Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 1,587 words

    စ

    စစ်ခွာ

    [sɪʔkʰwà]
    တိုက်ခိုက် ဆန့်ကျင်မှု ဟိရာမှ စစ်တပ်ကို နောက်ဆုတ်ပနာ ပြန်ထွက် လာရေ။ စစ်ဆုတ်သည်
    တိုက်ခိုက် ဆန့်ကျင်မှု ရှိရာမှ စစ်တပ်ကို နောက်ဆုတ်၍ ပြန်ထွက် လာသည်။ စစ်ဆုတ်သည်
    break contact with the enemy-retreat
    ကြိယာ

    စစ်ငင်

    [sɪʔŋɪ̀ɴ]
    တံပက်လူ ရန်သူကို ကိုယ့်အလို ဟိရာသို့ ပါလာယောင် ခေါ်ငြင်ရေ။ ၂။ ကိုယ့်အလို ပြည့်ဝစီရန် အချိန် ကာလကို ကြန့်ကြာ စီရေ
    တစ်ဘက်သား ရန်သူကို မိမိအလို ရှိရာသို့ ပါလာအောင် ခေါ်ငင်သည်။ ၂။ မိမိအလို ပြည့်ဝစေရန် အချိန် ကာလကို ကြန့်ကြာ စေသည်
    decoy-make the enemy come out to a desired position
    ကြိယာ

    စစ်ငွိ.စစ်သက်

    [sɪʔŋwì.sɪʔθɛʔ]
    စစ်မက် ဖြစ်ပွားဖို့ အရိပ် အရောင်
    စစ်မက် ဖြစ်ပွားမည့် အရိပ် အရောင်
    none
    နာမ်

    စစ်စစ်

    [sɪʔsɪʔ]
    အတုန့်အယောင်မဟုတ်ရေ။ အရောရောမပါဝင်ရေ။ မူလ သဘာဝ ပင်ကိုယ်အတိုင်း ဖြစ်ရေ
    အတုအယာင် မဟုတ်သော။ အရောအနှော မပါဝင်သော။ မူလ သဘာဝ ပင်ကိုယ်အတိုင်း ဖြစ်သော
    real-genuine-ure-unadulterated
    နာမဝိသေသန

    စစ်စစ်ခေါ်

    [sɪʔsɪʔkʰɔ̀]
    တပါးသူ၏ အဖြစ် တနည်း စွမ်းဆောင် အောင်မြင်မှုကို နှစ်သက် သဖောကျပနာ ယင်း၏ နည်းတူ ဖြစ်လိုရေ စိတ်ဟိရေ။ အားကျရေ
    တစ်ပါးသူ၏ အဖြစ် သို့မဟုတ် စွမ်းဆောင် အောင်မြင်မှုကို နှစ်သက် သဘော ကျ၍ ယင်း၏ နည်းတူ ဖြစ်လိုသော စိတ်ရှိသည်။ အားကျသည်
    emulate
    ကြိယာ

    စစ်စစ်စပ်စပ်

    [sɪʔsɪʔsaʔsaʔ]
    စီစပ်စွာ။ သီသီ ချာချာ။ တိကျစွာ
    စေ့စပ်စွာ။ သေသေ ချာချာ။ တိကျစွာ
    meticulously
    ကြိယာဝိသေသန

    စစ်စရီ

    [sɪʔsɹí]
    ပင်လယ် ငါးငယ် တမျိုး
    ပင်လယ် ငါးငယ် တစ်မျိုး
    sea fish
    နာမ်

    စစ်စိကုပ်

    [sɪʔsìkoʊʔ]
    ဝန် ဥစ္စာကို သုံးစွဲရာမာ နှမြိုး တတ်ရေ။ ၂၊ ငွီကြီး စစွာကို သုံးစွဲရာမာ ချွေတာ သိပ်သည်းသည်
    ပစ္စည်း ဥစ္စာကို သုံးစွဲရာတွင် နှမြော တတ်သည်။ ၂၊ ငွေကြေး စသည်ကို သုံးစွဲရာတွင် ချွေတာ သိပ်သည်းသည်
    niggardly
    ကြိယာ

    စစ်ဆင်

    [sɪʔsʰɪ̀ɴ]
    စစ်တိုက်ဖို့အတွက် စစ်သားတော် ရို့ကို နီရာတကျ စီမံ ခန့်ခွဲသည်
    စစ်တိုက်ဖို့ရန် စစ်သည်တော် တို့ကို နေရာတကျ စီမံ ခန့်ခွဲသည်
    plan a military operation
    ကြိယာ

    စစ်ဆင်၂

    [sɪʔsʰɪ̀ɴ၂]
    စစ်တိုက် ရာမာ ပါဝင်ရေ တိုက်ဆင်
    စစ်တိုက် ရာတွင် ပါဝင်သော တိုက်ဆင်
    elephant
    နာမ်

