Dictionary Entries
Showing 181–200 of 1,587 words
စ
စက်စက်ခေါ်
[sɛʔsɛʔkʰɔ̀]
Arakanese:
ရော်ရည် အောက်မိမှု၊ တမ်းတမှု၊ ဝမ်းနည်းမှု ၊ အံ့ဩမှု၊ သနားမှု၊ နာကြင်မှု၊ လိုချင်အား ကြီးမှု၊ အာသာ တပိုင်းသီမှု အစဟိစွာရို့ ဖြစ်ပေါ်သော အခါ ပစမှ စက်စက်ဟု မြည်သောအသံ
Burmese:
ရော်ရည် အောက်မေ့မှု၊ တမ်းတမှု၊ ဝမ်းနည်းမှု ၊ အံ့ဩမှု၊ သနားမှု၊ နာကျင်မှု၊ လိုချင်အား ကြီးမှု၊ အာသာ ဆန္ဒပြင်းပြမှု စသည်တို့ ဖြစ်ပေါ်သော အခါ ပါးစပ်မှ စက်စက်ဟု မြည်သောအသံ
English:
none
Grammar Note:
နာမ်
စက်စက်ခေါ်၂
[sɛʔsɛʔkʰɔ̀၂]
Arakanese:
ယင်းပိုင် ပစမှ အသံမြည်သည်
Burmese:
ယင်းသို့ ပါးစပ်မှ အသံမြည်သည်
English:
none
Grammar Note:
ကြိယာ
စက်စက်ထွက်
[sɛʔsɛʔtʰwɛʔ]
Arakanese:
အပေါက်တခုခုကရက်ပြတ် ယိုထွက် သယ်ဆင်းရေ
Burmese:
အပေါက် တစ်စုံ တစ်ရာမှ အဆက်မပြတ် ယိုထွက် သယ်ဆင်းသည်
English:
drip
Grammar Note:
ကြိယာ
စက်စက်ယို
[sɛʔsɛʔjÒ]
Arakanese:
တစက် တစက် ယိုစီး ကျရေ။ မထိန်းမသိမ်း နှိုင်ယောင် အာသာ ဆန္ဒ ပြင်းထန်သည်
Burmese:
တစ်စက် တစ်စက် ယိုစီး ကျသည်။ မထိန်းမသိမ်း နိုင်အောင် အာသာ ဆန္ဒ ပြင်းထန်သည်
English:
drip-strong mind
Grammar Note:
ကြိယာ
စက်စက်အီး
[sɛʔsɛʔʔï]
Arakanese:
အီးသင့်စွာထက် ပိုပြီးကေ အေးစွာ။ ၂၊ လုပ်ရိုး လုပ်စဉ်ထက်အီးတီအီးစက်ပျင်ဗျာယ်
Burmese:
အေးသင့်သည်ထက် ပို၍ အေးစွာ။ ၂၊ လုပ်ရိုး လုပ်စဉ်ထက် နှေးကွေး လေးလံစွာ
English:
heavy
Grammar Note:
ကြိယာဝိသေသန
စက်ဆုပ်
[sɛʔsʰoʊʔ]
Arakanese:
ရွံ့မုန်းရေ။ ရွံ့ယှာရေ
Burmese:
ရွံ့မုန်းသည်။ ရွံ့ရှာသည်
English:
detest
Grammar Note:
ကြိယာ
စက်ဆုပ်ပလီ
[sɛʔsʰoʊʔplí]
Arakanese:
အလွန် သလစရာ ကောင်းရေ။ ၂၊ မသတီစရာ ဖြစ်တေ။ ၃၊ ရွံ့ကြောက်ရေ
Burmese:
အလွန် စက်ဆုပ်ဖွယ် ကောင်းသည်။ ၂၊ မသတီစရာ ဖြစ်သည်။ ၃၊ ရွံ့ကြောက်သည်
English:
detest
Grammar Note:
ကြိယာ
စက်တော်ခေါ်
[sɛʔtɔ̀kʰɔ̀]
Arakanese:
မင်း၊ မိဖုရား စသူရို့ အိပ်သည်
Burmese:
မင်း၊ မိဖုရား စသူတို့ အိပ်သည်
English:
sleep
Grammar Note:
ကြိယာ
စက်တော်ဖြန့်
[sɛʔtɔ̀pʰɹàɴ့]
Arakanese:
မင်း၊ မိဖုရား၊ ဂုဏ်အစဟိစွာ ထူးကဲ သာလွန်သော သူရို့ ကြွရွက်ရေ
Burmese:
မင်း၊ မိဖုရား၊ ဂုဏ်စသည် ထူးကဲ သာလွန်သော သူတို့ ကြွချီသည်
English:
come
Grammar Note:
ကြိယာ
စက်တော်ရာ
[sɛʔtɔ̀ɹà]
Arakanese:
မြတ်စွာ ဘုရား၏ ခြေတော်ရာ
