Dictionary Entries
Showing 201–220 of 1,587 words
စ
စက်သွား
[sɛʔθWà]
Arakanese:
ခတ် ရိုက်ပုတ်ရန် လက်ကိုင်ရိုး အဖျား အဖုကြီးမာ သံစူးများ တပ်ဆင် ထားရေ လက်နက် တမျိုး။ သံဆောက် ပုတ်လက်နက် တမျိုး
Burmese:
ထုနှက် ရိုက်ပုတ်ရန် လက်ကိုင်ရိုး အဖျား အဖုကြီးတွင် သံဆူးများ တပ်ဆင် ထားသည့် လက်နက် တစ်မျိုး။ သံဆောက် ပုတ်လက်နက် တစ်မျိုး
English:
none
Grammar Note:
နာမ်
စက်သွားမှူး
[sɛʔθWàm̥ùး]
Arakanese:
စက်လက်နက် ယန္တရားဘက် ဆိုင်ရာ အကြီးအကဲ
Burmese:
စက်လက်နက် ယန္တရားဘက် ဆိုင်ရာ အကြီးအကဲ
English:
officer
Grammar Note:
နာမ်
စက်သွားရွာ
[sɛʔθWàɹwà]
Arakanese:
စက်လက်နက် ယန္တရားဘက် ဆိုင်ရာ အကြီးအကဲ နီထိုင်ခသော ရွာ။ (မြောက်ဦးမြို့မာ ဂုထိ ဟိနီသိမ့်ရေ။
Burmese:
စက်လက်နက် ယန္တရားဘက် ဆိုင်ရာ အကြီးအကဲ နေထိုင်ခဲ့သော ရွာ။ (မြောက်ဦးမြို့တွင် ယခုထိ ရှိနေသေးသည်။
English:
name of village
Grammar Note:
နာမ်
စံကျောင်း
[sံt͡ɕáʊɴ]
Arakanese:
ပျံလွန်တော် မူသော ဘုန်းကြီး အလောင်းကို ခဏ ထားရန် သီးသန့် ပြုလုပ် ထားရေ ကျောင်း
Burmese:
ပျံလွန်တော် မူသော ဘုန်းကြီး အလောင်းကို ခဏ ထားရန် သီးခြား ပြုလုပ် ထားသော ကျောင်း
English:
none
Grammar Note:
နာမ်
စံကျော်ပလွီ
[sံt͡ɕɔ̀plwí]
Arakanese:
အသံကို စူးရှအောင် မှုတ်ရရေ ပလွီ တမျိုး
Burmese:
အသံကို စူးရှအောင် မှုတ်ရသော ပလွေ တစ်မျိုး
English:
french horn
Grammar Note:
နာမ်
စကြာ
[st͡ɕà]
Arakanese:
အလို ဟိရာကို ဖြစ်စီနှိုင်ရေ အရာ။၂၊ စကြာမင်းရို့၏ စီးနင်း လားလာရေ ယာဉ် အထူး။ ၃၊ အဝန်း အဝိုင်း။ ၄၊ ယက်
Burmese:
အလို ရှိရာကို ဖြစ်စေနိုင်သော အရာ။၂၊ စကြာမင်းတို့၏ စီးနင်း သွားလာသော ယာဉ် အထူး။ ၃၊ အဝန်း အဝိုင်း။ ၄၊ ရဟတ်
English:
rotor
Grammar Note:
နာမ်
စကြာ၂
[st͡ɕà၂]
Arakanese:
(ဥပစါ) အထာနပ် တတ်ကျွမ်းစွာ လည်ပတ် တတ်သူ။ နပ်ယောင်ကား လူပါး
Burmese:
(ဥပစါ) ပါးနပ် ကျွမ်းကျင်စွာ လည်ပတ် တတ်သူ။ လူလည် လူပါး
English:
slicker
Grammar Note:
နာမ်
စကြာရိုက်
[st͡ɕàɹaɪʔ]
Arakanese:
ကြိမ်လုံးဖြင့် ရိုက်ခတ်ရေ။ ဆတ်ကျာသတ် ပီးရေ
Burmese:
ကြိမ်လုံးဖြင့် ရိုက်ခတ်သည်။ ကြိမ်ဒဏ် ပေးသည်
English:
beat
Grammar Note:
ကြိယာ
စကြာဝတီ
[st͡ɕàwtí]
Arakanese:
ဇမ္ဗူဒိပ် ကျွန်းလုံးကို အုပ်စိုးသော မင်း။ ဧကရာဇ် မင်း။ ၂၊ ကိုယ့် လားလို ရာသို့ စီးနင်း လားလာ နှိုင်ရေ စကြာ ယာဉ်ကို ရရေ မင်း
Burmese:
ဇမ္ဗူဒိပ် ကျွန်းလုံးကို အုပ်စိုးသော မင်း။ ဧကရာဇ် မင်း။ ၂၊ မိမိ သွားလို ရာသို့ စီးနင်း သွားလာ နိုင်သော စကြာ ယာဉ်ကို ရသော မင်း
English:
emperor
Grammar Note:
နာမ်
စကြာဝဠာ
[st͡ɕàwlà]
Arakanese:
မဟာ သမုဒ္ဒရာ လေးစင်းနန့် ကျွန်းကြီး ချေကျွန်း၏ အလယ် ဗဟိုဟိ သျှစ်သောင်း လေးထောင် အမြင့် ဆောင်သော မြင့်မိုရ် တောင်ကြီးကို ပတ်ကာ ရံထားရေ တောင်ဝိုင်း
