Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 764 words

    င

    ငတိုသျှေ

    [ŋtÒʃè]
    ဘုဒိုပျပ်ပျပ် ဟိရေ သူ
    အရပ်ပုပျပ်ပျပ် ရှိသော သူ
    short person
    နာမ်

    ငတုံး

    [ŋtóʊɴ]
    ပညာအစွမ်းအစ မဟိသူ။ ဉာဏ် ပညာမဲ့သူ။ လူညွန်တုံး။ အမြော်အမြင် နည်းသူ
    ပညာအစွမ်းအစ မရှိသူ။ ဉာဏ် ပညာမဲ့သူ။ လူညွန်တုံး။ အမြော်အမြင် နည်းသူ
    chump
    နာမ်

    ငတေ

    [ŋtè]
    ပြောင်လောင်းာင် နှိမ့်ချလိုရေ စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    ပြောင်လှောင် နှိမ့်ချလိုသော စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    nick name
    နာမ်

    ငတ်

    [ŋaʔ]
    စားသောက်စရာ အကြား လစ်ဟာရေ။ ပြတ်လပ်ရေ။ ၂၊ လိုချင်ရေကို မရပြီးကေ စွဲလမ်း တပ်မက်မှု ဖြစ်နီရေ။ ၃၊ လိုချင် အားကြီးခြင်း ဖြစ်တေ
    စားသောက်စရာ အကြား လစ်ဟာသည်။ ပြတ်လပ်သည်။ ၂၊ လိုချင်သည်ကို မရ၍ စွဲလမ်း တပ်မက်မှု ဖြစ်နေသည်။ ၃၊ လိုချင် အားကြီးခြင်း ဖြစ်သည်
    starve
    ကြိယာ

    ငတ်ကြီးကျ

    [ŋaʔt͡ɕït͡ɕ]
    ဒုဗ္ဘိကန္တရကပ် ဆိုက်ရောက်ရေ။ အစာရီစာ ငတ်မွတ် ခေါင်းပါးသော ဖီးဆိုက် ရောက်ရေ။ ၂၊ အငမ်းမရ စားချင်ခြင်း ပြင်းပြစွာ ဖြစ်တေ
    ဒုဗ္ဘိကန္တရကပ် ဆိုက်ရောက်သည်။ အစာရေစာ ငတ်မွတ် ခေါင်းပါးသော ဘေးဆိုက် ရောက်သည်။ ၂၊ အငမ်းမရ စားချင်ခြင်း ပြင်းပြစွာ ဖြစ်သည်
    starve
    ကြိယာ

    ငတ်ကြီးကျ၂

    [ŋaʔt͡ɕït͡ɕ၂]
    အလွန်အကျွံ လိုချင်သောအနိန်နန့်။ လိုချင်ခြင်း ပြင်းပြရေ ဖြစ်ပနာ။၂၊ ရလိုစွာကို မရပြီးကေ စွဲလမ်းခြင်း ပြင်းပြနေသနန့်
    အလွန်အမင်း လိုချင်သော အားဖြင့်။ လိုချင်ခြင်း ပြင်းပြသည် ဖြစ်၍။၂၊ ရလိုသည်ကို မရ၍ စွဲလမ်းခြင်း ပြင်းပြနေသဖြင့်
    covetous
    ကြိယာဝိသေသန

    ငတ်ဆီငတ်ဆာ

    [ŋaʔsʰíŋaʔsʰà]
    လူန လူအ၊ အစွမ်းအစ မဟိသူ။ လိမ္မာ အထာနပ်မှု မဟိသူကို တင်စားပနာ ပြောဆိုရေ စကား
    လူန လူအ၊ အစွမ်းအစ မရှိသူ။ လိမ္မာ ပါးနပ်မှု မရှိသူကို တင်စား၍ ပြောဆိုသော စကား
    blockhead-dullard
    နာမ်

    ငတ်တောက်

    [ŋaʔtɔ́ɛʔ]
    အစားအစာ ပြတ်တောက်ရေ။ အစားအစာ မဟိဖြစ်တေ။ အစားအစာ ကုန်ခမ်းသည်
    အစားအစာ ပြတ်တောက်သည်။ အစားအစာ မရှိဖြစ်သည်။ အစားအစာ ကုန်ခမ်းသည်
    starve
    ကြိယာ

    ငတ်ပြတ်

    [ŋaʔpɹaʔ]
    ဆင်းရဲ မွဲတေရေ။ အစားအစာ ကုန်ခန်းသည်
    ဆင်းရဲ မွဲတေသည်။ အစားအစာ ကုန်ခန်းသည်
    starve
    ကြိယာ

    ငတ်မွတ်

    [ŋaʔmwaʔ]
    အစားအစာ မဟိ၍ မွတ်သိပ် ဝမ်းညင် ခြင်းသို့ ရောက်ရေ
    အစားအစာ မရှိ၍ မွတ်သိပ် ဆာလောင် ခြင်းသို့ ရောက်သည်
    starve
    ကြိယာ

