Dictionary Entries
Showing 741–760 of 764 words
င
ငှက်စုတ်မှို
[ŋ̊ɛʔsoʊʔm̥Ò]
Arakanese:
မိုဃ်းသီးကျကာလမာ တောင်ပို့မှိုပိုင် ပေါက်သော မှိုမျိုး။ (တချို့နီရာမာ မိုးကျောက်ကျ ပေါက်သော မှိုကို တောင်ပို့မှို ခေါ်ပနာ မိုးနှောင်း ပေါက်သော မှိုကို ငှက်စုတ်မှို၊ ငှက်စိမ်းမှို ခေါ်ရေ။ တချို့ နီရာမာ မိုးနှောင်း ပေါက်သော မှိုကို တောင်ပို့မှို ခေါ်ပနာ မိုဃ်းသီးကျ
Burmese:
မိုးဦးကာလတွင် တောင်ပို့မှိုကဲ့သို့ ပေါက်သော မှိုမျိုး။ (အချို့နေရာတွင် မိုးဦးကျ ပေါက်သော မှိုကို တောင်ပို့မှို ခေါ်၍ မိုးနှောင်း ပေါက်သော မှိုကို ငှက်စုတ်မှို၊ ငှက်စိမ်းမှို ခေါ်သည်။ အချို့ နေရာတွင် မိုးနှောင်း ပေါက်သော မှိုကို တောင်ပို့မှို ခေါ်၍ မိုးဦး
English:
mushroom
Grammar Note:
နာမ်
ငှက်ဆိုး
[ŋ̊ɛʔsʰó]
Arakanese:
ညိအခါမှ ရုန်းရင်းသော အသံဖြင့် အော်မြည် တတ်ရေ ကောင်းကျိုး မကောင်းကျိုးဟု ယူဆသော ငှက်ငယ် တမျိုး။ (ခင်ပုပ်၊ လင်းတ၊ တတီတူး အစဟိရေ ငှက်တိကို ငှက်ဆိုးဟု တချို့ ဒေသများမာ သတ်မှတ်ချက် ပြုကတ်တေ။
Burmese:
ညဉ့်အခါတွင် ရုန်းရင်းသော အသံဖြင့် အော်မြည် တတ်သော ကောင်းကျိုး မကောင်းကျိုးဟု ယူဆသော ငှက်ငယ် တစ်မျိုး။ (ခင်ပုပ်၊ လင်းတ၊ တစ်တီတူး စသော ငှက်များကို ငှက်ဆိုးဟု အချို့သော ဒေသများတွင် သတ်မှတ်ချက် ပြုကြသည်။
English:
screech owl
Grammar Note:
နာမ်
ငှက်တုံးလောင်း
[ŋ̊ɛʔtóʊɴláʊɴ]
Arakanese:
ပဲ့နိမ့်ပနာ ဦးထောင်ဗျာယ် သစ်တုံး တခုတည်းကို ထွင်းထားရေ သစ်တုံးလောင်း
Burmese:
ပဲ့နိမ့်၍ ဦးထောင်လျက် သစ်တုံး တစ်ခုတည်းကို ထွင်းထားသော သစ်တုံးလောင်း
English:
none
Grammar Note:
နာမ်
ငှက်တောက်ကျာ
[ŋ̊ɛʔtɔ́ɛʔt͡ɕà]
Arakanese:
န-ခေါက်ယာငှက်
Burmese:
န-ခေါက်ယာငှက်
English:
none
Grammar Note:
နာမ်
ငှက်နှင်ရုပ်
[ŋ̊ɛʔn̥ɪ̀ɴɹoʊʔ]
Arakanese:
လယ်ယာ၊ ကိုင်းရို့မာ စပါးစားရန် ကျရောက် လာရေ ငှက်ရို့ မလာဝန့်အောင် လုပ်ထားရေ အရုပ်
Burmese:
လယ်ယာ၊ ကိုင်းတို့တွင် စပါးစားရန် ကျရောက် လာသော ငှက်တို့ မလာဝန့်အောင် လုပ်ထားသော အရုပ်
English:
scarecrow
Grammar Note:
နာမ်
ငှက်ပျင်း
[ŋ̊ɛʔprɪ́ɴ]
Arakanese:
ညိအခါမှ ဖျားနာသူ ကြိုင်း ပိုင် မြည်တတ်ပြီး လိုင်တံတို၍ ဖြူသော အရောင်ဟိရေ၊ နိမိတ် မကောင်းရေ ငှက်ဆိုး တမျိုး
