Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 1,587 words

    စ

    စံစံပြ

    [sံsံpɹ]
    တင့်ရေ လျောက်ပတ်သော။ သင့်မြတ် လျော်သော။ ၂၊ အသရေ ဟိသော။ ကြည့်လို့ ကောင်းရေ
    တင့်တယ် လျောက်ပတ်သော။ သင့်မြတ် လျော်သော။ ၂၊ အသရေ ယှိသော။ ကြည့်၍ ကောင်းသော
    good look
    နာမဝိသေသန

    စံစား

    [sံsá]
    စည်းစိမ် ချမ်းသာကို ခံစားရေ။ ၂၊ ထည်ဝါ ခမ်းနားစွာ နီထိုင်သည်
    စည်းစိမ် ချမ်းသာကို ခံစားသည်။ ၂၊ ထည်ဝါ ခမ်းနားစွာ နေထိုင်သည်
    grandly-magnificently
    ကြိယာ

    စစ္ဆီ

    [ssɪ́hsaí]
    သတ္တဝါ သီပြီးကေ ဖြစ်တေဆိုရေ မကောင်း ဆိုးဝါး။ ဆစ္ဆီ၊ သဆီ
    သတ္တဝါ သေ၍ ဖြစ်သည် ဆိုသော မကောင်း ဆိုးဝါး။ တစ္ဆေ
    ghost
    နာမ်

    စစ္ဆီကိုင်

    [ssɪ́hsaíkàɪɴ]
    မကောင်း ဆိုးဝါး၊ အစိမ်း ဆစ္ဆီ၊ ဆစ္ဆီ၊ သဆီ၊ မြေဖုတ် အစဟိစွာရို့စွာ လူ၏ ခန္ဓာကိုယ်၌ ပူးကပ်ရေ။ ပယောဂ ပူးဝင်ရေ
    မကောင်း ဆိုးဝါး၊ အစိမ်း သရဲ၊ တစ္ဆေ၊ မြေဖုတ် စသည်တို့သည် လူ၏ ခန္ဓာကိုယ်၌ ပူးကပ်သည်။ ပယောဂ ပူးဝင်သည်
    ghost
    ကြိယာ

    စစ်

    [sɪʔ]
    တတိုင်းပြည်နန့် တတိုင်းပြည် လက်နက် အားကိုးဖြင့် စစ်မက်ရီး အရ ရန်ပြု ထိပါးခြင်း
    တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် လက်နက် အားကိုးဖြင့် စစ်မက်ရေး အရ ရန်ပြု ထိပါးခြင်း
    war
    နာမ်

    စစ်၏အစိတ်အပိုင်းခုနစ်ပါး

    [sɪʔʔèʔseɪʔʔpáɪɴkʰoʊnɪʔpàး]
    ၁၊ စစ်ခေါင်း - ပညာဟိ စစ်သူကြီး။ ၂၊ စစ်နား - သူလျှိုကောင်း။ ၃၊ စစ်မျက်စိ - ဟူးရားဗေဒင် မြော်မြင် တတ်ကျွမ်းသော သမားဖြူ၊ သမားညို။ ၄၊ စစ်ခါး - ရဲစွမ်းသော သူရဲကောင်းများ။ ၅၊ စစ်ခံမား - စကားအရာ အင်္ဂါ သျှစ်တန်နန့် အရာရာ နှံ့စပ် ကျီပွန်သူ။ ၆၊ စစ်လက် -များစွာသ
    ၁၊ စစ်ခေါင်း - ပညာရှိ စစ်သူကြီး။ ၂၊ စစ်နား - သူလျှိုကောင်း။ ၃၊ စစ်မျက်စိ - ဟူးရားဗေဒင် မြော်မြင် တတ်ကျွမ်းသော သမားဖြူ၊ သမားညို။ ၄၊ စစ်ခါး - ရဲစွမ်းသော သူရဲကောင်းများ။ ၅၊ စစ်ခံတွင်း - စကားအရာ အင်္ဂါ ရှစ်တန်နှင့် အရာရာ နှံ့စပ် ကျေပွန်သူ။ ၆၊ စစ်လက် -များစွာသ
    seven parts of war
    နာမ်

    စစ်၂

    [sɪʔ၂]
    အမျိုး၊ ဇာတိ
    အမျိုး၊ ဇာတိ
    native
    နာမ်

    စစ်၃

    [sɪʔ၃]
    စစ်ဆီးရေ။ မီးမြန်းရေ။ ၂၊ အရောရောမဟုတ်။ အတုအယောင် မဟုတ်။ ပကတိ အတိုင်း ဖြစ်တေ။ ၃၊ အခြားစီ ဖြစ်ယောင် ခွဲခြားရေ။ (အနယ်၊ အမှုန်၊ အရည် အစဟိစွာ ခွဲခြားရေ။
    စစ်ဆေးသည်။ မေးမြန်းသည်။ ၂၊ အရောအနှော မဟုတ်။ အတုအယောင် မဟုတ်။ ပကတိ အတိုင်း ဖြစ်သည်။ ၃၊ တခြားစီ ဖြစ်အောင် ခွဲခြားသည်။ (အနယ်၊ အမှုန်၊ အရည် စသည် ခွဲခြားသည်။
    check-separate-real
    ကြိယာ

