Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 1,587 words

    စ

    စခန်းထောက်

    [skʰáɴtʰɔ́ɛʔ]
    လားလာရာ ခရီး အလှမ်း ဝီးရေ။ လားရီး လာရီး အခက်အခဲ ဖြစ်တေ။ ၂။ လမ်း ခရီးမာ တနားချေတဗွေချေ အပန်းဖြီသည်
    သွားလာရာ ခရီး အလှမ်း ဝေးသည်။ သွားရေး လာရေး အခက်အခဲ ဖြစ်သည်။ ၂။ လမ်း ခရီးတွင် ခေတ္တ အပန်းဖြေသည်
    break journey
    ကြိယာ

    စခန်းထောင့်

    [skʰáɴtʰɔ́ɪ̰ɴ]
    လားရလာရ မဖြောင့်ဖြူး ဖြစ်တေ။ လားရာလာရာ အဆင်မသင့် ဖြစ်တေ
    သွားရလာရ မဖြောင့်ဖြူး ဖြစ်သည်။ သွားရာလာရာ အဆင်မသင့် ဖြစ်သည်
    (of a journey) find it hard going
    ကြိယာ

    စခန်းလောက်

    [skʰáɴlɔ́ɛʔ]
    ကိုယ့် လားလာရာ ခရီးသို့ (အချိန်မီ) ရောက်ပေါက် နှိုင်ရေ
    မိမိ သွားလာရာ ခရီးသို့ (အချိန်မီ) ရောက်ပေါက် နိုင်သည်
    reach in time
    ကြိယာ

    စခန်းသိမ်း

    [skʰáɴθéɪɴ]
    (ဥပစာ) အလုပ် ကိစ္စ ပြီးစီးခြင်းသို့ ရောက်ရေ
    (ဥပစာ) အလုပ် ကိစ္စ ပြီးစီးခြင်းသို့ ရောက်သည်
    come to an end
    ကြိယာ

    စခန်းသွား

    [skʰáɴθWà]
    ခရီး လားလာ လှည့်လည်ရေ။၂၊ ပေါင်းသင်း ဆက်ဆံ နီထိုင်သည်
    ခရီး သွားလာ လှည့်လည်သည်။၂၊ ပေါင်းသင်း ဆက်ဆံ နေထိုင်သည်
    travel around
    ကြိယာ

    စံချိန်

    [sံɕèɪɴ]
    ဘုန်းကြီးပျံ၌ အလောင်းကို ခဏ တင်ထားရန် သီးသန့် ဆောက်လုပ် ထားရေ ပြာသာဒ် အဆောင် တမျိုး
    ဘုန်းကြီးပျံ၌ အလောင်းကို ခဏ တင်ထားရန် သီးခြား ဆောက်လုပ် ထားသော ပြာသာဒ် အဆောင် တစ်မျိုး
    none
    နာမ်

    စံချိန်၂

    [sံɕèɪɴ၂]
    တစုံ တခုကို လုပ်ကိုင် ဆောင်ရွက်ရာမာ အမြင့်ဆုံးဖြစ်တေအဆင့်အတန်း
    တစ်စုံ တစ်ခုကို လုပ်ကိုင် ဆောင်ရွက်ရာ၌ အမြင့်ဆုံးသော အဆင့်အတန်း
    standard
    နာမ်

    စံချိန်ချိုး

    [sံɕèɪɴɕó]
    အယင်က အမြင့်ဆုံးဟု သတ်မှတ် ထားရေ အဆင့် အတန်းထက် ကျော်လွန်ရေ
    ယခင်က အမြင့်ဆုံးဟု သတ်မှတ် ထားသော အဆင့် အတန်းထက် သာလွန်သည်
    break the record
    ကြိယာ

    စံချိန်မီ

    [sံɕèɪɴmí]
    ပိုင်းခြား ကန့်သတ် ထားရေ ဂုဏ်ရည် စဒေပိုင် ရောက်ရေ
    ပိုင်းခြား ကန့်သတ် ထားသော ဂုဏ်ရည် စသည်သို့ ရောက်သည်
    standard
    ကြိယာ

    စခွန်းဆန်

    [skʰʊ́ɴsʰàɴ]
    ကောက်ညှင်း ဆန်ကို ပယ်ပနာ ရိုးရိုးဆန် ဟူသမျှကိုခြုံ၍ ခေါ်သော အမည်
    ကောက်ညှင်း ဆန်ကို ပယ်၍ ရိုးရိုးဆန် ဟူသမျှကိုခြုံ၍ ခေါ်သော အမည်
    name of grain
    နာမ်

