငေါထွက်နေပြီး ရှည်လျား၍ လုံးသော ကိုယ်ရှိသော ငါးတစ်မျိုး။ ငါးဖောင်ရိုး။၂၊ (ဥပစာ) ပိန်ရှည်သော သူ
    fish
    နာမ်

    ငါးမျက်စိ

    [ŋàးmrɛʔsì]
    အရီပြား ထက်မာ ပေါက်တတ်ရေ အသမာ အဖုအပိန့် အချေ တမျိုး
    အရေပြား ပေါ်တွင် ပေါက်တတ်သော အသားမာ အဖုအပိန့် ကလေး တစ်မျိုး
    wart-corn
    နာမ်

    ငါးမျက်ဆံကျယ်

    [ŋàးmrɛʔsʰံt͡ɕɛ̀]
    ကျော အစိမ်းရောင်၊ ဝမ်းပိုက် အဖြူရောင် ပြားချပ်ချပ်၊ မျက်စိ ပြူးတူးတူး ဟိရေ ငါးငယ် တမျိုး
    ကျော အစိမ်းရောင်၊ ဝမ်းပိုက် အဖြူရောင် ပြားချပ်ချပ်၊ မျက်စိ ပြူးတူးတူး ရှိသော ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးမျှား

    [ŋàးmr̯á]
    ငါးမျှားချိတ်မာ အစာတပ်ပြီးကေ ပိုက်ချရေ
    ငါးမျှားချိတ်တွင် အစာတပ်၍ ငါးဖမ်းသည်
    fishing
    ကြိယာ

    ငါးမျှားကိုင်း

    [ŋàးmr̯ákáɪɴ]
    ငါးမျှားကြိုး ခြည်ရရေ တုတ်ချောင်း
    ငါးမျှားကြိုး ချည်ရသော တုတ်ချောင်း
    none
    နာမ်

    ငါးမျှားကြိုး

    [ŋàးmr̯át͡ɕó]
    တဖက်မာ ငါးမျှားချိတ်ကို ခြည်၍ တဖက်မာ ငါးမျှားတံကို ခြည်ရရေ ကြိုး
    တစ်ဘက်တွင် ငါးမျှားချိတ်ကို ချည်၍ တစ်ဘက်တွင် ငါးမျှားတံကို ချည်ရသော ကြိုး
    none
    နာမ်

    ငါးမြင်း

    [ŋàးmɹɪ́ɴ]
    ကိုယ်ရှည်လျား၍ ပြားချပ်ချပ် မဆွီး ပါရေ ငါးတမျိုး
    ကိုယ်ရှည်လျား၍ ပြားချပ်ချပ် နှုတ်ခမ်းမွှေး ပါသည့် ငါးတစ်မျိုး
    short headed catfish
    နာမ်

    ငါးမြီးတုံး

    [ŋàးmɹïtóʊɴ]
    ချောကျိ၍ ငါးရှဉ့်နန့် တူသော မြေမား အောင်းနေ ငါးတမျိုး
    ချောကျိ၍ ငါးရှဉ့်နှင့် တူသော မြေတွင်း အောင်းနေ ငါးတစ်မျိုး
    fish
    နာမ်

    ငါမှငါ

    [ŋàm̥ŋà]
    ငါတိုင်းဟု မာန ထောင်လွှားမှု။ လူတိကို ဂရုမပြု၊ အမှုမထားပဲ ကိုယ့်ထင်ရာ ပြုလုပ်ခြင်း
    ငါတကာဟု မာန ထောင်လွှားမှု။ သူတပါးကို ဂရုမပြု၊ အမှုမထားပဲ မိမိထင်ရာ ပြုလုပ်ခြင်း
    arrogant
    နာမ်

    ငါးယက်

    [ŋàးjɛʔ]
    လုံးလျောချော ရွံ့ဗွက်မာ မားဖြင့် နီလိဟိရေ မားအောင်း ငါးငယ် တမျိုး
    လုံးလျောချော ရွံ့ဗွက်တွင် တွင်းဖြင့် နေလေ့ရှိသော တွင်းအောင်း ငါးငယ် တစ်မျိုး
    fish
    နာမ်

    ငါးယက်ငန်

    [ŋàးjɛʔŋàɴ]
    ငါးယက်ထက် ငယ်၍ ငါးယက်အနွယ်ဝင် မားနေ ငါးလုံးငယ် တမျိုး
    ငါးယက်ထက် ငယ်၍ ငါးယက်အနွယ်ဝင် တွင်းနေ ငါးလုံးငယ် တစ်မျိုး
    fish
    နာမ်

