Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 764 words

    င

    ငပိုး

    [ŋpó]
    တဖက်သား မသိယောင် တတိန်းချေ နောက်ပိုးသူ
    တစ်ဖက်သား မသိအောင် တိတ်တဆိတ် နောက်ပိုးသူ
    admirer
    နာမ်

    ငပု

    [ŋpoʊ]
    ဘုဒိုပျပ်သော သူ
    အရပ်ပုပျပ်သော သူ
    short person
    နာမ်

    ငပုကွ

    [ŋpoʊkw]
    ဘုဒိုပျပ်၍ ခါးကို နောက်ကို ခပ်လန်လန် လားတတ်သူ
    အရပ်ပုပျပ်၍ ခါးကို နောက်သို့ ခပ်လန်လန် သွားတတ်သူ
    none
    နာမ်

    ငပေတေ

    [ŋpètè]
    ထင်ရာကို ပြုလုပ်တတ်၍ မိုက်မဲအဆိုးအဆာ။ ဆိုဆုံးမခက်သူ။ လူပေလူတေ
    ထင်ရာကို ပြုလုပ်တတ်၍ မိုက်မဲဆိုးသွမ်းသူ။ ဆိုဆုံးမခက်သူ။ လူပေလူတေ
    reckless person
    နာမ်

    ငပေါ

    [ŋpèà]
    အသိ အလိမ္မာ ကင်းသောသူ။ အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ။ အထာနပ် လိမ္မာမှု မဟိရေသူ
    အသိ အလိမ္မာ ကင်းသောသူ။ အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မရှိသူ။ ပါးနပ် လိမ္မာမှု မရှိသောသူ
    foolish
    နာမ်

    ငပေါတေ

    [ŋpèàtè]
    ပျက်ချော်ချော် သရော် ပြောင်လောင်းာင် တတ်ရေ သူ
    ပျက်ချော်ချော် သရော် ပြောင်လှောင် တတ်သော သူ
    derision
    နာမ်

    ငပေါ်စိတ်ကေ

    [ŋpɔ̀seɪʔkè]
    ရယ်ရွှင်ဖွယ်ရာ စကားကို ပြောဆိုတတ်သူ။ ရယ်သွမ်း ဖတ်သွမ်း ပြောဆိုတတ်သူ
    ရယ်ရွှင်ဖွယ်ရာ စကားကို ပြောဆိုတတ်သူ။ ရယ်သွမ်း ဖတ်သွမ်း ပြောဆိုတတ်သူ
    derision
    နာမ်

    ငပ်

    [ŋaʔ]
    မထုံမထိုင်း၊ သွက်လက် တက်ကြွသော။ (နှုတ်) သွက်လက် ဖြတ်လတ်သော
    မထုံမထိုင်း၊ သွက်လက် တက်ကြွသော။ (နှုတ်) သွက်လက် ဖျတ်လတ်သော
    active
    နာမဝိသေသန

    ငပ်၂

    [ŋaʔ၂]
    မထုံမထိုင်း၊ သွက်လက် တက်ကြွရေ။ နှုတ်သွက် အာသွက်သည်
    မထုံမထိုင်း၊ သွက်လက် တက်ကြွသည်။ နှုတ်သွက် အာသွက်သည်
    active
    ကြိယာ

    ငပ်ငပ်

    [ŋaʔŋaʔ]
    ဒေါသနန့် ကျကျယ်လောင်လောင် ပြစ်တင် ပြောဆိုရေ
    ဒေါသဖြင့် ကျယ်လောင်စွာ အပြစ်တင် ပြောဆိုသည်
    blame
    ကြိယာ

    ငပျက်

    [ŋprɛʔ]
    အကျင့်ပျက်သော သူ။ ဆိုးညစ် ယုတ်မာသောသူ
    အကျင့်ပျက်သော သူ။ ဆိုးသွမ်း ယုတ်မာသောသူ
    corruption
    နာမ်

