Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 161–180 of 764 words

    င

    ငမွဲငပြာ

    [ŋmwɛŋpɹà]
    ဘာတခုလည်းမဟိ လောက်ယောင် မွဲရေ။ ချွတ်ခြုံ ကျရေ
    ဘာမှမရှိ လောက်အောင် မွဲသည်။ ချွတ်ခြုံ ကျသည်
    poor
    ကြိယာ

    ငယက်ကျား

    [ŋjɛʔt͡ɕá]
    အရောင် ပြာပြာ၊ ခြီထောက် ရှည်၍ နှုတ်သီး ဝါသော ငှက်တမျိုး
    အရောင် ပြာပြာ၊ ခြေထောက် ရှည်၍ နှုတ်သီး ဝါသော ငှက်တစ်မျိုး
    bird
    နာမ်

    ငယင်

    [ŋjɪ̀ɴ]
    နဂါးတောင် ပေါက်ကွဲ မှုကြောင့် ဖြစ်စီ။ တခုတရီ မငြိမ်မသက် လှုပ်ယှားမှုကြောင့် ဖြစ်စီ၊ ကမ္ဘာမြီထု အပေါ်လွှာ တုန်လှုပ်သွားခြင်း။ မြီကြီး ငလျင်လှုပ်ခြင်း
    မီးတောင် ပေါက်ကွဲ မှုကြောင့် ဖြစ်စေ။ တစ်စုံတစ်ခု မငြိမ်မသက် လှုပ်ရှားမှုကြောင့် ဖြစ်စေ၊ ကမ္ဘာမြေထု အပေါ်လွှာ တုန်လှုပ်သွားခြင်း။ မြေကြီး ငလျင်လှုပ်ခြင်း
    earthquake
    နာမ်

    ငယောင်းဖီလာ

    [ŋjáʊɴpʰílà]
    ဆန့်ကျင် ဖီဆန်ဗျာယ်။ မလိုက်နာ ငြင်းပယ်သောအနိန်နန့်။ ၂၊ အဆီးအတား အဟန့်အတား ပြုဗျာယ်။ တခုတရီ ပြုလုပ် ဆောင်ရွက်ရာမာ နှောင့်ယှက် ဝင်ရောက် စွက်ဖက်သောအနိန်နန့်
    ဆန့်ကျင် ဖီဆန်လျက်။ မနာခံ ငြင်းပယ်သော အားဖြင့်။ ၂၊ အဆီးအတား အဟန့်အတား ပြုလျက်။ တစ်စုံတစ်ခု ပြုလုပ် ဆောင်ရွက်ရာတွင် နှောင့်ယှက် ဝင်ရောက် စွက်ဖက်သော အားဖြင့်
    oppose
    ကြိယာဝိသေသန

    ငယ်

    [ŋɛ̀]
    အသက်နုသော။၂၊ ငယ်ရေ။ အရွယ်အားဖြင့် မကြီးရေ
    အသက်နုသော။၂၊ သေးငယ်သော။ အရွယ်အားဖြင့် မကြီးသော
    young
    နာမဝိသေသန

    ငယ်ကပါ

    [ŋɛ̀kpà]
    ယောက်ျား၊ မမာ့ရို့၏ လိင်တန်ဆာ
    ယောက်ျား၊ မိန်းမတို့၏ လိင်တန်ဆာ
    sexuality
    နာမ်

    ငယ်ကအချစ်

    [ŋɛ̀kʔɕɪʔ]
    အသက်ငယ်စဉ် အချေကပင် ချစ်ခင်စုံမက်၍ လာရေသူ
    အသက်ငယ်စဉ် ကလေးကပင် ချစ်ခင်စုံမက်၍ လာသောသူ
    lovers since childhood
    နာမ်

    ငယ်ကျိုးငယ်နာ

    [ŋɛ̀t͡ɕóŋɛ̀nà]
    နိမ့်ကျစီလိုပိုင် (နှိမ့်ချလိုရေတွက်နန့်) လွန်ခပြီးရေ ကာလက ဖြစ်ပျက်ခ သမျှသော အကြောင်း အရာ
    နိမ့်ကျစေလို၍ (နှိမ့်ချလို၍) လွန်ခဲ့ပြီးသော ကာလက ဖြစ်ပျက်ခဲ့ သမျှသော အကြောင်း အရာ
    spore point
    နာမ်

