Dictionary Entries
Showing 81–100 of 764 words
င
ငနုပ်
[ŋnoʊʔ]
Arakanese:
ယုတ်နိမ့်သော။ နိမ့်ကျသော။ ဂုဏ်ငယ်သော။ သိမ်ဖျင်းသော။ သိမ်ငယ်ရေ
Burmese:
ယုတ်နိမ့်သော။ နိမ့်ကျသော။ ဂုဏ်ငယ်သော။ သိမ်ဖျင်းသော။ သေးသိမ်သော
English:
decline - seamy
Grammar Note:
နာမဝိသေသန
ငနုပ်၂
[ŋnoʊʔ၂]
Arakanese:
တယောက်ယောက်ကို ဖိနှိပ် ချိုးနှိမ်၍ ခေါ်ဝေါ်သော စကားလုံး
Burmese:
တစ်စုံတစ်ဦးကို ဖိနှိပ် ချိုးနှိမ်၍ ခေါ်ဝေါ်သော စကားလုံး
English:
none
Grammar Note:
နာမ်
ငနုပ်၃
[ŋnoʊʔ၃]
Arakanese:
ယုတ်နိမ့်ရေ။ နိမ့်ကျရေ။ ဂုဏ်ငယ်ရေ။ ၂၊ ရိုင်းစိုင်းသည်
Burmese:
ယုတ်နိမ့်သည်။ နိမ့်ကျသည်။ ဂုဏ်ငယ်သည်။ ၂၊ ရိုင်းစိုင်းသည်
English:
rude - violent - rough - harsh
Grammar Note:
ကြိယာ
ငန်
[ŋàɴ]
Arakanese:
ငန်သော အရသာ ဟိရေ
Burmese:
ငန်သော အရသာ ရှိသော
English:
salty
Grammar Note:
နာမဝိသေသန
ငန်း
[ŋáɴ]
Arakanese:
အဆိပ် ပြင်းသော မြွီမျိုးကို ခြုံ၍ ခေါ်သော စကား
Burmese:
အဆိပ် ပြင်းသော မြွေမျိုးကို ခြုံ၍ ခေါ်သော စကား
English:
poisonous snake
Grammar Note:
နာမ်
ငန်၂
[ŋàɴ၂]
Arakanese:
ငန်သော အရသာ ဟိရေ
Burmese:
ငန်သော အရသာ ရှိသည်
English:
salty
Grammar Note:
ကြိယာ
ငန်း၂
[ŋáɴ၂]
Arakanese:
သည်းခြီ၊ လေ၊ သလိပ် အစဟိစွာ ရို့ကြောင့် ဖြစ်ရေ ရောဂါ
Burmese:
သည်းခြေ၊ လေ၊ သလိပ် စသည် တို့ကြောင့် ဖြစ်သော ရောဂါ
English:
delirium of fever
Grammar Note:
နာမ်
ငန်း၃
[ŋáɴ၃]
Arakanese:
ပိုင်းခြေ ခွဲဝီပြီးရေ အလှည့်ကျ လုပ်ကွက်။ ၂၊ တဦး တယောက် အတွက် သတ်မှတ် ထားရေ လုပ်ငန်း
Burmese:
ပိုင်းခြေ ခွဲဝေပြီးသော တာဝန်ကျ လုပ်ကွက်။ ၂၊ တစ်ဦး တစ်ယောက် အတွက် သတ်မှတ် ထားသော လုပ်ငန်း
English:
task
Grammar Note:
နာမ်
ငန်းကုလား
[ŋáɴkoʊlá]
Arakanese:
အဂေါင်းပိုင်း ညိုမည်းသော အဆင်းဟိရေ မြွီတမျိုး
Burmese:
ဦးခေါင်းပိုင်း ညိုမည်းသော အဆင်းရှိသော မြွေတစ်မျိုး
English:
poisonous snake
Grammar Note:
နာမ်
ငန်းကူး ကူးရေ
[ŋáɴkùး kùးɹè]
Arakanese:
ရီကူးရာမာ ကကောင်းလျင်စွာကို တင်စားပနာ သုံးသော စကားလုံး
Burmese:
ရေကူးရာ၌ လျင်မြန်သည်ကို တင်စား၍ သုံးသော စကားလုံး
English:
fast
Grammar Note:
နာမ်
ငန်းကူး ကူးရေ၂
[ŋáɴkùး kùးɹè၂]
Arakanese:
(ဥပစာ) ဣန္ဒြေကင်း ဖောက်ပြန်ခြင်း၌ တင်စားပနာ သုံးသော စကားလုံး
