Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 764 words

    င

    ငပြာ၂

    [ŋpɹà၂]
    ဝန် ဥစ္စာ ကုန်ခမ်း ဆင်းရဲခြင်းသို့ ရောက်ရေ
    ပစ္စည်း ဥစ္စာ ကုန်ခမ်း ဆင်းရဲခြင်းသို့ ရောက်သည်
    poor
    ကြိယာ

    ငပြာကျ

    [ŋpɹàt͡ɕ]
    ဘာတခုလည်းမဟိ လောက်ယောင် မွဲရေ။ ချွတ်ချွုံ ကျရေ
    ဘာမှမရှိ လောက်အောင် မွဲသည်။ ချွတ်ချွုံ ကျသည်
    poor
    ကြိယာ

    ငပြာကြီး

    [ŋpɹàt͡ɕï]
    တယောက်ယောက်ကို ဖိနှိပ်ချိုးနှိမ်၍ ခေါ်ဝေါ်သော စကားလုံး
    တစ်စုံတစ်ဦးကို ဖိနှိပ်ချိုးနှိမ်၍ ခေါ်ဝေါ်သော စကားလုံး
    none
    နာမ်

    ငပြီရှင်

    [ŋpɹìʃɪ̀ɴ]
    ဆီးဖက်ဝင်ရေ အပင်တမျိုး။ (ငပြီရှင်၊ သရက်ကမွန်၊ သရက်မြွန်လို့လေ့ ခေါ်ကတ်တေ။) ငစဉ်ရှင်။ တောကြီးရို့မာ ပေါက်တတ်ရေ ဆီးဖက်ဝင်ရေ နွယ်ပင် တမျိုး
    ဆေးဖက်ဝင်သော အပင်တစ်မျိုး။ (ငပြီရှင်၊ သရက်ကမွန်၊ သရက်မြွန်ဟုလည်း ခေါ်ကြသည်။) ငစဉ်ရှင်။ တောကြီးတို့တွင် ပေါက်တတ်သော ဆေးဖက်ဝင်သည့် နွယ်ပင် တစ်မျိုး
    none
    နာမ်

    ငမသီး

    [ŋmθï]
    န-ဒေါင့်ချရားသီး
    န-ဒေါင့်ချရားသီး
    none
    နာမ်

    ငမိုက်

    [ŋmaɪʔ]
    မိုက်မဲသော။ ဆင်ခြင် ဉာဏ် မဟိရေ။ အသိတရား မဟိရေ
    မိုက်မဲသော။ ဆင်ခြင် ဉာဏ် ကင်းမဲ့သော။ အသိတရား မရှိသော
    stupid
    နာမ်

    ငမိုက်သား

    [ŋmaɪʔθá]
    မိုက်မဲ ဆိုးညစ်သော သူ၏သား။၂၊ မိုက်မဲ ဆိုးညစ်သော သူ။ ၃၊ တစုံ တယောက်ကို ချိုးနှိမ်ပုတ်ခတ်၍ ခေါ်ဝေါ်သော စကားလုံး
    မိုက်မဲ ဆိုးညစ်သော သူ၏သား။၂၊ မိုက်မဲ ဆိုးညစ်သော သူ။ ၃၊ တစ်စုံ တစ်ယောက်ကို ချိုးနှိမ်ပုတ်ခတ်၍ ခေါ်ဝေါ်သော စကားလုံး
    be bad unruly delinquent
    နာမ်

    ငမောက်

    [ŋmɔ́ɛʔ]
    ထောင်လွှား မောက်မာ တတ်သူ။ မာနတက် ကြွားတတ်သူ
    ထောင်လွှား မောက်မာ တတ်သူ။ မာနတက် ကြွားတတ်သူ
    be arrogant
    နာမ်

    ငမ်း

    [ŋáɴ]
    ဣန္ဒြေ မရယောင် အလွန်အကျွံ စွဲလမ်းရေ။ မက်မောသည်
    ဣန္ဒြေ မရအောင် အလွန်အမင်း စွဲလမ်းသည်။ မက်မောသည်
    desire ardently
    ကြိယာ

    ငမ်းငမ်းတက်

    [ŋáɴŋáɴtɛʔ]
    ဣန္ဒြေ မရယောင် အလွန်အကျွံ မက်မောရေ။ ဣန္ဒြေ ထိန်းသိမ်း မရ လောက်ယောင် အာသာ ဆန္ဒ ပြင်းထန်သည်
    ဣန္ဒြေ မရအောင် အလွန်အမင်း မက်မောသည်။ ဣန္ဒြေ ထိန်းသိမ်း မရ လောက်အောင် အာသာ ဆန္ဒ ပြင်းထန်သည်
    with ardor
    ကြိယာ