Burmese:
ညဉ့်အခါတွင် နာမကျန်းသူ ညည်းတွား သကဲ့သို့ မြည်တတ်ပြီး လည်တံတို၍ ဖြူသော အရောင်ရှိသော၊ နိမိတ် မကောင်းသော ငှက်ဆိုး တစ်မျိုး
English:
screech owl
Grammar Note:
နာမ်
ငှက်ဖင်နီ
[ŋ̊ɛʔpʰɪ̀ɴní]
Arakanese:
အဂေါင်းမာ အမင်ာက်ပိုင် အမွီးများ ပါဟိပြီးး ဖင်တဝိုက် မာလည်း နီရဲသော အမွီးများ ပါဟိကာ အသံ သာယာစွာ မြည်တတ်ရေ ငှက်ငယ် တမျိုး
Burmese:
ဦးခေါင်းတွင် အမောက်သဖွယ် အမွေးများ ပါရှိပြီး ဖင်တစ်ဝိုက် တွင်လည်း နီရဲသော အမွေးများ ပါရှိကာ အသံ သာယာစွာ မြည်တတ်သည့် ငှက်ငယ် တစ်မျိုး
English:
bird
Grammar Note:
နာမ်
ငှက်ဖျားသင့်
[ŋ̊ɛʔpʰráθɪ̀ɴ့]
Arakanese:
သန္နိပါတ် ဖြစ်တေ။ ငှက်ဖျားမိရေ
Burmese:
ငှက်ဖျားရောဂါ ဖြစ်သည်။ ငှက်ဖျားမိသည်
English:
Contract malaria
Grammar Note:
နာမ်
ငှက်မြတ်နား
[ŋ̊ɛʔmɹaʔná]
Arakanese:
ဘုရားစာတီ၊ ကျောင်း၊ နန်းပြဿဒ် ဆောင်ရို့၏ အမြင့်ဆုံး အချွန် ထိပ်ဖူးမာ ဒက်စွန် ပိုင် ပြုလုပ် ထားရေ အရာ
Burmese:
ဘုရားစေတီ၊ ကျောင်း၊ နန်းပြဿဒ် ဆောင်တို့၏ အမြင့်ဆုံး အချွန် ထိပ်ဖူးတွင် ကြက်လျှာ သဖွယ် ပြုလုပ် ထားသော အရာ
English:
vane
Grammar Note:
နာမ်
ငှက်ယုတ်
[ŋ̊ɛʔjoʊʔ]
Arakanese:
ညိအခါမှ ရုန်းရင်းသော အသံဖြင့် အော်မြည် တတ်ရေ ကောင်းကျိုး မကောင်းကျိုးဟု ယူဆသော ငှက်ငယ် တမျိုး။ (ခင်ပုပ်၊ လင်းတ၊ တတီတူး အစဟိရေ ငှက်တိကို ငှက်ဆိုးဟု တချို့ ဒေသများမာ သတ်မှတ်ချက် ပြုကတ်တေ။
Burmese:
ညဉ့်အခါတွင် ရုန်းရင်းသော အသံဖြင့် အော်မြည် တတ်သော ကောင်းကျိုး မကောင်းကျိုးဟု ယူဆသော ငှက်ငယ် တစ်မျိုး။ (ခင်ပုပ်၊ လင်းတ၊ တစ်တီတူး စသော ငှက်များကို ငှက်ဆိုးဟု အချို့သော ဒေသများတွင် သတ်မှတ်ချက် ပြုကြသည်။
English:
night raven-fishing owl
Grammar Note:
နာမ်
ငှက်ယောက်မ
[ŋ̊ɛʔjɔ́ɛʔm]
Arakanese:
ပြာမွဲရောင် အဆင်းဟိပြီးး မဲနက်ရေ နှုတ်သီး ဟိရေ ငှက်တမျိုး
Burmese:
မွဲပြာရောင် အဆင်းရှိပြီး မည်းနက်သော နှုတ်သီး ရှိသော ငှက်တစ်မျိုး
English:
bird
Grammar Note:
နာမ်
ငှက်ရင်းတွန်း
[ŋ̊ɛʔɹɪ́ɴtʊ́ɴ]
Arakanese:
ခြေတံနန့် နှုတ်သီးရှည်ပြီး ရေကမ်းစ၌ ကျက်စားလေ့ ဟိရေ ငှက်တမျိုး
Burmese:
ခြေတံနှင့် နှုတ်သီးရှည်ပြီး ရေကမ်းစပ်၌ ကျက်စားလေ့ ရှိသော ငှက်တစ်မျိုး