    ငယ်ကျိုးငယ်နာဖေါ်

    [ŋɛ̀t͡ɕóŋɛ̀nàpʰɔ̀]
    လွန်ခပြီးရေ ကာလက ဖြစ်ပျက်ခ သမျှသော အပြစ်ကို ဖေါ်ရေ။ လျှို့ဝှက်သော အပြစ်အနာကို ဖေါ်ရေ။ ၂၊ အရှက်ခွဲသည်
    လွန်ခဲ့ပြီးသော ကာလက ဖြစ်ပျက်ခဲ့ သမျှသော အပြစ်ကို ဖေါ်သည်။ လျှို့ဝှက်သော အပြစ်အနာကို ဖေါ်သည်။ ၂၊ အရှက်ခွဲသည်
    spore point
    ကြိယာ

    ငယ်ကျွန်

    [ŋɛ̀t͡ɕʊ̀ɴ]
    အသက် ငယ်ရွယ်စဉ် အချေပင် အမှုထမ်း ဆောင်လာရေ ကျွန်
    အသက် ငယ်ရွယ်စဉ် ကလေးပင် အမှုထမ်း ဆောင်လာသော ကျွန်
    old faithful servant
    နာမ်

    ငယ်ကျွမ်း

    [ŋɛ̀t͡ɕʊ̀ɴ]
    အသက် ငယ်ရွယ်စဉ် အချေပင် ချစ်ခင် စုံမက်၍ လာရေသူ။ ၂၊ အသက် ငယ်ရွယ်စဉ် အချေကပင် အလွန် ခင်မင်လာခသူ
    အသက် ငယ်ရွယ်စဉ် ကလေးပင် ချစ်ခင် စုံမက်၍ လာသောသူ။ ၂၊ အသက် ငယ်ရွယ်စဉ် ကလေးကပင် အလွန် ခင်မင်လာခဲ့သူ
    childhood friend
    နာမ်

    ငယ်ကျွမ်းဝင်

    [ŋɛ̀t͡ɕʊ̀ɴwɪ̀ɴ]
    အသက် ငယ်ရွယ်စဉ် အချေကပင် ခင်မင် ရင်းနှီးလာခသူ။ အကျွမ်းဝင်သူ
    အသက် ငယ်ရွယ်စဉ် ကလေးကပင် ခင်မင် ရင်းနှီးလာခဲ့သူ။ အကျွမ်းဝင်သူ
    childhood friend
    နာမ်

    ငယ်ကြောက်

    [ŋɛ̀t͡ɕɔ́ɛʔ]
    အသက် ငယ်ရွယ်စဉ် ကပင် ကြောက်လာ ခရသူ
    အသက် ငယ်ရွယ်စဉ် ကပင် ကြောက်လာ ခဲ့ရသူ
    one feared since childhood
    နာမ်

    ငယ်ချစ်

    [ŋɛ̀ɕɪʔ]
    အသက် ငယ်ရွယ်စဉ် အချေကပင် ချစ်ခင် စုံမက်လာခသူ
    အသက် ငယ်ရွယ်စဉ် ကလေးကပင် ချစ်ခင် စုံမက်လာခဲ့သူ
    lovers since childhood
    နာမ်

    ငယ်ချီး

    [ŋɛ̀ɕï]
    မွီးကင်းစ အချေ၏ ဦးစွာစွန့်သော ကျင်ကြီး
    မွေးကင်းစ ကလေး၏ ဦးစွာစွန့်သော ကျင်ကြီး
    faeces
    နာမ်

    ငယ်ချီးပါ

    [ŋɛ̀ɕïpà]
    သီဖို့ခါ ကာလ စွန့်သော ကျင်ကြီး
    သေခါနီး ကာလ စွန့်သော ကျင်ကြီး
    faeces
    နာမ်

    ငယ်ချီးပါ၂

    [ŋɛ̀ɕïpà၂]
    သီဖို့ခါ ကာလမာ ငယ်က ကျင်ကြီး ပိုင် စွန့်သည်
    သေခါနီး ကာလ၌ ငယ်က ကျင်ကြီး ကဲ့သို့ စွန့်သည်
    faeces
    ကြိယာ

    ငယ်စဉ်

    [ŋɛ̀sɪ̀ɴ]
    အချေ သူငယ်ဘဝ
    ကလေး သူငယ်ဘဝ
    childhood
    နာမ်

    ငယ်စဉ်ငယ်က

    [ŋɛ̀sɪ̀ɴŋɛ̀k]
    အချေ သူငယ်ဘဝ
    ကလေး သူငယ်ဘဝ
    childhood
    နာမ်

    ငယ်စိတ်

    [ŋɛ̀seɪʔ]
    အသက် ငယ်ရွယ်စဉ်က ထားရေ စိတ်နှလုံး
    အသက် ငယ်ရွယ်စဉ်က ထားသော စိတ်နှလုံး
    mind-thought
    နာမ်