    ငပျက်ချော်

    [ŋprɛʔɕɔ̀]
    ပျက်ချော်ချော် စကားကို ပြောတတ်ရေသူ။ ၂၊ ရယ်ရွှင်ဖွယ်သော စကားကို ပြောတတ်ရေသူ။ ပြုတ်မနူး ရွှတ်နောက်နောက် ပြောတတ်ရေသူ
    ပျက်ချော်ချော် စကားကို ပြောတတ်သောသူ။ ၂၊ ရယ်ရွှင်ဖွယ်သော စကားကို ပြောတတ်သောသူ။ ပြောင်ချော်ချော် ရွှတ်နောက်နောက် ပြောတတ်သောသူ
    derision
    နာမ်

    ငပျင်း

    [ŋprɪ́ɴ]
    ပျင်းရိသောသူ။ ဖျင်းအသီာသူ။ ပျင်းသောသူကို ခေါ်ဝေါ်သော စကားလုံး
    ပျင်းရိသောသူ။ ဖျင်းအသောသူ။ ပျင်းသောသူကို ခေါ်ဝေါ်သော စကားလုံး
    lounger
    နာမ်

    ငပျင်း၂

    [ŋprɪ́ɴ၂]
    ပြောင်လောင်းာင် နှိမ့်ချလိုရေ စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    ပြောင်လှောင် နှိမ့်ချလိုသော စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    nick name
    နာမ်

    ငပျင်းကျော်

    [ŋprɪ́ɴt͡ɕɔ̀]
    အိမ်၌ အကာအရံအဖြစ် ထည့်ရေ ထရံတမျိုး၏ အမည်
    အိမ်၌ အကာအရံအဖြစ် ထည့်သည့် ထရံတစ်မျိုး၏ အမည်
    name of bamboo wall
    နာမ်

    ငပျင်းထွေ

    [ŋprɪ́ɴtʰwè]
    အလွန် ပျင်းရိသောသူ။ ၂၊ (ပျင်းရိသောသူကို) နိမ့်ချလိုရေ စိတ်နန့် ခေါ်ဝေါ်သော စကားလုံး
    အလွန် ပျင်းရိသောသူ။ ၂၊ (ပျင်းရိသောသူကို) နိမ့်ချလိုသော စိတ်ဖြင့် ခေါ်ဝေါ်သော စကားလုံး
    lounger
    နာမ်

    ငပျင်းပြောင်

    [ŋprɪ́ɴpɹàʊɴ]
    ထရံတမျိုး၏ အမည်
    ထရံတစ်မျိုး၏ အမည်
    bamboo wall
    နာမ်

    ငပျင်းပွေ

    [ŋprɪ́ɴpwè]
    ဝါးလုံးကို ထုခွဲရား ဗြက် အကွက်ဖေါ်၍ ရက်လုပ်ရေ ထရံတမျိုး။ (ရက်ရ အလွန်ခက်၍ ပျင်းဖို့ ကောင်းလောက်ယောင်ပင် ရက်ရယင့်အတွက် ငပျင်းပွေဟု ခေါ်ရေဟူ၏။
    ဝါးလုံးကို ထုခွဲပြီး အပြားလိုက် အကွက်ဖေါ်၍ ရက်လုပ်သည့် ထရံတစ်မျိုး။ (ရက်ရ အလွန်ခက်၍ ပျင်းစရာ ကောင်းလောက်အောင်ပင် ရက်ရသည့်အတွက် ငပျင်းပွေဟု ခေါ်သည်ဟူ၏။
    bamboo wall
    နာမ်

    ငပျိုးသီး

    [ŋpróθï]
    နပျိုးသီး။ နပျိုးသီးကို ခေါ်ဝေါ်သော စကားလုံး
    ငှက်ပျောသီး။ ငှက်ပျောသီးကို ခေါ်ဝေါ်သော စကားလုံး
    banana
    နာမ်

    ငပြာ

    [ŋpɹà]
    တက်တက်ပြောင်သူ။ ၂၊ လိမ္မာ အထာနပ်မှု မဟိသူ
    မွဲပြာကျသူ။ ၂၊ လိမ္မာ ပါးနပ်မှု မရှိသူ
    pauper
    နာမ်