Dictionary Entries
Showing 581–600 of 764 words
င
ငါးရီမျောက်
[ŋàးɹímrɔ́ɛʔ]
Arakanese:
ပစ ပတ်ပတ် လည်မာ ဖြာထွက်နိန်ရေ လက်တံများ ပါရေ ပင်လယ်ရီ သတ္တဝါ တမျိုး။ ဘဝဲ
Burmese:
ပါးစပ် ပတ်ပတ် လည်တွင် ဖြာထွက်နေသော လက်တံများ ပါသည့် ပင်လယ်ရေ သတ္တဝါ တစ်မျိုး။ ဘဝဲ
English:
octopus
Grammar Note:
နာမ်
ငါးရူးဇနား
[ŋàးɹùးzná]
Arakanese:
ဝိုင်း၍ ပြားချပ်ပြီး အဖြူမာ အညိုရောင် သမ်းသော ကိုယ်ပတုံးမာ ဖြူညိုရောင် အစင်းပါရေ ငါး တမျိုး။ (ရူးဇနား လို့လေ့ ခေါ်ရေ။
Burmese:
ဝိုင်း၍ ပြားချပ်ပြီး အဖြူတွင် အညိုရောင် သမ်းသော ကိုယ်အမြီးတွင် ဖြူညိုရောင် အစင်းပါသော ငါး တစ်မျိုး။ (ငါးမုတ် ဟုလည်း ခေါ်သည်။
English:
fish
Grammar Note:
နာမ်
ငါးရူးဇနားပါးမည်း
[ŋàးɹùးznápàးmɛ́]
Arakanese:
ပါးအုပ်မာ အမဲရောင် သမ်းသော ငါးရူးဇနား အမျိုးဝင် ပင်လယ်ငါး တမျိုး
Burmese:
ပါးအုပ်တွင် အမည်းရောင် သမ်းသော ငါးရူးဇနား အမျိုးဝင် ပင်လယ်ငါး တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးရူးဇနားသံပူ
[ŋàးɹùးznáθံpù]
Arakanese:
ပြာမွဲရောင် ကိုယ်ဟိရေ ငါးရူးဇနား တမျိုး
Burmese:
မွဲပြာရောင် ကိုယ်ရှိသော ငါးရူးဇနား တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးရောက်မ
[ŋàးɹɔ́ɛʔm]
Arakanese:
လုံးချောချော ဖြားရီချောင်းမာ နိန်ရေ အကြီးဟိ မားအောင်း ငါးငယ် တမျိုး
Burmese:
လုံးချောချော ဒီရေချောင်းတွင် နေသော အကြေးရှိ တွင်းအောင်း ငါးငယ် တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးရောက်ရက်
[ŋàးɹɔ́ɛʔɹɛʔ]
Arakanese:
ငါးရောက်မ မျိုးဝင် အကြီးဟိ မားအောင်း ငါးငယ် တမျိုး
Burmese:
ငါးရောက်မ မျိုးဝင် အကြေးရှိ တွင်းအောင်း ငါးငယ် တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးရွမ်း
[ŋàးɹʊ̀ɴ]
Arakanese:
အဂေါင်းပြား၍ လုံးသော ကိုယ်ဟိရေ မားနေ ငါးတမျိုး
Burmese:
ဦးခေါင်းပြား၍ လုံးသော ကိုယ်ရှိသော တွင်းနေ ငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးရွှီ
[ŋàးɹW̯í]
Arakanese:
ရွှီရောင် သမ်းသော ရီချိုနေ ငါးငယ် တမျိုး
Burmese:
ရွှေရောင် သမ်းသော ရေချိုနေ ငါးငယ် တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးလက်ခွါ
[ŋàးlɛʔkʰwà]
Arakanese:
ငလက်ခွာ
Burmese:
ကကူရံ
English:
fish
Grammar Note:
နာမ်
ငါးလက်ပြန်သည်
[ŋàးlɛʔpɹàɴθɛ̀]
Arakanese:
ငါးလက်ကား ရောင်းသူ့ပါးမှ (လက်လီအဖြစ်) တဆင့် ဝယ်ယူပနာ ရောင်းသော စနစ်။ ၂၊ တဆင့် ဝယ်ယူပနာ ရောင်းသူ
Burmese:
ငါးလက်ကား ရောင်းသူထံမှ (လက်လီအဖြစ်) တစ်ဆင့် ဝယ်ယူ၍ ရောင်းသော စနစ်။ ၂၊ တစ်ဆင့် ဝယ်ယူ၍ ရောင်းသူ
English:
fish monger
Grammar Note:
နာမ်
ငါးလပန်းဒယော
[ŋàးlpáɴdjɔ́]
Arakanese:
ရခိုင်ဒယော အမျိုးအမည် တခု
Burmese:
ရခိုင်လုံချည် အမျိုးအမည် တစ်ခု
English:
Arakan-Rakhine longyi name
Grammar Note:
နာမ်
ငါးလဝါ
[ŋàးlwà]
Arakanese:
တထွာခန့် ရှည်သော ပါးချပ်ချပ် ပတုံးရှည်သော ငါးငယ် တမျိုး
Burmese:
တစ်ထွာခန့် ရှည်သော ပါးချပ်ချပ် အမြီးရှည်သော ငါးငယ် တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးလိပ်ကျောက်
[ŋàးlìaʔt͡ɕɔ́ɛʔ]
Arakanese:
ပြားဝိုင်းသော ကိုယ်ဟိပြီးကေ ပပိန်ချေ ရှည်လျားသော ပတုံးပါရေ ငါးတမျိုး
Burmese:
ပြားဝိုင်းသော ကိုယ်ရှိ၍ သေးသွယ် ရှည်လျားသော အမြီးပါသည့် ငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးလုံးသျှေ
[ŋàးlóʊɴʃè]
Arakanese:
ရီတိမ် ငါးလုံးငယ် တမျိုး
Burmese:
ရေတိမ် ငါးလုံးငယ် တစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါ့လူ
[ŋà့lù]
Arakanese:
ကိုယ့် ဆွီမျိုး သားချင်း။ ၂၊ ကိုယ့်နန့် ရွယ်တူ ရင်းနှီး ခင်မင်သော သူငယ်ချင်း မိတ်ဆွီ အစဟိစွာရို့ကို ခေါ်သော စကား
Burmese:
မိမိ၏ ဆွေမျိုး သားချင်း။ ၂၊ မိမိနှင့် ရွယ်တူ ရင်းနှီး ခင်မင်သော သူငယ်ချင်း မိတ်ဆွေ စသည်တို့ကို ခေါ်သော စကား
English:
cock-mammy
Grammar Note:
နာမ်
ငါးဝက်
[ŋàးwɛʔ]
Arakanese:
ဖြူညိုရောင် ဟိရေ ငါးတမျိုး
Burmese:
ဖြူညိုရောင် ရှိသော ငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးဝမ်းပူ
[ŋàးwáɴpù]
Arakanese:
ခပ်ဝိုင်းဝိုင်း ပါးလွှာ၍ ပြားချပ်ပြီး အဖြူရောင် ဟိရေ ငါးတမျိုး
Burmese:
ခပ်ဝိုင်းဝိုင်း ပါးလွှာ၍ ပြားချပ်ပြီး အဖြူရောင် ရှိသော ငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါဝါ
[ŋàwà]
Arakanese:
တစုံ တခုသော ဝန် ဝတ္တုအဖို့ အစု ဝေကတ်ရာမာ ကိုယ့်အတွက် အဝီကို မီးမြန်းရာမာ (မီးရေအမီးများမာ) သုံးသော စကားလုံး
Burmese:
တစ်စုံ တစ်ခုသော ပစ္စည်း ဝတ္တုအဖို့ အစု ဝေကြရာ၌ မိမိအတွက် ဝေစုကို မေးမြန်းရာတွင် (မေးသော အမေးများတွင်) သုံးသော စကားလုံး
English:
mine
Grammar Note:
နာမ်စား
ငါးဝါကြီးမ
[ŋàးwàt͡ɕïm]
Arakanese:
နီပြာရောင်မာ အဖြူကွက်ငယ် ပါရေ ငါးရှဉ့် မျိုးဝင် ငါးတမျိုး
Burmese:
နီပြာရောင်တွင် အဖြူကွက်ငယ် ပါသော ငါးရှဉ့် မျိုးဝင် ငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်
ငါးဝါမရီ
[ŋàးwàmɹí]
Arakanese:
ငပါ့သွင် အမျိုးဝင် ရွှီဝါရောင်မာ ခရမ်းရောင် စိကေချေ သမ်းဗျာယ် ပါရေ ငါးတမျိုး
Burmese:
ငါးပုတ်သင် အမျိုးဝင် ရွှေဝါရောင်တွင် ခရမ်းရောင် အနည်းငယ် သမ်းလျက် ပါသော ငါးတစ်မျိုး
English:
fish
Grammar Note:
နာမ်