Burmese:
(ဥပစာ) ဣန္ဒြေမဲ့ လော်လည်ခြင်း၌ တင်စား၍ သုံးသော စကားလုံး
English:
fast
Grammar Note:
နာမ်
ငန်းကျား
[ŋáɴt͡ɕá]
Arakanese:
အမည်းနန့် အဝါရောင် အကွက်ပါရေ ငန်းမြွီ တမျိုး
Burmese:
အမည်းနှင့် အဝါရောင် အကွက်ပါသော ငန်းမြွေ တစ်မျိုး
English:
banded krait
Grammar Note:
နာမ်
ငန်းကြောင်
[ŋáɴt͡ɕàʊɴ]
Arakanese:
ပါးမှ နံချင်းပြိုင် ရောက်ယောင် အရဲစင်း ပါရေ ငန်းမြွီ တမျိုး
Burmese:
ပါးမှ နံဘေး ရောက်အောင် အနီစင်း ပါသော ငန်းမြွေ တစ်မျိုး
English:
poisonous snake
Grammar Note:
နာမ်
ငန်ငန်တက်တက်
[ŋàɴŋàɴtɛʔtɛʔ]
Arakanese:
အလွန် ငန်သော အရသာ ဟိရေ
Burmese:
အလွန် ငန်သော အရသာ ရှိသော
English:
salty
Grammar Note:
နာမဝိသေသန
ငန်ငန်တက်တက်၂
[ŋàɴŋàɴtɛʔtɛʔ၂]
Arakanese:
အလွန် ငန်သော အရသာ ဟိရေ
Burmese:
အလွန် ငန်သော အရသာ ရှိသည်
English:
salty
Grammar Note:
ကြိယာ
ငန်းစောင်း
[ŋáɴsáʊɴ]
Arakanese:
အခြား ငန်းမြွီထက် အဆိပ် ပြင်းထန်ရေ ငန်းမြွီ တမျိုး
Burmese:
တခြား ငန်းမြွေထက် အဆိပ် ပြင်းထန်သည့် ငန်းမြွေ တစ်မျိုး
English:
copperhead rat snake
Grammar Note:
နာမ်
ငန်းစောင်းလယာ
[ŋáɴsáʊɴljà]
Arakanese:
ဆီးဘက် ဝင်သော ဂမုန်းအပင် တမျိုး
Burmese:
ဆေးဘက် ဝင်သော ဂမုန်းအပင် တစ်မျိုး
English:
medicinal plant
Grammar Note:
နာမ်
ငန်းဆီး
[ŋáɴsʰï]
Arakanese:
ငန်းနန့် ပက်သတ်သီာ အဖျား ရောဂါတိကို ကုသရရေ ဆီး
Burmese:
ငန်းနှင့် ပက်သတ်သော အဖျား ရောဂါများကို ကုသရသော ဆေး
English:
indigenoud medicine for delirium
Grammar Note:
နာမ်
ငန်းဆုံးတိုက်
[ŋáɴsʰóʊɴtaɪʔ]
Arakanese:
ပိုင်းကန့်၍ ခွဲဝီ ပီးထားရေ အလုပ်ကို အစအဆုံး ထိတောင် တဆက်တည်း ဆောင်ရွက်သည်
Burmese:
ပိုင်းကန့်၍ ခွဲဝေ ပေးထားသော အလုပ်ကို အစအဆုံး တိုင်အောင် တစ်ဆက်တည်း ဆောင်ရွက်သည်
English:
succession
Grammar Note:
ကြိယာ
ငန်းတက်
[ŋáɴtɛʔ]
Arakanese:
ဝှေးစိကို အပြင်းအထန် ထိခိုက်မိရာမှ အနိန်အထား ချွတ်ယွင်းခြင်း၊ အကြောကို ထိခိုက်ခြင်း အစဟိစွာ ရို့ကြောင့် လွန်ကဲစွာ နာကြင်၍ သတိလစ် တက်ခြင်း ဖြစ်တေ
Burmese:
ဝှေးစေ့ကို အပြင်းအထန် ထိခိုက်မိရာမှ အနေအထား ချွတ်ယွင်းခြင်း၊ အကြောကို ထိခိုက်ခြင်း စသည် တို့ကြောင့် လွန်ကဲစွာ နာကျင်၍ သတိလစ် တက်ခြင်း ဖြစ်သည်
English:
faint-lose consciousness
Grammar Note:
ကြိယာ