Dictionary Entries
Showing 301–320 of 1,587 words
စ
စစ်တမ်း
[sɪʔtáɴ]
Arakanese:
မြို့ရွာ နယ်ပယ်ရို့၏ တရား ဥပဒေဖြင့် စီမံ ခန့်ခွဲရီး၊ လူရို့၏ စားဝတ် နိန်ရီး အစဟိစွာရို့ကို စစ်ဆီးပနာ မှတ်တမ်း တင်ခြင်း။ အမှတ်အသား တင်ကျန် စီရေ
Burmese:
မြို့ရွာ နယ်ပယ်တို့၏ တရား ဥပဒေဖြင့် စီမံ ခန့်ခွဲရေး၊ လူတို့၏ စားဝတ် နေရေး စသည်တို့ကို စစ်ဆေး၍ မှတ်တမ်း တင်ခြင်း။ အမှတ်အသား တင်ကျန် စေသည်
English:
survey
Grammar Note:
နာမ်
စစ်တမ်းထိုး
[sɪʔtáɴtʰó]
Arakanese:
ခက်ခဲသော ပြဿနာ အရပ်ရပ်တိကို ဖြီယှင်း ပီးရရေ၏ အဖြစ်
Burmese:
ခက်ခဲသော ပြဿနာ အရပ်ရပ်များကို ဖြေရှင်း ပေးရသည်၏ အဖြစ်
English:
solve
Grammar Note:
နာမ်
စစ်တလင်း
[sɪʔtlɪ́ɴ]
Arakanese:
စစ်တိုက်ရာ မြီပြင် အရပ်။ စစ်ဖြစ်ပွားရာ နီရာ အရပ်
Burmese:
စစ်တိုက်ရာ မြေပြင် အရပ်။ စစ်ဖြစ်ပွားရာ နေရာ အရပ်
English:
batter ground
Grammar Note:
နာမ်
စစ်တိုက်
[sɪʔtaɪʔ]
Arakanese:
တိုင်းပြည် အချင်းချင်း လက်နက် အင်အားနန့်တိုက်ခိုက်သည်
Burmese:
တိုင်းပြည် အချင်းချင်း လက်နက် အင်အားဖြင့် တိုက်ခိုက်သည်
English:
fight a battle
Grammar Note:
ကြိယာ
စစ်ထိုး
[sɪʔtʰó]
Arakanese:
စစ်တိုက်သည်
Burmese:
စစ်တိုက်သည်
English:
fight a battle
Grammar Note:
ကြိယာ
စစ်ထွက်
[sɪʔtʰwɛʔ]
Arakanese:
စစ်တိုက်ဖို့ ဗဟို ဌာနမှ စစ်သားတိ ခရီး ထွက်သည်
Burmese:
စစ်တိုက်ရန် ဗဟို ဌာနမှ စစ်သားများ ခရီး ထွက်သည်
English:
march to battle
Grammar Note:
ကြိယာ
စစ်နံ့စစ်သက်
[sɪʔnံ့sɪʔθɛʔ]
Arakanese:
စစ်မက် ဖြစ်ပွားဖို့ အရိပ် အရောင်
Burmese:
စစ်မက် ဖြစ်ပွားမည့် အရိပ် အရောင်
English:
symtom of war
Grammar Note:
နာမ်
စစ်ပညာ
[sɪʔpɲà]
Arakanese:
စစ်နန့် ဆိုင်ရေ အတတ်
Burmese:
စစ်နှင့် ဆိုင်သော အတတ်
English:
military skill
Grammar Note:
နာမ်
စစ်ပရိယာယ်
[sɪʔpɹìjàɛ̀]
Arakanese:
စစ် အောင်မြင် နိုင်ရီး အတွက် အကွန်ဆောင် လှည့်ဖြား၍ အရိပ်ကျလောင်းာက်ရီနည်းနန့် စစ်ဆင်သော နည်း
Burmese:
စစ် အောင်မြင် နိုင်ရေး အတွက် ဟန်ဆောင် လှည့်စား၍ သွယ်ဝိုက်သော နည်းဖြင့် စစ်ဆင်သော နည်း
English:
twist of military
Grammar Note:
နာမ်
စစ်ပြန်
[sɪʔpɹàɴ]
Arakanese:
စစ်သား အဖြစ်မှ စစ်မှုထမ်း မဟုတ်ရေ အရပ်သား အဖြစ်သို့ ကူးပြောင်း လာသူ။ စစ် အထမြောက်၍ စစ်တပ်မှ ပြန်လာသူ
Burmese:
စစ်သား အဖြစ်မှ စစ်မှုထမ်း မဟုတ်သော အရပ်သား အဖြစ်သို့ ကူးပြောင်း လာသူ။ စစ် အထမြောက်၍ စစ်တပ်မှ ပြန်လာသူ