    ငတ်မွတ်ခေါင်းပါး

    [ŋaʔmwaʔkʰèàɪ́ɴpàး]
    အစားအစာ အလွန်အကျွံ ယှားပါးရေ။ အစားအစာ ရနိုင်ဖို့ အလွန် ခက်ခဲရေ
    အစားအစာ အလွန်အမင်း ရှားပါးသည်။ အစားအစာ ရနိုင်ရန် အလွန် ခက်ခဲသည်
    starve
    ကြိယာ

    ငတ်ရည်ယို

    [ŋaʔɹɛ̀jÒ]
    မထိန်းနိုင် မသိမ်းနိုင် လောက်ယောင် (စားချင်ခြင်း) အာသာ ဆန္ဒပြင်း ပြသောအနိန်နန့်
    မထိန်းနိုင် မသိမ်းနိုင် လောက်အောင် (စားချင်ခြင်း) အာသာ ဆန္ဒပြင်း ပြသော အားဖြင့်
    covet
    ကြိယာဝိသေသန

    ငတ်ရည်သန်

    [ŋaʔɹɛ̀θàɴ]
    မထိန်းနိုင် မသိမ်းနိုင် လောက်ယောင် (စားချင်ခြင်း) အာသာ ဆန္ဒ ပြင်းပြသောအနိန်နန့်
    မထိန်းနိုင် မသိမ်းနိုင် လောက်အောင် (စားချင်ခြင်း) အာသာ ဆန္ဒ ပြင်းပြသော အားဖြင့်
    covet
    ကြိယာဝိသေသန

    ငတ်သျှာ

    [ŋaʔʃà]
    အစွမ်းအစ မဟိသူ။ လိမ္မာ အထာနပ်မှု မဟိသူကို တင်စားပနာ ခေါ်သော စကားလုံး
    အစွမ်းအစ မရှိသူ။ လိမ္မာ ပါးနပ်မှု မရှိသူကို တင်စား၍ ခေါ်သော စကားလုံး
    none
    နာမ်

    ငတ်သျှာ၂

    [ŋaʔʃà၂]
    မစားသော မသောက်သော ဖြစ်ပနာ ဒုက္ခရောက်ဖို့ အကြောင်း
    မစားသော မသောက်သော ဖြစ်၍ ဒုက္ခရောက်မည့် အကြောင်း
    none
    နာမ်

    ငထိငပြင်

    [ŋtʰìŋpɹɪ̀ɴ]
    တမျှော်တခေါ်။ အကျယ်အပြန့်။ ဝီးဝီးလံလံ
    တမျှော်တခေါ်။ အကျယ်အပြန့်။ ဝေးဝေးလံလံ
    far distance - far away
    ကြိယာဝိသေသန

    ငဒုဿီ

    [ŋdoʊðí]
    သီလ မဟိရေ။ အကျင့် ဆိုးညစ်သော။ ယုတ်မာသော။ ၂၊ လိမ္မာ အထာနပ်မှု မဟိရေ
    သီလ မရှိသော။ အကျင့် ဆိုးသွမ်းသော။ ယုတ်မာသော။ ၂၊ လိမ္မာ ပါးနပ်မှု မရှိသော
    naughty
    နာမဝိသေသန

    ငဒုဿီ၂

    [ŋdoʊðí၂]
    အကျင့် ဆိုးညစ်သော သူ။ ယုတ်မာသော သူ။ ၂၊ လိမ္မာ အထာနပ်မှု မဟိရေ သူ
    အကျင့် ဆိုးသွမ်းသော သူ။ ယုတ်မာသော သူ။ ၂၊ လိမ္မာ ပါးနပ်မှု မရှိသော သူ
    naughty
    နာမ်

    ငနုံ

    [ŋnòʊɴ]
    ကုဋနူနာ ဟိသူ။ ကိုယ်အင်္ဂါ ချို့ရေလူ။ ၂၊ ယုတ်ညံ့ သိမ်ဖျင်းသောသူ
    ကုဋနူနာ ရှိသူ။ ကိုယ်အင်္ဂါ ချို့တဲ့သူ။ ၂၊ ယုတ်ညံ့ သိမ်ဖျင်းသောသူ
    leper
    နာမ်

    ငနုံ၂

    [ŋnòʊɴ၂]
    တယောက်ယောက်ကို ဖိနှိပ်နှိမ့်ချ ပုတ်ခတ်၍ ခေါ်ဝေါ်သော စကားလုံး
    တစ်စုံတစ်ဦးကို ဖိနှိပ်နှိမ့်ချ ပုတ်ခတ်၍ ခေါ်ဝေါ်သော စကားလုံး
    none
    နာမ်