Dictionary Entries
Showing 41–60 of 764 words
င
ငစုတ်ကြီး
[ŋsoʊʔt͡ɕï]
Arakanese:
စုတ်ပဲ့သော။ ရိုင်းစိုင်းသော။ ပက်စက်သော
Burmese:
စုတ်ပဲ့သော။ ရိုင်းစိုင်းသော။ ပက်စက်သော
English:
rude-violent-rough-harsh
Grammar Note:
နာမဝိသေသန
ငစုတ်ကြီး၂
[ŋsoʊʔt͡ɕï၂]
Arakanese:
စုတ်ပဲ့ရေ။ ရိုင်းစိုင်းရေ။ ပက်စက်သည်
Burmese:
စုတ်ပဲ့သည်။ ရိုင်းစိုင်းသည်။ ပက်စက်သည်
English:
rude-violent-rough-harsh
Grammar Note:
ကြိယာ
ငစုတ်ပက်
[ŋsoʊʔpɛʔ]
Arakanese:
ဆင်ခြင် တွက်ဖော်မှုမဟိ။ ပစမ်းနရမ်း ပြုလွယ်ရေ။ ၂၊ မထောက်မထား ရိုင်းပြရေ။ ပက်စက်သည်
Burmese:
ဆင်ခြင် စဉ်းစားမှုမရှိ။ မသပ်မရပ် ပြုလွယ်သည်။ ၂၊ မထောက်မထား ရိုင်းပျသည်။ ပက်စက်သည်
English:
rude-violent-rough-harsh
Grammar Note:
ကြိယာ
ငစောက်ငစောက်
[ŋsɔ́ɛʔŋsɔ́ɛʔ]
Arakanese:
ဟိုရောက် သည်ရောက်။ ရောက်တတ် ရာရာ။ ငြိမ်သက် တည်ကြည်မှု မဟိဘဲ လားလာ လည်ပတ်ဗျာယ်
Burmese:
ဟိုရောက် သည်ရောက်။ ရောက်တတ် ရာရာ။ ငြိမ်သက် တည်ကြည်မှု မရှိပဲ သွားလာ လည်ပတ်လျက်
English:
activity without aim
Grammar Note:
ကြိယာဝိသေသန
ငစောင်း
[ŋsáʊɴ]
Arakanese:
မျက်စိတဖက် စွေသူ
Burmese:
မျက်စိတစ်ဖက် စွေသူ
English:
Boss-eyed
Grammar Note:
နာမ်
ငစောင်း၂
[ŋsáʊɴ၂]
Arakanese:
တခုတရီသော ဝန်ကို အရယူခိုင်းရာမာ (ဂရုထူ၍ မရှာခဲ့သနန့်) မရခရာမာ သုံးနှုံးသော စကား
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းကို အရယူခိုင်းရာ၌ (ဂရုစိုက်၍ မရှာခဲ့သဖြင့်) မရခဲ့ရာတွင် သုံးနှုံးသော စကား
English:
none
Grammar Note:
နာမ်
ငစွယ်က
[ŋswɛ̀k]
Arakanese:
ယတြာ ပြုလုပ်ရေ အကတမျိုး( ဤအကမျိုးကို လက်ဖျစ် တဖြောက်ဖြောက် တီးပြီးကေ ကပြရရေ။ သက္ကရာဇ် ၉၉၉-ခုနှစ်၊ ရခိုင် ဘုရင် သီရိသုဓမ္မရာဇာမင်းကို အမတ်ငကုသလက ယတြာ ပြုလုပ်ရေအခါ ကပြရရေ အကမျိုးဖြစ်တေ။ ဤအကမျိုးကို နန်းမား၌ ကပြခဖူးရာ စွံ ခရေ။
Burmese:
ယတြာ ပြုလုပ်သော အကတစ်မျိုး( ဤအကမျိုးကို လက်ဖျစ် တဖြောက်ဖြောက် တီး၍ ကပြရသည်။ သက္ကရာဇ် ၉၉၉-ခုနှစ်၊ ရခိုင် ဘုရင် သီရိသုဓမ္မရာဇာမင်းကို အမတ်ငကုသလက ယတြာ ပြုလုပ်သောအခါ ကပြရသော အကမျိုးဖြစ်သည်။ ဤအကမျိုးကို နန်းတွင်း၌ ကပြခဲ့ဖူးရာ လူကြိုက်များ ခဲ့သည်။
English:
Arakan(Rakhine) traditional dance
Grammar Note:
နာမ်
ငစွယ်ခြင်း
[ŋswɛ̀kʰɹɪ́ɴ]
Arakanese:
ငစွယ်က ရာမာ သီဆိုအပ်ရေ အခြင်းအရာ တေးခြင်း
Burmese:
ငစွယ်က ရာတွင် သီဆိုအပ်သော အခြင်းအရာ သီချင်း
English:
none
Grammar Note:
နာမ်
ငစွယ်ဆရာ
[ŋswɛ̀sʰɹà]
Arakanese:
ငစွယ်၏ အခြင်းအရာ၊ အမူအရာ အစဟိစွာရို့ကို သီဆိုက ပြတတ်ရေ သူ
Burmese:
ငစွယ်၏ အခြင်းအရာ၊ အမူအရာ စသည်တို့ကို သီဆိုက ပြတတ်သော သူ
English:
none
Grammar Note:
နာမ်
ငစွယ်တတ်
[ŋswɛ̀taʔ]
Arakanese:
ငစွယ်၏ အခြင်းအရာ၊ အမူအရာ အစဟိစွာရို့ကို သီဆိုက ပြတတ်ရေ သူ
Burmese:
ငစွယ်၏ အခြင်းအရာ၊ အမူအရာ စသည်တို့ကို သီဆိုက ပြတတ်သော သူ
English:
none
Grammar Note:
နာမ်
ငစွယ်နှိုက်
[ŋswɛ̀n̥aɪʔ]
Arakanese:
သမိုင်း၊ ပုံပြင်ရို့ကို ရယ်ရွှင်မြူးစရာ ဖွဲ့နွဲ့သီဆို၍ ကပြရေ။ (ဤအကမျိုးကို လက်ဖျစ် တဖြောက်ဖြောက် တီးပြီးကေ သီဆိုကပြရရေ။ လူတယောက်တည်းက အမျိုးမျိုး အခန်းခန်းကို ‘ကွက်စိပ်’ ပိုင် ကပြရရေ။ ဧပိုင်ကပြရာမာ အဂေါင်းမာ ဆင်နှာမောင်းပိုင် တခုလုပ်ပြီး၊ လက်ဆုံ၊
Burmese:
သမိုင်း၊ ပုံပြင်တို့ကို ရယ်ရွှင်မြူးစရာ ဖွဲ့နွဲ့သီဆို၍ ကပြသည်။ (ဤအကမျိုးကို လက်ဖျစ် တဖြောက်ဖြောက် တီး၍ သီဆိုကပြရသည်။ လူတယောက်တည်းက အမျိုးမျိုး အခန်းခန်းကို ‘ကွက်စိပ်’ သဖွယ် ကပြရသည်။ ဤသို့ကပြရာတွင် ဦးခေါင်းတွင် ဆင်နှာမောင်းကဲ့သို့ တစ်ခုလုပ်ပြီး၊ လက်ဆုံ၊
English:
like dance for action
Grammar Note:
ကြိယာ
ငစွေရှင်
[ŋswèʃɪ̀ɴ]
Arakanese:
ဆီးဖက်ဝင်ရေ အပင်တမျိုး။ (ငပြီရှင်၊ သရက်ကမွန်၊ သရက်မြွန်လို့လေ့ ခေါ်ကတ်တေ။) ငစဉ်ရှင်
Burmese:
ဆေးဖက်ဝင်သော အပင်တစ်မျိုး။ (ငပြီရှင်၊ သရက်ကမွန်၊ သရက်မြွန်ဟုလည်း ခေါ်ကြသည်။) ငစဉ်ရှင်