    ငမ်းမ

    [ŋáɴm]
    အရှက်ကင်းပြီးကေ ဣန္ဒြေကင်း ဖောက်ပြန်သော မမာ့အား နှိမ်ချပနာ ခေါ်ဝေါ်သော အမည်
    အရှက်ကင်း၍ ဣန္ဒြေမဲ့ လော်လည်သော မိန်းမအား နှိမ်ချ၍ ခေါ်ဝေါ်သော အမည်
    none
    နာမ်

    ငမ်းမ၂

    [ŋáɴm၂]
    အရှက် ဣန္ဒြေကင်းရေ။ ဖောက်ပြန်ရေ။ ဖေါက်ပြန်ရေ
    အရှက် ဣန္ဒြေမဲ့သည်။ လော်လည်သည်။ ဖေါက်ပြန်သည်
    immodest
    ကြိယာ

    ငမျောက်

    [ŋmrɔ́ɛʔ]
    (မျိုးက်ပိုင် ) ဆော့တတ်သူ။ ၂၊ ခြူ နှောက်တတ်ရေ သူ
    (မျောက်သကဲ့သို့ ) ဆော့တတ်သူ။ ၂၊ ရှုပ်ပွေ နှောက်တတ်သော သူ
    have kleptomaniacal tendency
    နာမ်

    ငမျောက်၂

    [ŋmrɔ́ɛʔ၂]
    တဦး တယောက်ကို နှိမ့်ချပုတ်ခတ်၍ ခေါ်ဝေါ်သော စကားလုံး
    တစ်ဦး တစ်ယောက်ကို နှိမ့်ချပုတ်ခတ်၍ ခေါ်ဝေါ်သော စကားလုံး
    none
    နာမ်

    ငမျှောင်

    [ŋmr̯àʊɴ]
    လူများထံမာ မျှောင်၍ မှီခိုနီထိုင်သူ
    သူတစ်ပါးထံတွင် မျှောင်၍ မှီခိုနေထိုင်သူ
    depend
    နာမ်

    ငမျှောင်စား

    [ŋmr̯àʊɴsá]
    ကပ်ရပ် စားသောက် နီထိုင်ရေ။ မှီခို ညာစားရေ။ ကပ်မြှောင်၍ စားသောက် နီထိုင်သည်
    ကပ်ရပ် စားသောက် နေထိုင်သည်။ မှီခို ညာစားသည်။ ကပ်မြှောင်၍ စားသောက် နေထိုင်သည်
    depend
    ကြိယာ

    ငံမြက်

    [ŋံmɹɛʔ]
    မငြိမ်မသက် ဟိရေ။ ဣန္ဒြေမရ ဖြစ်တေ။ ၂၊ မတည်မငြိမ် ဖြစ်တေ။ ၃၊ အရှက်ရရေ
    မငြိမ်မသက် ရှိသည်။ ဣန္ဒြေမရ ဖြစ်သည်။ ၂၊ မတည်မငြိမ် ဖြစ်သည်။ ၃၊ အရှက်ရသည်
    immodest
    ကြိယာ

    ငံမြီငံမြက်

    [ŋံmɹìŋံmɹɛʔ]
    မငြိမ်မသက် ဟိရေ။ ဣန္ဒြေမရ ဖြစ်တေ။၂၊ မတည်မငြိမ် ဖြစ်တေ။ ၃၊ အရှက်ရရေ
    မငြိမ်မသက် ရှိသည်။ ဣန္ဒြေမရ ဖြစ်သည်။၂၊ မတည်မငြိမ် ဖြစ်သည်။ ၃၊ အရှက်ရသည်
    immodest
    ကြိယာ

    ငမွဲ

    [ŋmwɛ]
    ဥစ္စာ စည်းစိမ် ကင်းကွာ ဆင်းရဲသော။ ဝန်ဥစ္စာ နည်းလျော့ ခေါင်းပါးသော
    ဥစ္စာ စည်းစိမ် ကင်းကွာ ဆင်းရဲသော။ ပစ္စည်းဥစ္စာ နည်းလျော့ ခေါင်းပါးသော
    down and out
    နာမဝိသေသန

    ငမွဲ၂

    [ŋmwɛ၂]
    ဆင်းရဲ မွဲတေသူ။ စည်းစိမ်ဥစ္စာ နည်းလျော့ ခေါင်းပါးသူ
    ဆင်းရဲ မွဲတေသူ။ စည်းစိမ်ဥစ္စာ နည်းလျော့ ခေါင်းပါးသူ
    poor
    နာမ်