    စင်

    [sɪ̀ɴ]
    ဝန်များ တင်ထားရန် နံရံမာ ပူးကပ် ပြုလုပ် ထားရေ အရာ။ ၂၊ မြေမှ အထက်ကို မြှင့်၍ တည်ဆောက် ပြုလုပ် ထားရေ နီရာ
    ပစ္စည်းများ တင်ထားရန် နံရံတွင် ပူးကပ် ပြုလုပ် ထားသော အရာ။ ၂၊ မြေမှ အပေါ်သို့ မြှင့်၍ တည်ဆောက် ပြုလုပ် ထားသော နေရာ
    rack
    နာမ်

    စင်း

    [sɪ́ɴ]
    ကောက်ကွိခြင်း မဟိ ပြောင့် နိန်ရေ။ ၂၊ လူးလွန့်ခြင်း မဟိ ငြိမ်သက်စွာ တည်နိန်ရေ
    ကောက်ကွေ့ခြင်း မရှိ ဖြောင့်တန်း နေသော။ ၂၊ လူးလွန့်ခြင်း မရှိ ငြိမ်သက်စွာ တည်နေသော
    straight
    နာမဝိသေသန

    စင်၂

    [sɪ̀ɴ၂]
    သီဆုံးရေ။ ၂၊ မလိုအပ်ရေ အဖြစ်သနစ် ရို့မှ ကင်းလွတ်ရေ။ သန့်ပြန့်ရေ။ ၃၊ တခုတရီချေပင် မဟိရေ အဖြစ်သို့ ရောက်ရေ။ တက်တက်ပြောင်သည်
    သေဆုံးသည်။ ၂၊ မလိုအပ်သော အဖြစ်သနစ် တို့မှ ကင်းလွတ်သည်။ သန့်ပြန့်သည်။ ၃၊ ဘာတစ်ခုမျှ မရှိသည့် အဖြစ်သို့ ရောက်သည်။ ကုန်စင်သည်
    die-escape-clear
    ကြိယာ

    စင်း၂

    [sɪ́ɴ၂]
    အလျားလိုက် လျောင်းရေ။ ၂၊ ကိုယ်ကို ဆန်တန်း ပီးရေ
    အလျားလိုက် လျောင်းသည်။ ၂၊ ကိုယ်ကို ဆန်တန်း ပေးသည်
    stretch
    ကြိယာ

    စင်း၃

    [sɪ́ɴ၃]
    ဓါး၊ အပ်၊ မြား အစဟိရေ အရာရို့ကို ရွီတွက်ရာမာ သုံးသော စကားလုံး
    ဓါး၊ အပ်၊ မြား စသော အရာတို့ကို ရေတွက်ရာတွင် သုံးသော စကားလုံး
    count
    နာမ်

    စင်းကရင်း

    [sɪ́ɴkɹɪ́ɴ]
    ရှည်လျားသော အရာ
    ရှည်လျားသော အရာ
    long
    နာမ်

    စင်းကရင်း၂

    [sɪ́ɴkɹɪ́ɴ၂]
    အလျား ရှည်မျိုးသော
    အလျား ရှည်မျောသော
    oblong
    နာမဝိသေသန

    စင်ကြယ်

    [sɪ̀ɴt͡ɕɛ̀]
    သန့်ပြန့်ရေ။ ကြီးညှော်၊ အညှေ့ စကပင် ကင်းရေ။ မသန့်စင်ရေ အဖြစ်မှ ကင်းသည်
    သန့်ပြန့်သည်။ ကြေးညှော်၊ အညှိ စသည်မှ ကင်းသည်။ မသန့်စင်သည့် အဖြစ်မှ ကင်းသည်
    clean
    ကြိယာ

    စင်းခပန်း

    [sɪ́ɴkʰpáɴ]
    အရွက်ကြီးပြီး အသီးချေငယ် အထုပ်လိုက် ပျစ်ဗျာယ် သီးသော အပင်ကြီး တမျိုး
    အရွက်ကြီးပြီး အသီးငယ်ငယ် အထုပ်လိုက် ပြွတ်သိပ်လျက် သီးသော သစ်ပင်ကြီး တစ်မျိုး
    a kind of tree
    နာမ်

    စင်းခါ

    [sɪ́ɴkʰà]
    လူရို့ လားလာရာ ခရီး လမ်းကြောင်း။ ပြောင့် နိန်ရေ လမ်းမကြီး။ (မြောက်ဦးမြို့နယ်မာ ဇင်းခါကြီး ၊ ဇင်းခါသျှေ ဆိုပနာ ဂုထိ ဟိသိရေ။
    လူတို့ သွားလာရာ ခရီး လမ်းကြောင်း။ ဖြောင့်တန်း နေသော လမ်းမကြီး။ (မြောက်ဦးမြို့နယ်တွင် ဇင်းခါကြီး ၊ ဇင်းခါသျှေ ဟူ၍ ယခုထိ ရှိသေးသည်။
    straight road
    နာမ်