Burmese:
မဟာ သမုဒ္ဒရာ လေးစင်းနှင့် ကျွန်းကြီး လေးကျွန်း၏ အလယ် ဗဟိုရှိ ရှစ်သောင်း လေးထောင် အမြင့် ဆောင်သော မြင့်မိုရ် တောင်ကြီးကို ပတ်ကာ ရံထားသော တောင်ဝိုင်း
English:
universe
Grammar Note:
နာမ်
စကြာသခင်
[st͡ɕàθkʰɪ̀ɴ]
Arakanese:
ထူးခြားသော ဂုဏ်ရို့နန့် ပြည့်စုံသော လက်နက်ရို့ကို အစိုးရရေ မင်း။ အလို ဟိရာကို ဖြစ်စီ နိုင်စွမ်း ဟိရေ လက်နက် အထူးကို စိုးပိုင်သော မင်း
Burmese:
ထူးခြားသော ဂုဏ်တို့နှင့် ပြည့်စုံသော လက်နက်တို့ကို အစိုးရသော မင်း။ အလို ရှိရာကို ဖြစ်စေ နိုင်စွမ်း ရှိသော လက်နက် အထူးကို စိုးပိုင်သော မင်း
English:
king
Grammar Note:
နာမ်
စကြော
[st͡ɕɔ́]
Arakanese:
တောင်ပံ နှစ်ဘက်ချပနာ အလျားလိုက် ဆောက်ထားရေ အိမ်
Burmese:
တောင်ပံ နှစ်ဘက်ချ၍ အလျားလိုက် ဆောက်ထားသော အိမ်
English:
house
Grammar Note:
နာမ်
စကြော၂
[st͡ɕɔ́၂]
Arakanese:
ဇာတ်သမာ့။ ကချေသည်
Burmese:
သဘင်သည်။ ကချေသည်
English:
artist-dancer
Grammar Note:
နာမ်
စကြောအစို့
[st͡ɕɔ́ʔso̰]
Arakanese:
အတီး၊ အမှုတ်၊ အကအစဟိရေ ဇာတ်သမာ့ အမှုထမ်း အသင်း အဖွဲ့
Burmese:
အတီး၊ အမှုတ်၊ အကစသော သဘင်သည် အမှုထမ်း အသင်း အဖွဲ့
English:
musical troupe - music ensemble
Grammar Note:
နာမ်
စံကွက်
[sံkwɛʔ]
Arakanese:
စံအဖြစ် သတ်မှတ် ထားရေ မြီခွန်၊ အိမ်ခွန်
Burmese:
စံအဖြစ် သတ်မှတ် ထားသော မြေခွန်၊ အိမ်ခွန်
English:
Ground-rent
Grammar Note:
နာမ်
စခန်း
[skʰáɴ]
Arakanese:
လမ်း ခရီးမာ ခရီးသည်ရို့ (ခရီး လားလာခိုက်) အပန်းဖြီလေ့ ဟိရေ နီရာ အရပ်
Burmese:
လမ်း ခရီးတွင် ခရီးသည်တို့ (ခရီး သွားလာခိုက်) အပန်းဖြေလေ့ ရှိသော နေရာ အရပ်
English:
camp
Grammar Note:
နာမ်
စခန်းကြီး
[skʰáɴt͡ɕï]
Arakanese:
ကိုယ့် ကိုယ်ကို အထင် ကြီးရေ။ စိတ်ကြီး ဝင်ဗျယ်ဒေးကေ ဟန်ပန်လုပ် နိန်ရေ။ ၂။ တစုံ တခု လားဖို့ အရီးမာ အချိန်ဆွဲ နိန်ရေ
Burmese:
မိမိ ကိုယ်ကို အထင် ကြီးသည်။ စိတ်ကြီး ဝင်လျက် ဟန်ပန်လုပ် နေသည်။ ၂။ တစ်စုံ တစ်ခု သွားမည့် အရေးတွင် အချိန်ဆွဲ နေသည်
English:
affected
Grammar Note:
ကြိယာ
စခန်းချ
[skʰáɴɕ]
Arakanese:
ခရီး လားလာခိုက် ခဏ ရပ်တန့် အပန်းဖြီသည်
Burmese:
ခရီး သွားလာခိုက် ခဏ ရပ်တန့် အပန်းဖြေသည်
English:
camp
Grammar Note:
ကြိယာ
စခန်းဆုံးလမ်းဆုံး
[skʰáɴsʰóʊɴláɴsʰóʊɴ]
Arakanese:
အလွန်ဆုံး။ ဇကုန်
Burmese:
အလွန်ဆုံး။ အစွမ်းကုန်
English:
utmost
Grammar Note:
ကြိယာဝိသေသန
စခန်းထ
[skʰáɴtʰ]
Arakanese:
တနားချေတဗွေချေ ရပ်နား နီရာမှ ဆက်ပနာပြီးကေ ခရီး ထွက်ခွာသည်
Burmese:
ခေတ္တ ရပ်နား နေရာမှ ဆက်လက်၍ ခရီး ထွက်ခွာသည်
English:
resurgent - active again
Grammar Note:
ကြိယာ