English:
bird
Grammar Note:
နာမ်
ငှက်ဝါသျှေ
[ŋ̊ɛʔwàʃè]
Arakanese:
အပင်ဖျား များမာ နား၍ သာယာစွာ သီဆို မြည်တတ်ရေ အဆင်း ဝါရေ ငှက်တမျိုး။ (ဧည့်စွာတိ ရောက်ဖို့ဆိုကေ အိမ်နံဖီး ပတ်ဝန်းကျင်မာ မပြတ် မလပ် မြည်လေ့ ဟိရေ။ ယင်းငှက်ကို ဧည့်လာငှက်၊ တြင်းဆော်ငှက်၊ နိမိတ်ဖတ်ငှက် လည်း ဟူ၏။
Burmese:
သစ်ပင်ဖျား များတွင် နား၍ သာယာစွာ သီဆို မြည်တတ်သော အဆင်း ဝါသည့် ငှက်တစ်မျိုး။ (ဧည့်သည်များ ရောက်မည်ဆိုလျှင် အိမ်အနီး ပတ်ဝန်းကျင်တွင် မပြတ် မလပ် မြည်လေ့ ရှိသည်။ ယင်းငှက်ကို ဧည့်လာငှက်၊ တြင်းဆော်ငှက်၊ နိမိတ်ဖတ်ငှက် လည်း ဟူ၏။
English:
bird
Grammar Note:
နာမ်
ငှက်သင့်
[ŋ̊ɛʔθɪ̰ɴ]
Arakanese:
(ဥပစါ) တခုခုသော အကြောင်းကြောင့် မမျှော်လင့်ပဲ တစုံ တရာ မကောင်းရေ အကျိုး ပတ်သက် လာရေ
Burmese:
(ဥပစါ) တစ်ခုခုသော အကြောင်းကြောင့် မမျှော်လင့်ပဲ တစ်စုံ တစ်ရာ မကောင်းသော အကျိုး ပတ်သက် လာသည်
English:
none
Grammar Note:
ကြိယာ
ငှက်သရမ်းထ
[ŋ̊ɛʔθɹáɴtʰ]
Arakanese:
ငှက်ဆိုး ငှက်ယုတ်ရို့၏ ကြမ်းတမ်းစွာ မြည်တွန်သော အသံ
Burmese:
ငှက်ဆိုး ငှက်ယုတ်တို့၏ ကြမ်းတမ်းစွာ မြည်တွန်သော အသံ
English:
night raven-fishing owl
Grammar Note:
နာမ်
ငှက်သိုက်
[ŋ̊ɛʔθaɪʔ]
Arakanese:
ငှက် သတ္တဝါရို့၏ ခိုအောင်း မှီတင်းရာ အဆောက် အအုံ
Burmese:
ငှက် သတ္တဝါတို့၏ ခိုအောင်း မှီတင်းရာ အဆောက် အအုံ
English:
nest
Grammar Note:
နာမ်
ငှက်သျှေ
[ŋ̊ɛʔʃè]
Arakanese:
တက်ရှည်ဖြင့် လောင်းာ်ခတ်သည့် လောင်းငယ် တမျိုး။ သမ္ပန်
Burmese:
တက်ရှည်ဖြင့် လှော်ခတ်သည့် လှေငယ် တစ်မျိုး။ သမ္ပန်
English:
sampan
Grammar Note:
နာမ်
ငှါ
[ŋ̊à]
Arakanese:
(တစုံ တခုသော) ဝတ္တု။ ဝန်
Burmese:
(တစ်စုံ တစ်ခုသော) ဝတ္တု။ ပစ္စည်း
English:
object
Grammar Note:
နာမ်
ငှါး
[ŋ̊àး]
Arakanese:
အခိုက်အတန့် ယူရေ။ အခိုက်အတန့် အသုံးပြုသည်
Burmese:
အခိုက်အတန့် ယူသည်။ အခိုက်အတန့် အသုံးပြုသည်
English:
borrow
Grammar Note:
ကြိယာ
ငှါ၂
[ŋ̊à၂]
Arakanese:
ပြုဖို့ရာ၊ ဖြစ်ဖို့ရာ ဆိုရေ အကျိုးကို မျှော်စပ်၍ ညွှန်ပြသော စကားလုံး
Burmese:
ပြုတော့မည်၊ ဖြစ်တော့မည် ဟူသော အကျိုးကို မျှော်ကိုး၍ ညွှန်ပြသော စကားလုံး
English:
for
Grammar Note:
သမ္ဗန္တ