English:
medicinal plant
Grammar Note:
နာမ်
ငဆ
[ŋsʰ]
Arakanese:
တစုံ တယောက်သော သူကို နှိမ့်ချ ပုတ်ခတ်၍ ခေါ်သော စကားလုံး
Burmese:
တစ်စုံ တစ်ယောက်သော သူကို နှိမ့်ချ ပုတ်ခတ်၍ ခေါ်သော စကားလုံး
English:
none
Grammar Note:
နာမ်
ငဆငယာ
[ŋsʰŋjà]
Arakanese:
မငြိမ်မသက် ဟိုရောက် သည်ရောက်။ ရောက်တတ် ရာရာ။ လားရောက် လည်ပတ်ဗျာယ်
Burmese:
မငြိမ်မသက် ဟိုရောက် သည်ရောက်။ ရောက်တတ် ရာရာ။ သွားရောက် လည်ပတ်လျက်
English:
activity without aim
Grammar Note:
ကြိယာဝိသေသန
ငဆူ
[ŋsʰù]
Arakanese:
ပင်လယ်ငါးတမျိုး
Burmese:
ပင်လယ်ငါးတစ်မျိုး
English:
sea fish
Grammar Note:
နာမ်
ငဆူ၂
[ŋsʰù၂]
Arakanese:
ဝရေ။ ဝဖြိုးသည်
Burmese:
ဝသည်။ ဝဖြိုးသည်
English:
fat
Grammar Note:
ကြိယာ
ငတင်
[ŋtɪ̀ɴ]
Arakanese:
ဆိုးညစ် ပေတေနီသူ။ ၂၊ တယောက်ယောက်ကို ဖိနှိပ်နှိမ့်ချပနာ ခေါ်ဝေါ်သော စကားလုံး
Burmese:
ဆိုးသွမ်း ပေတေနေသူ။ ၂၊ တစ်စုံတစ်ဦးကို ဖိနှိပ်နှိမ့်ချ၍ ခေါ်ဝေါ်သော စကားလုံး
English:
be bad unruly delinquent
Grammar Note:
နာမ်
ငတပေ
[ŋtpè]
Arakanese:
မိဖ၊ ဆရာသမား၊ သူတော်ကောင်း သူမြတ်လောင်း၊ ရဟန်း သံဃာတော်ရို့အား မထီလေးစား ပြုမိမား ခခြင်းကြောင့် ကမ္ဘာကြေ အောင်ထိ ၊ ကမ္ဘာမြီကြီးကို ထမ်းရွက်၍ နီရရေ။ ဆိုရေ(ငစပြေ နာမည်ဟိသော) သူ
Burmese:
မိဖ၊ ဆရာသမား၊ သူတော်ကောင်း သူမြတ်လောင်း၊ ရဟန်း သံဃာတော်တို့အား မထီမဲ့မြင် ပြုမိမှား ခဲ့ခြင်းကြောင့် ကမ္ဘာကြေ အောင်ထိ ၊ ကမ္ဘာမြေကြီးကို ထမ်းရွက်၍ နေရသည်။ ဆိုသော(ငစပြေ အမည်ရှိသော) သူ
English:
none
Grammar Note:
နာမ်
ငတိ
[ŋtì]
Arakanese:
အယူအဆ တမျိုးတည်းကို စွဲလမ်းနေခြင်း။ စွဲလမ်းနီသူ။ တယူသန်
Burmese:
အယူအဆ တစ်မျိုးတည်းကို စွဲလမ်းနေခြင်း။ စွဲလမ်းနေသူ။ တယူသန်
English:
dogmatic
Grammar Note:
နာမ်
ငတို
[ŋtÒ]
Arakanese:
ဘုဒို၍ တိုသောသူ
Burmese:
အရပ်ပု၍ တိုသောသူ
English:
short person
Grammar Note:
နာမ်