Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–700 of 764 words

    င

    ငြောင့်ငြောင့်နာ၂

    [ɲɔ́ɪ̰ɴɲɔ́ɪ̰ɴnà၂]
    မခံချိ မခံသာယောင် နာကျည်းရေ။ ၂၊ ခံနိုင် စွမ်းစွာထက် ကဲလွန် ပြင်းထန်သော ဒဏ်ကို ခံစားရရေ
    မခံချိ မခံသာအောင် နာကျည်းသည်။ ၂၊ ခံနိုင် စွမ်းသည်ထက် ကဲလွန် ပြင်းထန်သော ဒဏ်ကို ခံစားရသည်
    rankle
    ကြိယာ

    ငြော်

    [ɲɔ̀]
    မာန ခက်ထန်ရေ။ ဒေါသနန့် ကျယ်လောင် ကြမ်းတမ်းစွာ ပြောရေ
    မာန ခက်ထန်သည်။ ဒေါသဖြင့် ကျယ်လောင် ကြမ်းတမ်းစွာ ပြောသည်
    rude-violent-rough-harsh
    ကြိယာ

    ငြော်၂

    [ɲɔ̀၂]
    ငါးဟင်း ချက်ရာမာ (ချိုင်ဟင်း ချက်ရာမာ) ချိုင်များတွက်နန့် ဖြစ်ရေ အရသာမျိုး
    ငါးဟင်း ချက်ရာတွင် (ချဉ်ဟင်း ချက်ရာ၌) ချဉ်များ၍ ဖြစ်သော အရသာမျိုး
    sour
    နာမ်

    ငြော်ငတ်ငတ်

    [ɲɔ̀ŋaʔŋaʔ]
    ကြမ်းတမ်းသော။ မချောမွိ့သော။ ၂၊ (အသားအရီ အစဟိစွာ) ချောမွိ့ ထားခြင်း မဟိရေ
    ကြမ်းတမ်းသော။ မချောမွေ့သော။ ၂၊ (အသားအရေ စသည်) ချောမွေ့ ထားခြင်း မရှိသော
    rough
    နာမဝိသေသန

    ငြော်တော်တော်

    [ɲɔ̀tɔ̀tɔ̀]
    တောင့်တင်း မာကျောသော။ ၂၊ ကြမ်းတမ်းသော။ မချောမွိ့သော။ မနူးညံ့သော။ ၃။ ချိုင်များရေ အရသာမျိုး ဖြစ်ရေ
    တောင့်တင်း မာကျောသော။ ၂၊ ကြမ်းတမ်းသော။ မချောမွေ့သော။ မနူးညံ့သော။ ၃။ ချဉ်များသော အရသာမျိုး ဖြစ်သော
    rude-violent-rough-harsh
    နာမဝိသေသန

    ငွိ.

    [ŋwì.]
    အငွီ့။ အခိုး အလျှံ (စိတ်) အာရုံ (တမ်းတဗျာယ်) အာသာ(မပြေ)
    အငွေ့။ အခိုး အလျှံ (စိတ်) အာရုံ (တမ်းတလျက်) အာသာ(မပြေ)
    vapour-steam-smoke
    ကြိယာ

    ငွိ.ငွိ.

    [ŋwì.ŋwì.]
    ဖြည်းညှင်း သာယာစွာ။ စိကေချေလောင်းာက်။ မပြောပလောက်
    ဖြည်းညှင်း သာယာစွာ။ အနည်းငယ်မျှ။ မပြောပလောက်
    a little
    ကြိယာဝိသေသန

    ငွီ

    [ŋwí]
    ရတနာထဲမာ ပါဝင်ရေ မားထွက် သတ္တုဖြူ တမျိုး။၂၊ ကျပ်အားဖြင့် တန်ဖိုး သတ်မှတ် ထားရေ ဒင်္ဂါး တနည်း စက္ကူ။ ၃၊ အရောင်း အဝယ် ပြုလုပ်ရာမာ ဝန်ရို့နန့် ဖလှယ်ရရေ (ဒင်္ဂါး) စက္ကူ
    ရတနာထဲတွင် ပါဝင်သည့် တွင်းထွက် သတ္တုဖြူ တစ်မျိုး။၂၊ ကျပ်အားဖြင့် တန်ဖိုး သတ်မှတ် ထားသော ဒင်္ဂါး သို့မဟုတ် စက္ကူ။ ၃၊ အရောင်း အဝယ် ပြုလုပ်ရာတွင် ပစ္စည်းတို့နှင့် ဖလှယ်ရသော (ဒင်္ဂါး) စက္ကူ
    money
    နာမ်

    ငွီကိုင်

    [ŋwíkàɪɴ]
    ဘဏ္ဍာငွီ စာရင်း စစွာကို လုပ်ကိုင်ရသူ။ ဘဏ္ဍာငွီ စာရင်းကို ရှင်းရသူ
    ဘဏ္ဍာငွေ စာရင်း စသည်ကို လုပ်ကိုင်ရသူ။ ဘဏ္ဍာငွေ စာရင်းကို ရှင်းရသူ
    cashier
    နာမ်

