Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 1,587 words

    စ

    စင်ခါတလင်းခါ

    [sɪ̀ɴkʰàtlɪ́ɴkʰà]
    အားလုံး။ ကျန်လိုက်စွာတိ မဟိရေ၏ အဖြစ်
    အကုန်အစင်။ ကြွင်းကျန်ခြင်း မရှိသည်၏ အဖြစ်
    clean
    နာမ်

    စင်းချော

    [sɪ́ɴɕɔ́]
    ဒေါသအပြစ်မှ လုံးဝ ကင်းရှင်းရေ။ ၂၊ အရောရောမပါ သတ်သတ် ဖြစ်ရေ
    ဒေါသအပြစ်မှ လုံးဝ ကင်းရှင်းသော။ ၂၊ အရောအနှော မပါ သက်သက် ဖြစ်သော
    innocent
    နာမဝိသေသန

    စင်းချော၂

    [sɪ́ɴɕɔ́၂]
    (အကြောင်း အကျားမပါ) အဆန်း တကြယ် မဟိခြင်း။ ရိုးရိုး ဟိခြင်း။ ၂၊ အပြစ် ဒေါသ အမှုအာ့လုံးး အစဟိစွာ မဟိရေ၏ အဖြစ်
    (အကြောင်း အကျားမပါ) အဆန်း တကြယ် မရှိခြင်း။ ရိုးရိုး ရှိခြင်း။ ၂၊ အပြစ် ဒေါသ အမှုခပ်သိမ်း စသည် မရှိသည်၏ အဖြစ်
    innocent
    နာမ်

    စင်းစင်း

    [sɪ́ɴsɪ́ɴ]
    လုံးလုံး။ ကာလ တောက်လျှောက်။ လုံးလုံး
    ပတ်လုံး။ ကာလ တောက်လျှောက်။ လုံးလုံး
    along the period
    ကြိယာဝိသေသန

    စင်းစင်း၂

    [sɪ́ɴsɪ́ɴ၂]
    မုချ။ အမှန်။ အဂယင့်။ ဧကန်။၂၊ လက်၊ ခြေရို့ကို ဆန်တန်း ထားရေ
    မုချ။ အမှန်။ တကယ်။ ဧကန်။၂၊ လက်၊ ခြေတို့ကို ဆန်တန်း ထားသည်
    surely-definitely-inevitably
    ကြိယာ

    စင်စင်ကြယ်ကြယ်

    [sɪ̀ɴsɪ̀ɴt͡ɕɛ̀t͡ɕɛ̀]
    သန့်ပြန့်ရေ။ ကြီးညှော်၊ အညှေ့ စကပင် ကင်းရေ။ မသန့်စင်ရေ အဖြစ်မှ ကင်းသည်
    သန့်ပြန့်သည်။ ကြေးညှော်၊ အညှိ စသည်မှ ကင်းသည်။ မသန့်စင်သည့် အဖြစ်မှ ကင်းသည်
    clean
    ကြိယာ

    စင်စင်ခါ

    [sɪ̀ɴsɪ̀ɴkʰà]
    ကျန်လိုက်စွာတိ မဟိရေ အဖြစ်။ ၂။ အဆုံးထိ ရောက်သော အဖြစ်။ ကုန်ဆုံးခြင်း
    ကြွင်းကျန်ခြင်း မရှိသော အဖြစ်။ ၂။ ဆုံးခန်းတိုင် ရောက်သော အဖြစ်။ ကုန်ဆုံးခြင်း
    no remainder
    နာမ်

    စင်တလင်းခါ

    [sɪ̀ɴtlɪ́ɴkʰà]
    အကပ်အသပ် မဟိအောင် တက်တက်ပြောင်ရေ။ လုံးဝ တက်တက်ပြောင်သည်
    အကြွင်းအကျန် မရှိအောင် ကုန်စင်သည်။ လုံးဝ ကုန်စင်သည်
    no remainder
    ကြိယာ

    စင်းတိုင်း

    [sɪ́ɴtáɪɴ]
    အရွီအတွက် များပြားစွာ။ ၂၊ လောင်းတိုင်း လောင်းတိုင်း
    အရေအတွက် များပြားစွာ။ ၂၊ လှေတိုင်း လှေတိုင်း
    many
    ကြိယာဝိသေသန

    စင်းနီရေ

    [sɪ́ɴníɹè]
    သီရေ့်ပိုင် ကိုယ်ကို မလှုပ်မယှားနိန်ရေ။ ၂၊ ဝန် ဥစ္စာ ဆုံးယှုံးမှုဖြစ်တေ။ ၃၊ ဆင်းရဲ ကြီးစွာနန့် ဟိဆိုင် တွိရရေ
    သေသည့််အလား ကိုယ်ကို မလှုပ်မရှား နေသည်။ ၂၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှု ဖြစ်သည်။ ၃၊ ဆင်းရဲ ကြီးစွာနှင့် ရင်ဆိုင် တွေ့ရသည်
    face with trouble
    ကြိယာ

