Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 701–720 of 764 words

    င

    ငွီတင်

    [ŋwítɪ̀ɴ]
    အမားခံင်း လဲလည်ရာမာ တန်ဖိုး နည်းသူ့ပါးမှ ပီးရရေ ငွီ
    ပစ္စည်းချင်း လဲလည်ရာ၌ တန်ဖိုး နည်းသူထံမှ ပေးရသော ငွေ
    none
    နာမ်

    ငွီတိုက်စိုး

    [ŋwítaɪʔsó]
    ဝန်ဥစ္စာ ငွီဘဏ္ဍာကို ထိန်းသိမ်း စောင့်ယှောက် ရသူ
    ပစ္စည်းဥစ္စာ ငွေဘဏ္ဍာကို ထိန်းသိမ်း စောင့်ရှောက် ရသူ
    butler
    နာမ်

    ငွီတိုက်ထိန်း

    [ŋwítaɪʔtʰéɪɴ]
    ဘဏ္ဍာငွီကို ထိန်းသိမ်းရသူ
    ဘဏ္ဍာငွေကို ထိန်းသိမ်းရသူ
    butler
    နာမ်

    ငွီတိုးချ

    [ŋwítóɕ]
    ငွီကို အတိုးဖြင့် ချီးသည်
    ငွေကို အတိုးဖြင့် ချေးသည်
    lend money on interest
    ကြိယာ

    ငွီတူပန်း

    [ŋwítùpáɴ]
    သစ်ခွပန်းတမျိုး
    သစ်ခွပန်းတစ်မျိုး
    orchid
    နာမ်

    ငွီတောင်

    [ŋwítàʊɴ]
    ငွီရောင်ပိုင် တောက်ပသော တောင်။ ၂၊ တောင်၏ အမည်
    ငွေရောင်ကဲ့သို့ တောက်ပသော တောင်။ ၂၊ တောင်၏ အမည်
    silver mountain
    နာမ်

    ငွီတောင်းထမ်း

    [ŋwítáʊɴtʰáɴ]
    ငွီဝင် တိစွာ။ ငွီအရ တိစွာ။ လပ်လာဘ် ဝင်ရေ
    ငွေဝင် များသည်။ ငွေအရ များသည်။ လပ်လာဘ် ဝင်သည်
    make money
    ကြိယာ

    ငွီတွင်းတူ

    [ŋwítwɪ́ɴtù]
    ငွီရစရာ အကြောင်း။ ငွီဝင်စရာ အကြောင်း
    ငွေရစရာ အကြောင်း။ ငွေဝင်စရာ အကြောင်း
    opportunity to make money
    ကြိယာ

    ငွီထိုး

    [ŋwítʰó]
    ကိုယ့်အလိုသို့ ပါအောင် တံပက်လူအား ငွီကို လက်ဆောင် တံစိုးပီးရေ
    မိမိအလိုသို့ ပါအောင် တစ်ဘက်သားအား ငွေကို လက်ဆောင် တံစိုးပေးသည်
    give bribe
    ကြိယာ

    ငွီဒဏ်

    [ŋwídn်]
    တစုံ တရာ ပြစ်မှုအတွက် ဒဏ်အဖြစ် ပီးဆောင် ရရေ ငွီ
    တစ်စုံ တစ်ရာ ပြစ်မှုအတွက် ဒဏ်အဖြစ် ပေးဆောင် ရသော ငွေ
    fine
    နာမ်

    ငွီနရတ်

    [ŋwínɹaʔ]
    တောက်ပြောင်သော အဖိုးတန် ကျောက် မျက်ရတနာ တမျိုး
    တောက်ပြောင်သော အဖိုးတန် ကျောက် မျက်ရတနာ တစ်မျိုး
    jewel
    နာမ်

    ငွီပင်ပေါက်

    [ŋwípɪ̀ɴpaʊʔ]
    ဝင်ငွီ ကောင်းရေ။ ငွီဝင် တိစွာ။ ၂၊ တစုံ တခုသော လုပ်ငန်းမှ အလွယ်နည်းနန့် ငွီကို မကန်မဝှန် ရဟိသူ
    ဝင်ငွေ ကောင်းသည်။ ငွေဝင် များသည်။ ၂၊ တစ်စုံ တစ်ခုသော လုပ်ငန်းမှ အလွယ်နည်းဖြင့် ငွေကို အများအပြား ရရှိသူ
    make money
    နာမ်

    ငွီဖင်ပေါက်

    [ŋwípʰɪ̀ɴpaʊʔ]
    မကုန်သင့်ပဲ ကုန်ရရေ။ ရသမျှ အဖတ်မတင် ဖြစ်တေ
    မကုန်သင့်ပဲ ကုန်ရသည်။ ရသမျှ အဖတ်မတင် ဖြစ်သည်
    expense-expenditure
    ကြိယာ

    ငွီယား

    [ŋwíjá]
    ထိသော် ပင်ဖြစ်ဖြစ်၊ ယူသော် ပင်ဖြစ်ဖြစ်၊ သုံးစွဲသော် ပင်ဖြစ်ဖြစ် အစား ပြန်မထားကေ လူကို ယားစီတတ်သည် ဆိုရေ ငွီတမျိုး။ ၂၊ မြင်ကေ သုံးစွဲချင်မှု ဖြစ်ပေါ်လှာခြင်း
    ထိသော် လည်းကောင်း၊ ယူသော် လည်းကောင်း၊ သုံးစွဲသော် လည်းကောင်း အစား ပြန်မထားလျှင် လူကို ယားစေတတ်သည် ဆိုသော ငွေတစ်မျိုး။ ၂၊ မြင်လျှင် သုံးစွဲချင်မှု ဖြစ်ပေါ်လာခြင်း
    have money tbum
    နာမ်

    ငွီရပေါက်

    [ŋwíɹpaʊʔ]
    ငွီရစရာ နည်းလမ်း။ ငွီဝင်စရာ နည်းလမ်း
    ငွေရစရာ နည်းလမ်း။ ငွေဝင်စရာ နည်းလမ်း
    opportunity to make money
    နာမ်

    ငွီရီးကြီးရီး

    [ŋwíɹït͡ɕïɹï]
    ငွီကြီး ကိစ္စ။ ငွီ၏ အခြီအရဲ
    ငွေကြေး ကိစ္စ။ ငွေ၏ အခြေအနေ
    currency
    နာမ်

    ငွီရွှင်

    [ŋwíɹW̯ɪ̀ɴ]
    ငွီဝင် တိစွာ။ ငွီအရ တိစွာ။ လပ်လာဘ် ဝင်ရေ
    ငွေဝင် များသည်။ ငွေအရ များသည်။ လပ်လာဘ် ဝင်သည်
    make money
    ကြိယာ

    ငွီလည်

    [ŋwílɛ̀]
    သုံးစွဲရန် လက်ထဲမာ ငွီဟိရေ
    သုံးစွဲရန် လက်ထဲတွင် ငွေရှိသည်
    have money
    ကြိယာ

    ငွီလွှဲ

    [ŋwílW̯ɛ]
    ငွီကို တဦးလက်မှ တဦးလက်သို့ ပြောင်းပီးသည်
    ငွေကို တစ်ဦးလက်မှ တစ်ဦးလက်သို့ ပြောင်းပေးသည်
    remit
    ကြိယာ

    ငွီလှည့်

    [ŋwíɬɛ̰]
    တဦး တယောက်ပါးက ဖေသာချီးယူရေ
    တစ်ဦး တစ်ယောက်ထံမှ ငွေချေးယူသည်
    lend
    ကြိယာ