Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 764 words

    င

    ငန်းတက်သွီး

    [ŋáɴtɛʔθwï]
    ငန်းလိုက် ရောဂါ ဖြစ်နီသူ၏ သွီးခုန်ခြင်း
    ငန်းဖျား ရောဂါ ဖြစ်နေသူ၏ သွေးခုန်ခြင်း
    none
    နာမ်

    ငန်တရည်

    [ŋàɴtɹɛ̀]
    စိကေချေ ငန်သော အရသာ
    အနည်းငယ် ငန်သော အရသာ
    salty
    နာမ်

    ငန်းပုပ်

    [ŋáɴpoʊʔ]
    အသံကြားကေ ပါးပျိုင်း ထောင်ကာ ကျွဲ၊ နွား၊ တိရိစ္ဆာန်၊ လူပါ မကျန် နောက်ကို လိုက်ပြီးကေ အန္တရာယ် ပြုတတ်ရေ ငန်းမြွီ တမျိုး
    အသံကြားလျှင် ပါးပျဉ်း ထောင်ကာ ကျွဲ၊ နွား၊ တိရိစ္ဆာန်၊ လူပါ မကျန် နောက်သို့ လိုက်၍ အန္တရာယ် ပြုတတ်သော ငန်းမြွေ တစ်မျိုး
    poisonous snake
    နာမ်

    ငန်းပုပ်နွယ်

    [ŋáɴpoʊʔnwɛ̀]
    ဆားငန်ရည် မှီရာမာ ပေါက်တတ်၍ အပွင့်ဖြူ အချေ ပွင့်သော နွယ်ပင် တမျိုး
    ဆားငန်ရည် မှီရာတွင် ပေါက်တတ်၍ အပွင့်ဖြူ ကလေး ပွင့်သော နွယ်ပင် တစ်မျိုး
    creeper
    နာမ်

    ငန်ပျက်ပျက်

    [ŋàɴprɛʔprɛʔ]
    စိကေချေ ငန်သော အရသာ
    အနည်းငယ် ငန်သော အရသာ
    salty
    နာမ်

    ငန်းပြား

    [ŋáɴpɹá]
    ကြိတ်ဆုံ အထက်ဆင့်မာ ဖီလာလန့်ဆန့်( အပေါက် ဖေါက်၍ လည်ပတ်အောင်) ထည့်ရရေ သစ်သားပြား
    ကြိတ်ဆုံ အထက်ဆင့်တွင် ဖီလာကန့်လန့်( အပေါက် ဖေါက်၍ လည်ပတ်အောင်) ထည့်ရသော သစ်သားပြား
    none
    နာမ်

    ငန်းဖမ်း

    [ŋáɴpʰáɴ]
    ငန်းရောဂါ သည်းထန်စွာ တိုးလာရေ။ (ဥပစာ) ထင်ရာ မြင်ရာ ပြောတတ်ရေ။ သတိလစ်ပြီး ဟိုယောင် ယောင်သည် ယောင်ယောင် လိုက်ပြီးကေ ပြောတတ်ရေ။ ယောင်ယမ်း၍ ပြောဆို တတ်သည်
    ငန်းရောဂါ သည်းထန်စွာ တိုးလာသည်။ (ဥပစာ) ထင်ရာ မြင်ရာ ပြောတတ်သည်။ သတိလစ်ပြီး ဟိုယောင် ယောင်သည် ယောင်ယောင် လိုက်၍ ပြောတတ်သည်။ ယောင်ယမ်း၍ ပြောဆို တတ်သည်
    not knowing what to do
    ကြိယာ

    ငန်းဖျား

    [ŋáɴpʰrá]
    ငန်းနန့် ပက်သတ်၍ ဖြစ်ရေ အဖျားရောဂါ ဟူသမျှကို ခြုံ၍ ခေါ်သော အမည်
    ငန်းနှင့် ပက်သတ်၍ ဖြစ်သော အဖျားရောဂါ ဟူသမျှကို ခြုံ၍ ခေါ်သော အမည်
    high fever with delirium
    နာမ်

    ငန်းရူး

    [ŋáɴɹùး]
    ငန်းလိုက် ရောဂါ ပြင်းထန်ချက် ကြောင့် စိတ်ဖေါက်ပြန် နီသူ
    ငန်းဖျား ရောဂါ ပြင်းထန်ချက် ကြောင့် စိတ်ဖေါက်ပြန် နေသူ
    lose sense
    နာမ်

    ငန်းရူးထ

    [ŋáɴɹùးtʰ]
    (ဥပစာ) (ငန်းရောဂါ ပြင်းထန် ပိုင်) ဒေါသစိတ် ပြင်းစွာ ဖြစ်တေ
    (ဥပစာ) (ငန်းရောဂါ ပြင်းထန် သကဲ့သို့) ဒေါသစိတ် ပြင်းစွာ ဖြစ်သည်
    angry
    ကြိယာ

