Dictionary Entries
Showing 721–740 of 764 words
င
ငွီသား
[ŋwíθá]
Arakanese:
သတ်သတ်သီာ ငွီသတ္တု။ ငွီဒင်္ဂါး
Burmese:
သက်သက်သော ငွေသတ္တု။ ငွေဒင်္ဂါး
English:
silver coin
Grammar Note:
နာမ်
ငွီသီး
[ŋwíθï]
Arakanese:
တစုံ တခုသော လုပ်ငန်းကို လုပ်ဆောင်ရာမှ ဝင်ငွီ များစွာ ရဟိရေ
Burmese:
တစ်စုံ တစ်ခုသော လုပ်ငန်းကို လုပ်ဆောင်ရာမှ ဝင်ငွေ များစွာ ရရှိသည်
English:
made of money
Grammar Note:
ကြိယာ
ငွီသျှင်ကြီးသျှင်
[ŋwíʃɪ̀ɴt͡ɕïʃɪ̀ɴ]
Arakanese:
ဝန်ဥစ္စာ ချမ်းသာ ကြွယ်ဝသူ။ ၂၊ လူတိအား ဖေသာချီးသူ
Burmese:
ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝသူ။ ၂၊ သူတစ်ပါးအား ငွေချေးသူ
English:
pawnbroker
Grammar Note:
နာမ်
ငွီအသပြာ
[ŋwíʔθpɹà]
Arakanese:
ငွီဒင်္ဂါး
Burmese:
ငွေဒင်္ဂါး
English:
silver coin
Grammar Note:
နာမ်
ငွါး
[ŋwàး]
Arakanese:
ထောင်ဗျာယ်။ ပမာဏအနိန်နန့် အလွန် မြင့်မားဗျာယ်
Burmese:
ထောင်လျက်။ ပမာဏ အားဖြင့် အလွန် မြင့်မားလျက်
English:
lofty
Grammar Note:
ကြိယာဝိသေသန
ငွါးငွါး
[ŋwàးŋwàး]
Arakanese:
ထင်ထင် ရှားရှား
Burmese:
ထင်ထင် ရှားရှား
English:
obvious
Grammar Note:
ကြိယာဝိသေသန
ငွါးငွါးစွင့်စွင့်
[ŋwàးŋwàးswɪ̰ɴswɪ̰ɴ]
Arakanese:
တင့်ရေစွာ။ ၂၊ အလွန် မြင့်မား ကြီးမားရေအနိန်နန့်။ ၃၊ ငွီရောင်ပိုင် တောက် ပြောင်ဗျာယ်
Burmese:
တင့်တယ်စွာ။ ၂၊ အလွန် မြင့်မား ကြီးမားသော အားဖြင့်။ ၃၊ ငွေရောင်ကဲ့သို့ တောက် ပြောင်လျက်
English:
dazzling-propetly
Grammar Note:
ကြိယာဝိသေသန
ငှ
[ŋ̊]
Arakanese:
နီရာ အနှံအပြား။ အကြွင်းအလပ် မဟိဘဲ
Burmese:
နေရာ အနှံအပြား။ အကြွင်းအလပ် မရှိပဲ
English:
distribute equally
Grammar Note:
ကြိယာဝိသေသန
ငှ၂
[ŋ̊၂]
Arakanese:
ဝေပီးရေ။၂၊ အပျံအနှံ့ ရောက်ဟိအောင် ပို့ရေ။ ဖြန့်သျှိသည်
Burmese:
ဝေပေးသည်။၂၊ အပျံအနှံ့ ရောက်ရှိအောင် ပို့သည်။ ဖြန့်ချီသည်
English:
distribute equally
Grammar Note:
ကြိယာ
ငှက်