Burmese:
မြတ်စွာ ဘုရား၏ ခြေတော်ရာ
English:
none
Grammar Note:
နာမ်
စက်ဖြန့်ချီ
[sɛʔpʰɹàɴ့ɕí]
Arakanese:
လမ်းခရီးဖြင့် ထွက်ခွာ လားရေ
Burmese:
လမ်းခရီးဖြင့် ထွက်ခွာ သွားသည်
English:
leave
Grammar Note:
ကြိယာ
စက်ရှင်
[sɛʔʃɪ̀ɴ]
Arakanese:
လူသတ်မှု အစဟိရေ အပြစ် ကြီးလီးရေ ရာဇဝတ်မှု ရို့ကို စစ်ဆီးပနာ အပြစ် အနိန်နန့် သီဒဏ် (ကြိုးဒဏ်) ပီးနှိုင်သော ရာဇဝတ် တရားလူကြီး။ ၂၊ ဆန်စက် ပိုင်သျှင်
Burmese:
လူသတ်မှု စသော အပြစ် ကြီးလေးသည့် ရာဇဝတ်မှု တို့ကို စစ်ဆေး၍ အပြစ် အားလျော်စွာ သေဒဏ် (ကြိုးဒဏ်) ပေးနိုင်သော ရာဇဝတ် တရားသူကြီး။ ၂၊ ဆန်စက် ပိုင်ရှင်
English:
magistrate
Grammar Note:
နာမ်
စက်လက်
[sɛʔlɛʔ]
Arakanese:
(အရည်) ရက်ပြတ် ယိုစီး ကျဗျာယ်
Burmese:
(အရည်) အဆက်မပြတ် ယိုစီး ကျလျက်
English:
drip
Grammar Note:
ကြိယာဝိသေသန
စက်ဝန်း
[sɛʔwáɴ]
Arakanese:
ဝိုင်းစက်၍ စက်သီးပိုင် ပြုလုပ် ထားရေ အရာ
Burmese:
ဝိုင်းစက်၍ လှည်းဘီးကဲ့သို့ ပြုလုပ် ထားသော အရာ
English:
circle
Grammar Note:
နာမ်
စက်ဝန်းဒယော
[sɛʔwáɴdjɔ́]
Arakanese:
ဝိုင်းစက်သော အကွက် ကချေတိ ပါရေ ရခိုင် ဒယော တခု၏ အမည်
Burmese:
ဝိုင်းစက်သော အကွက် ကလေးများ ပါသော ရခိုင် လုံချည် တစ်ခု၏ အမည်
English:
name of rakhine longyi
Grammar Note:
နာမ်
စက်ဝိုင်း
[sɛʔwáɪɴ]
Arakanese:
လပြည့် သဏ္ဍာန် ဟိရေ
Burmese:
လပြည့် သဏ္ဍာန် ရှိသော
English:
circle
Grammar Note:
နာမဝိသေသန
စက်ဝိုင်း၂
[sɛʔwáɪɴ၂]
Arakanese:
ဝိုင်းစက်၍ စက်သီးပိုင် ပြုလုပ်ထားရေ အရာ
Burmese:
ဝိုင်းစက်၍ လှည်းဘီးကဲ့သို့ ပြုလုပ်ထားသော အရာ
English:
circle
Grammar Note:
နာမ်
စက်သာခြင်း
[sɛʔθàkʰɹɪ́ɴ]
Arakanese:
ဓါတ်စက်ဖြင့် တီးပြီးကေ ဓါတ်ပြားမှ ထွက်လှာသော တေးခြင်း
Burmese:
ဓါတ်စက်ဖြင့် တီး၍ ဓါတ်ပြားမှ ထွက်လာသော သီချင်း
English:
classical song
Grammar Note:
နာမ်
စက်သီး
[sɛʔθï]
Arakanese:
ဘီးနှစ်ခု တပ်ထားရေ ခြေနင်းယာဉ်။ စက်သီး။ ဘိုင်စကယ်
Burmese:
ဘီးနှစ်ခု တပ်ထားသော ခြေနင်းယာဉ်။ စက်ဘီး။ ဘိုင်စကယ်
English:
bicycle
Grammar Note:
နာမ်
စက်သီးတင်ပြောင်း
[sɛʔθïtɪ̀ɴpɹáʊɴ]
Arakanese:
ဘီးတပ်ပြီးကေ စက်ယန္တရားနန့် ရက်ပြတ် ပစ်ခတ် နှိုင်ရေ အမြောက်
Burmese:
ဘီးတပ်၍ စက်ယန္တရားဖြင့် အဆက်မပြတ် ပစ်ခတ် နိုင်သော အမြောက်
English:
big gun
Grammar Note:
နာမ်