    ငန်းလယာ

    [ŋáɴljà]
    အရွက် ချွန်ချွန် သွယ်သွယ် ခပ်ပြားပြား၊ အစိမ်းရောင်မာ အနားတဖက် တချက် အဝါ အကြောင်း ပါရေ ဂမုန်းအနွယ်ဝင် ဆီးပင် တမျိုး
    အရွက် ချွန်ချွန် သွယ်သွယ် ခပ်ပြားပြား၊ အစိမ်းရောင်တွင် အနားတစ်ဘက် တစ်ချက် အဝါ အကြောင်း ပါသော ဂမုန်းအနွယ်ဝင် ဆေးပင် တစ်မျိုး
    medicinal plant
    နာမ်

    ငန်းလိုက်

    [ŋáɴlaɪʔ]
    ငန်းရောဂါ သည်းထန်စွာ တိုးလာရေ။ (ဥပစာ) ထင်ရာ မြင်ရာ ပြောတတ်ရေ။ သတိလစ်ပြီး ဟိုယောင်ယောင် သည်ယောင်ယောင် လိုက်ပြီးကေ ပြောတတ်ရေ။ ယောင်ယမ်း၍ ပြောဆို တတ်သည်
    ငန်းရောဂါ သည်းထန်စွာ တိုးလာသည်။ (ဥပစာ) ထင်ရာ မြင်ရာ ပြောတတ်သည်။ သတိလစ်ပြီး ဟိုယောင်ယောင် သည်ယောင်ယောင် လိုက်၍ ပြောတတ်သည်။ ယောင်ယမ်း၍ ပြောဆို တတ်သည်
    not knowing what to do
    ကြိယာ

    ငန်းလီငန်းလိုက်

    [ŋáɴlíŋáɴlaɪʔ]
    ဟိုယောင်ယောင် သည်ယောင်ယောင် စကားကို မတည်မကြည် ပြောတတ်ရေ။ ထင်ရာ မြင်ရာကို ပြောတတ်သည်
    ဟိုယောင်ယောင် သည်ယောင်ယောင် စကားကို မတည်မကြည် ပြောတတ်သည်။ ထင်ရာ မြင်ရာကို ပြောတတ်သည်
    not knowing what to do
    ကြိယာ

    ငနှမ်း

    [ŋn̥áɴ]
    အသုံး မကျသော။ သိမ်ဖျင်းသော။ နုံချာသော။ မိုက်သော
    အသုံး မကျသော။ သိမ်ဖျင်းသော။ နုံချာသော။ မလိမ္မာသော
    moody
    နာမဝိသေသန

    ငနှမ်း၂

    [ŋn̥áɴ၂]
    ပြောင်လောင်းာင် နှိမ့်ချလိုရေ စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    ပြောင်လှောင် နှိမ့်ချလိုသော စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    nick name
    ကြိယာ

    ငနှမ်းယေ

    [ŋn̥áɴjè]
    ဗဟရီသော။ သိမ်ဖျင်းသော။ နုံချာသော။ မိုက်သော
    အသုံးမကျသော။ သိမ်ဖျင်းသော။ နုံချာသော။ မလိမ္မာသော
    moody
    နာမဝိသေသန

    ငနှမ်းယေ၂

    [ŋn̥áɴjè၂]
    ပြောင်လောင်းာင် နှိမ့်ချလိုရေ စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    ပြောင်လှောင် နှိမ့်ချလိုသော စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    nick name
    ကြိယာ

    ငပင်း

    [ŋpɪ́ɴ]
    ဇွန်းကျသော သူ။ ဇွန်းကျသော သူကို ခေါ်သော စကား
    နားပင်းသော သူ။ နားပင်းသော သူကို ခေါ်သော စကား
    deaf mute
    နာမ်

    ငပိကျိန်တောက်

    [ŋpìt͡ɕèɪɴtɔ́ɛʔ]
    အရောင်ဝါဝင်း၍ အပွင့်များ အကိုင်းထက်မာ အဆုပ်လိုက် အခိုင်လိုက် တွဲလောင်းပွင့် (အသီးရှည်ရှည် သီးသော) ငုပင် အမျိုးအစားမာ ပါဝင်ရေ ငုပင်တမျိုး
    အရောင်ဝါဝင်း၍ အပွင့်များ အကိုင်းပေါ်တွင် အဆုပ်လိုက် အခိုင်လိုက် တွဲလျားပွင့် (အသီးရှည်ရှည် သီးသော) ငုပင် အမျိုးအစားတွင် ပါဝင်သည့် ငုပင်တစ်မျိုး
    cassia
    နာမ်

    ငပိစိုဆားစိုနံပင်

    [ŋpìsÒsʰásÒnံpɪ̀ɴ]
    သက်ငယ်တံ လောက်လောင်းာက် အတံထွက်ပြီးကေ ယင်းအတံမာ အစူးကဲ့ယင့်ပိုင်တွက်ကြောင့် ဆီးဖက်ဝင်ရေ ခြုံပေါက်ငယ် ပင်စောက်တမျိုး
    သက်ငယ်တံ လောက်ခန့် အတံထွက်၍ ယင်းအတံတွင် အဆူးကဲ့သို့ပါ၍ ဆေးဖက်ဝင်သော ချုံပေါက်ငယ် ပင်စောက်တစ်မျိုး
    bush
    နာမ်