    စစ်ကစပ်

    [sɪʔksaʔ]
    စစ်တိုက် လိ့ကျင့်ရေ။ ၂၊ အကွန်ဆောင် လှည့်ဖြား၍ အမျိုးမျိုး တိုက်ခိုက်သည်
    စစ်တိုက် လေ့ကျင့်သည်။ ၂၊ ဟန်ဆောင် လှည့်စား၍ အမျိုးမျိုး တိုက်ခိုက်သည်
    carry out military manoeuvres
    ကြိယာ

    စစ်ကပ်

    [sɪʔkaʔ]
    တိုင်းပြည် အချင်းချင်း လက်နက် အားကိုးနန့် တိုက်ခိုက်သည်
    တိုင်းပြည် အချင်းချင်း လက်နက် အားကိုးဖြင့် တိုက်ခိုက်သည်
    fight a battle
    ကြိယာ

    စစ်ကူ

    [sɪʔkù]
    စစ်တိုက်ရာမာ ကူညီ တိုက်ခိုက်ရန် လစ်ဟင်းခြင်း မဟိအောင် သွင်းထည့် ပီးရေ အင်အား
    စစ်တိုက်ရာတွင် ကူညီ တိုက်ခိုက်ရန် လစ်ဟင်းခြင်း မရှိအောင် သွင်းထည့် ပေးသော အင်အား
    reinforcement
    နာမ်

    စစ်ကဲ

    [sɪʔkɛ]
    ရှီးခေတ် စစ်ကို ကွပ်ကဲ ပီးရရေ စစ်ဗိုလ် အရာဟိ ဘွဲ့ အမည် တမျိုး
    ရှေးခေတ် စစ်ကို ကွပ်ကဲ ပေးရသော စစ်ဗိုလ် အရာရှိ ဘွဲ့ အမည် တစ်မျိုး
    inspector
    နာမ်

    စစ်ကြော

    [sɪʔt͡ɕɔ́]
    ကောင်းမကောင်း၊ မှန်မမှန်၊ ဟုတ်မဟုတ် အစဟိစွာရို့ကို စနည်းနာ မီးမြန်းသည်
    ကောင်းမကောင်း၊ မှန်မမှန်၊ ဟုတ်မဟုတ် စသည်တို့ကို စုံစမ်း မေးမြန်းသည်
    checkup
    ကြိယာ

    စစ်ကြောင်း

    [sɪʔt͡ɕáʊɴ]
    စစ်ချီရာလမ်းကြောင်း
    စစ်ချီရာလမ်းကြောင်း
    column
    နာမ်

    စစ်ကွဲ

    [sɪʔkwɛ]
    စစ်သား အသီ အပျောက် တိစွာ
    စစ်သား အသေ အပျောက် များသည်
    none
    ကြိယာ

    စစ်ခံ

    [sɪʔkʰံ]
    ရန်သူ လာရောက် ထိပါး လာစွာကို ပြန်လှန် ခုခံ တွန်းလှန်ခြင်း
    ရန်သူ လာရောက် ထိပါး လာသည်ကို ပြန်လှန် ခုခံ တွန်းလှန်ခြင်း
    defensive action(in war or game etc)
    နာမ်

    စစ်ခင်း

    [sɪʔkʰɪ́ɴ]
    စစ်ကို စီစိုင် ဖန်တီး ပြုလုပ်ပနာ တိုက်ခိုက်သည်
    စစ်ကို စီစဉ် ဖန်တီး ပြုလုပ်၍ တိုက်ခိုက်သည်
    deploy troops in battle order-fight a battle
    ကြိယာ

    စစ်ချက်

    [sɪʔɕɛʔ]
    မားရေ မှန်သည် အစဟိစွာရို့ကို မီးမြန်းသော အကြောင်း အရာ။ အချက် အလက်
    မှားသည် မှန်သည် စသည်တို့ကို မေးမြန်းသော အကြောင်း အရာ။ အချက် အလက်
    statement obtained by interrogation-fact
    နာမ်

    စစ်ချီ

    [sɪʔɕí]
    စစ်တိုက်ဖို့ သူရဲ ဗိုလ်ပါ အစုအဝီးနန့် ချီတက်ရေ
    စစ်တိုက်ရန် သူရဲ ဗိုလ်ပါ အစုအဝေးနှင့် ချီတက်သည်
    march to battle
    ကြိယာ

    စစ်ချီ၂

    [sɪʔɕí၂]
    စစ်တိုက်ဖို့ ဗိုလ်ပါ အစုအဝီးနန့် ချီတက်ခြင်း
    စစ်တိုက်ရန် ဗိုလ်ပါ အစုအဝေးနှင့် ချီတက်ခြင်း
    march to battle
    နာမ်