[ŋ̊ɛʔ]
Arakanese:
ငှက်ဟူ သမျှကို ခြုံ၍ ခေါ်သော စကားလုံး။ ၂၊ ငှက်သတ္တဝါရို့၏ အော်အော်သံကို အကြောင်းပြပြီးကေကေ ကောင်းကျိုး မကောင်းကျိုးကို ပြသော အကြောင်း နိမိတ်
Burmese:
ငှက်ဟူ သမျှကို ခြုံ၍ ခေါ်သော စကားလုံး။ ၂၊ ငှက်သတ္တဝါတို့၏ အော်မြည်သံကို အကြောင်းပြု၍ ကောင်းကျိုး မကောင်းကျိုးကို ပြသော အကြောင်း နိမိတ်
English:
bird
Grammar Note:
နာမ်
ငှက်ကုလား
[ŋ̊ɛʔkoʊlá]
Arakanese:
နက်ကျောသော အရောင်၊ ရှည်သော လိုင်တံ၊ ရှည်သော နှုတ်သီး၊ ရှည်သော ခြေတံဟိပြီးး ရေကမ်းစမာ ကျက်စားလေ့ ဟိရေ ငှက်ကြီး တမျိုး
Burmese:
နက်ကျောသော အရောင်၊ ရှည်သော လည်တံ၊ ရှည်သော နှုတ်သီး၊ ရှည်သော ခြေတံရှိပြီး ရေကမ်းစပ်တွင် ကျက်စားလေ့ ရှိသော ငှက်ကြီး တစ်မျိုး
English:
black neck stork
Grammar Note:
နာမ်
ငှက်ကြီး
[ŋ̊ɛʔt͡ɕï]
Arakanese:
ရှည်သော လိုင်တံဝါ (အမွီးမပေါက်)၊ ရှည်သော နှုတ်သီးဝါ၊ ရှည်သော ခြေတံဝါ၊ နက်ကျောသော တောင်ပံ၊ ပြောင်သော အဂေါင်း ဟိပြီးကေ ရေကမ်းစမာ ကျက်စားလေ့ ဟိရေ ငှက်ကြီး တမျိုး။ ခြည်ခင်စွပ်
Burmese:
ရှည်သော လည်တံဝါ (အမွေးမပေါက်)၊ ရှည်သော နှုတ်သီးဝါ၊ ရှည်သော ခြေတံဝါ၊ နက်ကျောသော တောင်ပံ၊ ပြောင်သော ဦးခေါင်း ရှိ၍ ရေကမ်းစပ်တွင် ကျက်စားလေ့ ရှိသော ငှက်ကြီး တစ်မျိုး။ ငှက်ကျား
English:
stork
Grammar Note:
နာမ်
ငှက်ကြီးပေါင်တံရှည်
[ŋ̊ɛʔt͡ɕïpèàɪ̀ɴtံʃɛ̀]
Arakanese:
ရှည်သော လိုင်တံဝါ (အမွီးမပေါက်)၊ ရှည်သော နှုတ်သီးဝါ၊ ရှည်သော ခြေတံဝါ၊ နက်ကျောသော တောင်ပံ၊ ပြောင်သော အဂေါင်း ဟိပြီးကေ ရေကမ်းစမာ ကျက်စားလေ့ ဟိရေ ငှက်ကြီး တမျိုး။ ခြည်ခင်စွပ်
Burmese:
ရှည်သော လည်တံဝါ (အမွေးမပေါက်)၊ ရှည်သော နှုတ်သီးဝါ၊ ရှည်သော ခြေတံဝါ၊ နက်ကျောသော တောင်ပံ၊ ပြောင်သော ဦးခေါင်း ရှိ၍ ရေကမ်းစပ်တွင် ကျက်စားလေ့ ရှိသော ငှက်ကြီး တစ်မျိုး။ ငှက်ကျား
English:
stork
Grammar Note:
နာမ်
ငှက်ကြီးပေါင်ရှည်
[ŋ̊ɛʔt͡ɕïpèàɪ̀ɴʃɛ̀]

ငှက်ကြီးဝေပို
[ŋ̊ɛʔt͡ɕïwèpÒ]
Arakanese:
ရှည်သော နှုတ်သီး၊ ရှည်သော လိုင်တံ၊ တိုသော ခြေတံဟိပြီးး ရေမာ ကူးပနာ အစာရှာလီ့ ဟိရေ ငှက်ကြီး တမျိုး၊ ငှက်ကြီးဝေပို
Burmese:
ရှည်သော နှုတ်သီး၊ ရှည်သော လည်တံ၊ တိုသော ခြေတံရှိပြီး ရေတွင် ကူး၍ အစာရှာလေ့ ရှိသော ငှက်ကြီး တစ်မျိုး၊ ငှက်ကြီးဝန်ပို
English:
pelican
Grammar Note:
နာမ်
ငှက်ကြီးဝေပူ
[ŋ̊ɛʔt͡ɕïwèpù]

ငှက်ချီးခံ
[ŋ̊ɛʔɕïkʰံ]
Arakanese:
အုန်းမိုးရာမာ အမိုး၏ အောက်ဖက် နဘယံ (တန်းစက်အောက်)မာ ထည့်ရရေ (ဝါးခြမ်းကို ခပ်ကြားကြား အကွက်ဖေါ်၍ ရက်ထားရေ မျက်ကွင်း) ထရံငယ်။ (ကြက်ချီးခံ လို့လေ့ ခေါ်ရေ။
Burmese:
ဓနိမိုးရာတွင် အမိုး၏ အောက်ဖက် အနားစွန်း (တံစက်မြိတ်)တွင် ထည့်ရသော (ဝါးခြမ်းကို ခပ်ကြားကြား အကွက်ဖေါ်၍ ရက်ထားသော မျက်ကွင်း) ထရံငယ်။ (ကြက်ချီးခံ ဟုလည်း ခေါ်သည်။
English:
bamboo wall
Grammar Note:
နာမ်
ငှက်ခြောက်စာနှင်
[ŋ̊ɛʔkʰɹɔ́ɛʔsàn̥ɪ̀ɴ]
Arakanese:
(ဥပစါ) ပစ်သုံးကျ။ အရာမဝင်သူ
Burmese:
(ဥပစါ) အသုံးမကျသူ။ အရာမဝင်သူ
English:
useless
Grammar Note:
နာမ်
ငှက်စာ
[ŋ̊ɛʔsà]
Arakanese:
နိစိုင်နေတိုင်း ကုသိုလ် ကောင်းမှုအဖြစ် ငှက်ရို့ကို ကျွေးမွီးသော အစာ
Burmese:
နေ့စဉ်နေတိုင်း ကုသိုလ် ကောင်းမှုအဖြစ် ငှက်တို့ကို ကျွေးမွေးသော အစာ
English:
birdseed
Grammar Note:
နာမ်
ငှက်စိမ်းမှို
[ŋ̊ɛʔséɪɴm̥Ò]
Arakanese:
မိုဃ်းသီးကျကာလမာ တောင်ပို့မှိုပိုင် ပေါက်သော မှိုမျိုး။ (တချို့နီရာမာ မိုးကျောက်ကျ ပေါက်သော မှိုကို တောင်ပို့မှို ခေါ်ပနာ မိုးနှောင်း ပေါက်သော မှိုကို ငှက်စုတ်မှို၊ ငှက်စိမ်းမှို ခေါ်ရေ။ တချို့ နီရာမာ မိုးနှောင်း ပေါက်သော မှိုကို တောင်ပို့မှို ခေါ်ပနာ မိုဃ်းသီးကျ
Burmese:
မိုးဦးကာလတွင် တောင်ပို့မှိုကဲ့သို့ ပေါက်သော မှိုမျိုး။ (အချို့နေရာတွင် မိုးဦးကျ ပေါက်သော မှိုကို တောင်ပို့မှို ခေါ်၍ မိုးနှောင်း ပေါက်သော မှိုကို ငှက်စုတ်မှို၊ ငှက်စိမ်းမှို ခေါ်သည်။ အချို့ နေရာတွင် မိုးနှောင်း ပေါက်သော မှိုကို တောင်ပို့မှို ခေါ်၍ မိုးဦး
English:
mushroom
Grammar Note:
နာမ်