Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 661–680 of 764 words

    င

    ငြိမ်သိမ်

    [ɲèɪɴθèɪɴ]
    အထူး ငြိမ်သက်သည်
    အထူး ငြိမ်သက်သည်
    silent
    ကြိယာ

    ငြိမ်းအီး

    [ɲéɪɴʔï]
    အဆင်းအရဲ အပူအပန်မဟိ ကင်းမဲ့ ကုန်ဆုံးသည်
    အဆင်းအရဲ အပူအပန်မရှိ ကင်းမဲ့ ကုန်ဆုံးသည်
    ease-quietude
    ကြိယာ

    ငြို့

    [ɲo̰]
    ငါရို့။ ကိုယ့်နန့်တကွ အတိကို ရည်ညွှန်း၍ ပြောသော ဗဟုဝုစ် စကား
    ငါတို့။ မိမိနှင့်တကွ အများကို ရည်ညွှန်း၍ ပြောသော ဗဟုဝုစ် စကား
    we
    နာမ်စား

    ငြိုး

    [ɲó]
    အသံဖြင့် ကြောက်စီရေ။ ရွံ့စီရေ။ လန့်စီရေ။ လှန့်ရေ။၂၊ မုန်းရေ။ ၃၊ ရန်ငြိုး ဖွဲ့ရေ။ ရန်ယှာရေ။ ရန်ပြုဖို့ ကြံရွယ်ရေ။ ၄၊ ဖျက်ဆီးရေ။ ပျက်စီးစီသည်
    အသံဖြင့် ကြောက်စေသည်။ ရွံ့စေသည်။ လန့်စေသည်။ လှန့်သည်။၂၊ မုန်းသည်။ ၃၊ ရန်ငြိုး ဖွဲ့သည်။ ရန်ရှာသည်။ ရန်ပြုရန် ကြံရွယ်သည်။ ၄၊ ဖျက်ဆီးသည်။ ပျက်စီးစေသည်
    frighten
    ကြိယာ

    ငြိုငြင်

    [ɲÒɲɪ̀ɴ]
    ဆင်းရဲရေ။ ပင်ပန်းရေ။ ခက်ခဲရေ
    ဆင်းရဲသည်။ ပင်ပန်းသည်။ ခက်ခဲသည်
    displeasure
    ကြိယာ

    ငြိုးငြိမ့်

    [ɲóɲḛɪɴ]
    သာယာ ညင်ပျောင်းစွာ။ လှုပ်လှုပ် ရွရွ
    သာယာ ညင်ပျောင်းစွာ။ လှုပ်လှုပ် ရွရွ
    pleasingly
    ကြိယာဝိသေသန

    ငြိုငြိုငြင်ငြင်

    [ɲÒɲÒɲɪ̀ɴɲɪ̀ɴ]
    ဆင်းရဲရေ။ ပင်ပန်းရေ။ ခက်ခဲရေ
    ဆင်းရဲသည်။ ပင်ပန်းသည်။ ခက်ခဲသည်
    displeasure
    ကြိယာ

    ငြိုးရန်

    [ɲóɹàɴ]
    ရန်သူ
    ရန်သူ
    enemy
    ကြိယာ

    ငြီး

    [ɲï]
    ပျင်းရိရေ။ စိတ်ပျက်ရေ။ ၂၊ နှစ်သက်ခြင်း ကင်းသည်
    ပျင်းရိသည်။ စိတ်ပျက်သည်။ ၂၊ နှစ်သက်ခြင်း ကင်းသည်
    bored
    ကြိယာ

    ငြီးငွိ.

    [ɲïŋwì.]
    ပျင်းရိရေ။ နှစ်သက်ခြင်း ကင်းရေ။ စိတ်ပျက်သည်
    ပျင်းရိသည်။ နှစ်သက်ခြင်း ကင်းသည်။ စိတ်ပျက်သည်
    bored
    ကြိယာ

    ငြီးတောက်တောက်

    [ɲïtɔ́ɛʔtɔ́ɛʔ]
    စိတ်လက် ရောင်းသီရောင်းဖတ် ဖြစ်ခြင်း။ ပျော်ရွှင်မှု မဖြစ်နှိုင်ခြင်း။ စိတ်ပျက် လက်ပျက် ဖြစ်ခြင်း
    စိတ်လက် မအီမသာ ဖြစ်ခြင်း။ ပျော်ရွှင်မှု မဖြစ်နိုင်ခြင်း။ စိတ်ပျက် လက်ပျက် ဖြစ်ခြင်း
    bored
    နာမ်