    စင်းပြတ်

    [sɪ́ɴpɹaʔ]
    (လောင်း) တစင်း လုံးလုံး။ တစင်း လုံးမာ
    (လှေ) တစ်စင်း လုံးလုံး။ တစ်စင်း လုံးတွင်
    whole
    ကြိယာဝိသေသန

    စင်ပြိုင်

    [sɪ̀ɴpɹàɪɴ]
    တသင်းနန့် တသင်း၊ တတိုင်သားနန့် တတိုင်သား တချိန်တည်းမာ အပြိုင်အဆိုင် ထူထောင်သည်
    တစ်သင်းနှင့် တစ်သင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ တစ်ချိန်တည်းတွင် အပြိုင်အဆိုင် ထူထောင်သည်
    competitive
    ကြိယာ

    စင်းပြီး

    [sɪ́ɴpɹï]
    ကျိန်းသီပေါက် ဖြစ်တေ
    သေချာပေါက် ဖြစ်သည်
    necessarily
    ကြိယာ

    စင်းပြီး၂

    [sɪ́ɴpɹï၂]
    အကွက် အပြောက် မပါရေ (ရိုးရိုး) ဒယောအမည် တမျိုး
    အကွက် အပြောက် မပါသော (ရိုးရိုး) လုံချည်အမည် တစ်မျိုး
    name of longyi
    နာမ်

    စင်ရွေး

    [sɪ̀ɴɹwé]
    အသီးတောက်မှကျကျိုင်းပြောင်ချောသော အစိငယ်များ ထွက်ရေ ခြုံနွယ်ပင် တမျိုး။ ၂၊ ယင်းအပင်မှ ရရေ အစိ (အဖြူ၊ အရဲ၊ အပြာ၊ အပြောက် အစဟိစွာ ဟိရေ။
    အသီးတောင့်မှ မာကျော ပြောင်ချောသော အစေ့ငယ်များ ထွက်သည့် ချုံနွယ်ပင် တစ်မျိုး။ ၂၊ ယင်းအပင်မှ ရသော အစေ့ (အဖြူ၊ အနီ၊ အပြာ၊ အပြောက် စသည် ရှိသည်။
    a kind of plant
    နာမ်

    စင်းလယင်း

    [sɪ́ɴljɪ́ɴ]
    အမြဲတစေ။ ရက်ပြတ်
    အမြဲတစေ။ အမြဲမပြတ်
    always
    ကြိယာဝိသေသန

    စင်းလယော

    [sɪ́ɴljɔ́]
    မျက်နှာပြင် တဖက် စောင်းစောင်း ဟိရေ အရာ။ မြင့်ရာမှ ခယယောချေ နိမ့်ဆင်း လားရေ မျက်နှာပြင်
    မျက်နှာပြင် တစ်ဖက် စောင်းစောင်း ရှိသော အရာ။ မြင့်ရာမှ ခပ်ပြေပြေ နိမ့်ဆင်း သွားသော မျက်နှာပြင်
    slope surface
    နာမ်

    စင်းလုံးချော

    [sɪ́ɴlóʊɴɕɔ́]
    အပြစ် အားလုံး ကင်းသည်၏ အဖြစ်။ ၂၊ စင်ကြယ် သန့်ယှင်းရေ၏ အဖြစ်
    အပြစ် အလုံးစုံ ကင်းသည်၏ အဖြစ်။ ၂၊ စင်ကြယ် သန့်ရှင်းသည်၏ အဖြစ်
    innocent
    နာမ်

    စင်လွှာ

    [sɪ̀ɴlW̯à]
    သင်္ဘော ရီယာဉ်နောက်က ပင်ဖြစ်ဖြစ်၊ ငါးရှာသော ပိုက်လောင်းနောက်က ပင်ဖြစ်ဖြစ်၊ မြစ်၊ ပင်လယ်၊ ချောင်းရို့မာ ပင်ဖြစ်ဖြစ် လားလာ ကျက်စားသော ရေငှက်။ စင်ရော်။ (အကြီး၊ အချေ၊ အလတ် အစဟိစွာ ဟိရေ။
    သင်္ဘော ရေယာဉ်နောက်မှ လည်းကောင်း၊ ငါးရှာသော ပိုက်လှေနောက်မှ လည်းကောင်း၊ မြစ်၊ ပင်လယ်၊ ချောင်းတို့တွင် လည်းကောင်း သွားလာ ကျက်စားသော ရေငှက်။ စင်ရော်။ (အကြီး၊ အငယ်၊ အလတ် စသည် ရှိသည်။
    gull
    နာမ်

    စင်းသီး

    [sɪ́ɴθï]
    သီးသန့်။ တသီး တခြား။ အရော အနှော မဟိပါရာ။ သတ်သတ်
    သီးသန့်။ တစ်သီး တစ်ခြား။ အရော အနှော မရှိပါပဲ။ သက်သက်
    special
    ကြိယာဝိသေသန