    စစ်ဆိုင်

    [sɪʔsʰàɪɴ]
    နှစ်ဘက် စစ်မျက်နှာချင်း ဦးတည် နိန်ရေ။ ထက်ပက် ကြုံတွိ နိန်ရေ
    နှစ်ဘက် စစ်မျက်နှာချင်း ဦးတည် နေသည်။ ပက်ပင်း ကြုံတွေ့ နေသည်
    fight a battle
    ကြိယာ

    စစ်ဆုတ်

    [sɪʔsʰoʊʔ]
    တိုက်ခိုက် ဆန့်ကျင်သူ ဟိရာမှ စစ်တပ်ကို နောက်ကို ပြန်လှည့် ဆုတ်ခွာရေ။ စစ်ခွာသည်
    တိုက်ခိုက် ဆန့်ကျင်သူ ရှိရာမှ စစ်တပ်ကို နောက်သို့ ပြန်လှည့် ဆုတ်ခွာသည်။ စစ်ခွာသည်
    retreat
    ကြိယာ

    စစ်ဆေး

    [sɪʔsʰé]
    အဆိုး အကောင်း၊ အမား အမှန် အစဟိစွာရို့ကို မီးမြန်းသည်
    အဆိုး အကောင်း၊ အမှား အမှန် စသည်တို့ကို မေးမြန်းသည်
    examine
    ကြိယာ

    စစ်ဆွဲ

    [sɪʔsʰwɛ]
    တံပက်လူ ရန်သူကို ကိုယ့် အလို ဟိရာသို့ ပါလာယောင် ခေါ်ငြင်ရေ။ ၂၊ ကိုယ့် အလို ပြည့်ဝ စီရန် အချိန်ကာလကို ကြန့်ကြာ စီရေ
    တစ်ဘက်သား ရန်သူကို မိမိ အလို ရှိရာသို့ ပါလာအောင် ခေါ်ငင်သည်။ ၂၊ မိမိ အလို ပြည့်ဝ စေရန် အချိန်ကာလကို ကြန့်ကြာ စေသည်
    decoy-make the enemy come out to a desired position
    ကြိယာ

    စစ်ညောင်း

    [sɪʔɲáʊɴ]
    စစ်တိုက်ခြင်းက တနားချေတဗွေချေ ရပ်တန့်ရေ။ ၂၊ စစ်တိုက်ရကပင် ကာလ မြင့်ရှည်လာယား ဖြစ်တေ
    စစ်တိုက်ခြင်းမှ ခေတ္တ ရပ်တန့်သည်။ ၂၊ စစ်တိုက်ရသည်မှ ကာလ မြင့်ရှည်လာပြီး ဖြစ်သည်
    break
    ကြိယာ

    စစ်ညောင်းအလံ

    [sɪʔɲáʊɴʔlံ]
    စစ်တိုက်စွာကအခိုက်အတန့် ရပ်ဆိုင်း ကြောင်းကို သိမြင်ယောင် ပြသော အလံ
    စစ်တိုက်မှုမှ အခိုက်အတန့် ရပ်ဆိုင်း ကြောင်းကို သိမြင်အောင် ပြသော အလံ
    flag
    နာမ်

    စစ်တက်

    [sɪʔtɛʔ]
    စစ်တိုက်ဖို့ ဗိုလ်ပါ အလုံး အရင်းနန့် ချီတက်ရေ
    စစ်တိုက်ရန် ဗိုလ်ပါ အလုံး အရင်းနှင့် ချီတက်သည်
    march to battle
    ကြိယာ

    စစ်တန်းတင်

    [sɪʔtáɴtɪ̀ɴ]
    ဘူးသီးတောင်မြို့နယ် စိုင်းတင် တံရှင်နံဖီး ဟိ ရခိုင်မင်းတိ လက်ထက် စစ်ဘက်ဆိုင်ရာ လိ့ကျင့်ရန် တည်ချ ထားခရေ မြို့ငယ် တမြို့၏ အမည်
    ဘူးသီးတောင်မြို့နယ် စိုင်းတင် ရေတံခွန်အနီး ရှေး ရခိုင်မင်းတို့ လက်ထက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရန် တည်ချ ထားခဲ့သော မြို့ငယ် တစ်မြို့၏ အမည်
    name of town
    နာမ်

    စစ်တန်းလယား

    [sɪʔtáɴljá]
    စစ်သားတိ နီထိုင်ရန် တည်ဆောက် ပြုလုပ် ထားရေ အိမ်လျားရှည်
    စစ်သားများ နေထိုင်ရန် တည်ဆောက် ပြုလုပ် ထားသော အိမ်လျားရှည်
    military barracks
    နာမ်

    စစ်တပ်

    [sɪʔtaʔ]
    စစ်တိုက်ခိုက်ဖို့ စုစည်း ထားရေ အသင်းအဖွဲ့။ စစ် အဖွဲ့အစည်း
    စစ်တိုက်ခိုက်ရန် စုစည်း ထားသော အသင်းအဖွဲ့။ စစ် အဖွဲ့အစည်း
    military
    နာမ်