    ငြီးအီး

    [ɲïʔï]
    သောက ကင်းဝီးရေ။ အီးငြိမ်း ချမ်းသာရေ
    သောက ကင်းဝေးသည်။ အေးငြိမ်း ချမ်းသာသည်
    peaceful
    ကြိယာ

    ငြု

    [ɲoʊ]
    ရန်ငြိုး ဖွဲ့ရေ။၂၊ စိတ်ထဲမာ အခဲမကျီ ဖြစ်နီရေ။ ၃၊ ပြောလိုရာကို မဖွင့်မထုတ် မပြောဆိုကား စိတ်ထဲမာ ထိန်းချုပ် ထားရေ
    ရန်ငြိုး ဖွဲ့သည်။၂၊ စိတ်ထဲ၌ အခဲမကျေ ဖြစ်နေသည်။ ၃၊ ပြောလိုရာကို မဖွင့်မထုတ် မပြောဆိုပဲ စိတ်ထဲတွင် ထိန်းချုပ် ထားသည်
    harbour a grudge or resentment
    ကြိယာ

    ငြုငြု

    [ɲoʊɲoʊ]
    ရန်ငြိုး ဖွဲ့ရေ။၂၊ စိတ်ထဲမာ အခဲမကျီ ဖြစ်နီရေ။ ၃၊ ပြောလိုရာကို မဖွင့်မထုတ် မပြောဆိုကား စိတ်ထဲမာ ထိန်းချုပ် ထားရေ
    ရန်ငြိုး ဖွဲ့သည်။၂၊ စိတ်ထဲ၌ အခဲမကျေ ဖြစ်နေသည်။ ၃၊ ပြောလိုရာကို မဖွင့်မထုတ် မပြောဆိုပဲ စိတ်ထဲတွင် ထိန်းချုပ် ထားသည်
    harbour a grudge or resentment
    ကြိယာ

    ငြူ

    [ɲù]
    ရန်စောင်ရေ။ ခိုက်ရန် ပြုရေ။ ရန်တွိရေ။ မသင့်မတင့် ဖြစ်တေ
    ရန်စောင်သည်။ ခိုက်ရန် ပြုသည်။ ရန်တွေ့သည်။ မသင့်မတင့် ဖြစ်သည်
    be hostile
    ကြိယာ

    ငြူငြူ

    [ɲùɲù]
    ရန်စောင်ရေ။ ခိုက်ရန် ပြုရေ။ ရန်တွိရေ။ မသင့်မတင့် ဖြစ်တေ။ ၂၊ မနာလို ဝန်တိုမှု ဖြစ်တေ
    ရန်စောင်သည်။ ခိုက်ရန် ပြုသည်။ ရန်တွေ့သည်။ မသင့်မတင့် ဖြစ်သည်။ ၂၊ မနာလို ဝန်တိုမှု ဖြစ်သည်
    be hostile
    ကြိယာ

    ငြူမူ

    [ɲùmù]
    လူများ အခွင့်သာ စွာကို မလိုလား မကြိုက် ဖြစ်တေ။ မနာလို ဝန်တိုမှု ဖြစ်တေ
    သူတစ်ပါး အခွင့်သာ သည်ကို မလိုလား မနှစ်သက် ဖြစ်သည်။ မနာလို ဝန်တိုမှု ဖြစ်သည်
    be jealous
    ကြိယာ

    ငြောင့်

    [ɲɔ́ɪ̰ɴ]
    နာကြင်ရေ။ ထိုးကျောက်ရေ။ အောင့်သည်
    နာကျင်သည်။ ထိုးကန်သည်။ အောင့်သည်
    hurt
    ကြိယာ

    ငြောင့်၂

    [ɲɔ́ɪ̰ɴ၂]
    သစ်ငုတ်။ ခလုတ်။ စူး။ တံသင်း။ (ဥပစာ) အနှောင့် အယှက်။ အတားအဆီး
    သစ်ငုတ်။ ခလုတ်။ ဆူး။ တံသင်း။ (ဥပစာ) အနှောင့် အယှက်။ အတားအဆီး
    spike
    နာမ်

    ငြောင့်ငြောင့်နာ

    [ɲɔ́ɪ̰ɴɲɔ́ɪ̰ɴnà]
    ခံနိုင် စွမ်းစွာထက် လွန်ကဲ ပြင်းထန်သော ဒဏ်ကို ခံစားရဗျာယ်။ ၂၊ မခံသာ မချိသာ နာကျည်းသောအနိန်နန့်
    ခံနိုင် စွမ်းသည်ထက် လွန်ကဲ ပြင်းထန်သော ဒဏ်ကို ခံစားရလျက်။ ၂၊ မခံသာ မချိသာ နာကျည်းသော အားဖြင့်
    rankle
    ကြိယာဝိသေသန