    ငါးယက်နီ

    [ŋàးjɛʔní]
    ငါးယက် အမျိုးအစား နွယ်ဝင် နီကြန်ကြန် ဟိရေ မားနေ ငါးလုံးငယ် တမျိုး
    ငါးယက် အမျိုးအစား နွယ်ဝင် နီကြန်ကြန် ရှိသော တွင်းနေ ငါးလုံးငယ် တစ်မျိုး
    fish
    ကြိယာဝိသေသန

    ငါးယက်ပြားလူး

    [ŋàးjɛʔpɹálùး]
    အလိုအာသာ ပြင်းပြဗျာယ်။၂၊ ဆောက်တည်ရာ မရ ဖြစ်ဗျာယ်၊ ပူပင် သောက မီးတောက် လောင်ပြီး ကိုယ်ကို တပြောင်း ပြန်ပြန် လူးလှိမ့်ဗျာယ်
    အလိုအာသာ ပြင်းပြလျက်။၂၊ ဆောက်တည်ရာ မရ ဖြစ်လျက်၊ ပူပင် သောက မီးတောက် လောင်ပြီး ကိုယ်ကို တပြောင်း ပြန်ပြန် လူးလှိမ့်လျက်
    covet
    နာမ်

    ငါးယက်ပြောက်

    [ŋàးjɛʔpɹɔ́ɛʔ]
    အမည်းမာ ဖြူကွက် ငယ်များ ပါရေ မားနေ(ငါးယက်) ငလုံးငယ် တမျိုး
    အမည်းတွင် ဖြူကွက် ငယ်များ ပါသော တွင်းနေ(ငါးယက်) ငလုံးငယ် တစ်မျိုး
    fish
    နာမ်

    ငါးယက်ဖြူ

    [ŋàးjɛʔpʰɹù]
    ဖြူသော အရောင်ဟိရေ ငါးကုန်းဖြီျိုးဝင် မားနေ ငါးလုံးငယ် တမျိုး
    ဖြူသော အရောင်ရှိသော ငါးယက်မျိုးဝင် တွင်းနေ ငါးလုံးငယ် တစ်မျိုး
    fish
    နာမ်

    ငါးယက်မည်း

    [ŋàးjɛʔmɛ́]
    မဲနက်ရေ ငါးကုန်းဖြီျိုးဝင် မားနေ ငါးလုံးငယ် တမျိုး
    မည်းနက်သော ငါးယက်မျိုးဝင် တွင်းနေ ငါးလုံးငယ် တစ်မျိုး
    fish
    နာမ်

    ငါးယက်သွားကြဲ

    [ŋàးjɛʔθWàt͡ɕɛ]
    ထက်သော လားဟိပြီးကေ နီကြန်ကြန် အရောင် ဟိရေ ငါးယက် မျိုးဝင် မားအောင်းနေ ငါးတမျိုး
    ထက်သော သွားရှိ၍ နီကြန်ကြန် အရောင် ရှိသော ငါးယက် မျိုးဝင် တွင်းအောင်းနေ ငါးတစ်မျိုး
    fish
    နာမ်

    ငါးယောင်တောင်

    [ŋàးjàʊɴtàʊɴ]
    လုံးလုံး လျားလျား ၃-၄တောင်ခန့် ရှည်၍ ကျိချွဲသော အရေဟိ ငါးရှဉ့်မျိုးဝင် မားအောင်းနေ ငါးတမျိုး
    လုံးလုံး လျားလျား ၃-၄တောင်ခန့် ရှည်၍ ကျိချွဲသော အရေရှိ ငါးရှဉ့်မျိုးဝင် တွင်းအောင်းနေ ငါးတစ်မျိုး
    fish
    နာမ်

    ငါ့ယောင်လူ

    [ŋà့jàʊɴlù]
    သာမန်။ မသဲမကွဲ။ အညတရ။ သေးသီးဖွဲ့ဖွဲ့။ နုံနုံချာချာ။ (ငါ့နှယ်လူ၊ ငါ့ပိုင်ယှောင် လူဟု အောက်ကျမခံ မာန တက်ကြွလိုမှုဖြင့် (ပြောသောစကား)
    သာမန်။ မထင်မရှား။ အညတရ။ သေးသေးဖွဲ့ဖွဲ့။ နုံနုံချာချာ။ (ငါ့နှယ်လူ၊ ငါ့ကဲ့သို့သော လူဟု အောက်ကျမခံ မာန တက်ကြွလိုမှုဖြင့် (ပြောသောစကား)
    normal-usual
    ကြိယာဝိသေသန