    ငွီကုန်ကြီးကျ

    [ŋwíkòʊɴt͡ɕït͡ɕ]
    ငွီကြီး အားလုံး အကျခံ၍ လုပ်ကေလေ့ ဘာတဂုပင်လေ့ အကျိုးမထင် အရာမရောက် အခြည်းနှီး ဖြစ်တေ
    ငွေကြေး အကုန် အကျခံ၍ လုပ်သော်လည်း ဘာတစ်ခုမှလည်း အကျိုးမထင် အရာမရောက် အချည်းနှီး ဖြစ်သည်
    expense-expenditure
    ကြိယာ

    ငွီကုန်ကြီးကျ၂

    [ŋwíkòʊɴt͡ɕït͡ɕ၂]
    ငွီကို သုံးစွဲသနန့် ကုန်ကျခြင်း
    ငွေကို သုံးစွဲသဖြင့် ကုန်ကျခြင်း
    expense-expenditure
    နာမ်

    ငွီကုန်လူပန်း

    [ŋwíkòʊɴlùpáɴ]
    အခြည်းနှီး ဖြစ်ခြင်း။ မကိုက်မှု ဖြစ်ခြင်း။ ၂၊ အဘက်ဘက်မှ အောင်မြင်မှု မဟိဘဲ ယွင်းဖေါက်ခြင်း
    အချည်းနှီး ဖြစ်ခြင်း။ အဆင်မပြေမှု ဖြစ်ခြင်း။ ၂၊ အဘက်ဘက်မှ အောင်မြင်မှု မရှိပဲ ယွင်းဖေါက်ခြင်း
    Waste of money and labour
    နာမ်

    ငွီကြီး

    [ŋwít͡ɕï]
    အရောင်း အဝယ် ပြုလုပ်ရာမာ တန်ဖိုးချင်း ထားပနာ ပီးရရေ (ဒင်္ဂါး) စက္ကူ
    အရောင်း အဝယ် ပြုလုပ်ရာတွင် တန်ဖိုးချင်း ထား၍ ပေးရသော (ဒင်္ဂါး) စက္ကူ
    money
    နာမ်

    ငွီချပ်

    [ŋwíɕaʔ]
    ငွီကျပ်
    ငွေကျပ်
    money
    နာမ်

    ငွီစင်

    [ŋwísɪ̀ɴ]
    ဖြူစင်သော ငွီ။ သတ်သတ်သီာ ငွီ။ ငွီဖြင့် ပြုလုပ် ထားရေ ဒင်္ဂါး အသပြာ။ ငွီစ
    ဖြူစင်သော ငွေ။ သက်သက်သော ငွေ။ ငွေဖြင့် ပြုလုပ် ထားသော ဒင်္ဂါး အသပြာ။ ငွေစ
    silver trinkets
    နာမ်

    ငွီစား

    [ŋwísá]
    လူများပါးက ချီးယူ ထားရေ ငွီကို ပြန်ပနာ တဖန် မပီးဆပ်ပဲ ထားသူ
    သူတစ်ပါးထံမှ ချေးယူ ထားသော ငွေကို ပြန်လည် တစ်ဖန် မပေးဆပ်ပဲ ထားသူ
    take bribe
    နာမ်

    ငွီစား၂

    [ŋwísá၂]
    အဂတိ လိုက်ပြီးကေ တံစိုး(လာဘ်) စားရေ။
    အဂတိ လိုက်၍ တံစိုး(လာဘ်) စားသည်။
    န
    ကြိယာ

    ငွီစားနဂါး

    [ŋwísánɡàး]
    (ဥပစာ) အဂတိ လိုက်စားပနာ ပီးသကြားသော ငွီ၊ ရသမျှ လပ်လာဘ်ရို့ကို လက်ခံ၍ တံစိုးစားသူ
    (ဥပစာ) အဂတိ လိုက်စား၍ ပေးသမျှသော ငွေ၊ ရသမျှ လပ်လာဘ်တို့ကို လက်ခံ၍ တံစိုးစားသူ
    take bribe
    နာမ်

    ငွီစု

    [ŋwísoʊ]
    နောက်နောင် လိုရေအခါ ရယောင် မှန်းပြီး မသုံးမစွဲပဲ ထိန်းသိမ်း ထားရေ
    နောက်နောင် လိုသည့်အခါ ရအောင် မှန်းပြီး မသုံးမစွဲပဲ ထိန်းသိမ်း ထားသည်
    save money
    ကြိယာ

    ငွီညှဲ့

    [ŋwíɲ̯é]
    ဝါ လှည့်ပတ်၍ ဖြစ်စီ ကြောက်အောင် လုပ်ပနာ ဖြစ်စီ၊ တတဖဲ့ချေနန့် ငွီထွက်အောင် လုပ်ရေ
    လိမ်လည် လှည့်ပတ်၍ ဖြစ်စေ ကြောက်အောင် လုပ်၍ ဖြစ်စေ၊ တနည်းနည်းဖြင့် ငွေထွက်အောင် လုပ်သည်
    (of money) extort
    ကြိယာ