English:
retire
Grammar Note:
နာမ်
စစ်ပြိုင်
[sɪʔpɹàɪɴ]
Arakanese:
နှစ်ဘက် စစ် မျက်နှာချင်း ဦးတည် နိန်ရေ။ ထက်ပက် ကြုံတွိ နိန်ရေ။ ၂၊ ဟိဆိုင် တိုက်ပွဲ ဖြစ်တေ
Burmese:
နှစ်ဘက် စစ် မျက်နှာချင်း ဦးတည် နေသည်။ ပက်ပင်း ကြုံတွေ့ နေသည်။ ၂၊ ရင်ဆိုင် တိုက်ပွဲ ဖြစ်သည်
English:
fight
Grammar Note:
ကြိယာ
စစ်ပြီး
[sɪʔpɹï]
Arakanese:
စစ်ပွဲ ဖြစ်ရာ အရပ်မှ ရွတ်မြောက် ရာသို့ ဖဲခွာ လားရေ။ ၂၊ တိုက်ခိုက် နိန်ရေ စစ်ပွဲ ပြီးဆုံးရေ။ ရပ်စဲရေ
Burmese:
စစ်ပွဲ ဖြစ်ရာ အရပ်မှ လွတ်ကင်း ရာသို့ ဖဲခွာ သွားသည်။ ၂၊ တိုက်ခိုက် နေသော စစ်ပွဲ ပြီးဆုံးသည်။ ရပ်စဲသည်
English:
Peace-time
Grammar Note:
ကြိယာ
စစ်ပြီး၂
[sɪʔpɹï၂]
Arakanese:
စစ်တပ်မှ ယှောင်ဗြီး လားရေ သူ
Burmese:
စစ်တပ်မှ တိမ်းရှောင် သွားသော သူ
English:
none
Grammar Note:
နာမ်
စစ်ပွဲ
[sɪʔpwɛ]
Arakanese:
တဖက်နန့် တဖက် လက်နက်ဖြင့် တိုက်ခိုက်မှု
Burmese:
တစ်ဘက်နှင့် တစ်ဘက် လက်နက်ဖြင့် တိုက်ခိုက်မှု
English:
war
Grammar Note:
နာမ်
စစ်ဖြစ်
[sɪʔpʰɹɪʔ]
Arakanese:
တတိုင်းပြည်နန့် တတိုင်းပြည် လက်နက် စွဲကိုင်ပနာ စစ်မက်ရီး အရ ရန်ပြု ရန်စရေ
Burmese:
တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် လက်နက် စွဲကိုင်၍ စစ်မက်ရေး အရ ရန်ပြု ထိပါးသည်
English:
warfare
Grammar Note:
ကြိယာ
စစ်ဗိုလ်
[sɪʔbÒl်]
Arakanese:
စစ်သားတိကို စီမံ ခန့်ခွဲ အုပ်ချုပ်ရရေ စစ်အရာဟိ
Burmese:
စစ်သားများကို စီမံ ခန့်ခွဲ အုပ်ချုပ်ရသော စစ်အရာယှိ
English:
general
Grammar Note:
နာမ်
စစ်ဘာရီ
[sɪʔbʱàɹí]
Arakanese:
အိန်းဂလိချ် စစ်ပညာ နည်းနန့် လိ့ကျင့် သင်ကြား ထားရေ အိန္ဒိယ နယ်သား။ အိန္ဒိယ ပြည်မား သား။ ၂၊ ပင်လယ် ကမ်းစမားနန့်နီလိဟိရေ ဂဏန်း ကောင်ငယ် တမျိုး
Burmese:
အင်္ဂလိပ် စစ်ပညာ နည်းဖြင့် လေ့ကျင့် သင်ကြား ထားသော အိန္ဒိယ နယ်သား။ အိန္ဒိယ ပြည်တွင်း သား။ ၂၊ ပင်လယ် ကမ်းစပ်တွင်းနှင့် နေလေ့ရှိသော ဂဏန်း ကောင်ငယ် တစ်မျိုး
English:
indian
Grammar Note:
နာမ်
စစ်မက်
[sɪʔmɛʔ]
Arakanese:
စစ်ရီးအရ ရန်ပြု ရန်စမှု
Burmese:
စစ်ရေးအရ ရန်ပြု ထိပါးမှု
English:
fight
Grammar Note:
နာမ်
စစ်မက်အင်္ဂါ
[sɪʔmɛʔʔŋ̇gaà]
Arakanese:
စစ်ရီးအရ ရန်ပြု ရန်စမှု
Burmese:
စစ်ရေးအရ ရန်ပြု ထိပါးမှု
English:
fight
Grammar Note:
နာမ်
စစ်မိန်း
[sɪʔméɪɴ]
Arakanese:
စစ်ဆီး မီးမြန်းသည်
Burmese:
စစ်ဆေး မေးမြန်းသည်
English:
examine
Grammar Note:
ကြိယာ