Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 1,587 words

    စ

    စစ်မျက်နှာ

    [sɪʔmrɛʔn̥à]
    ရန်သူနန့် တတက်ကပ်ဆုံး နီရာ။ ၂၊ စစ်တိုက်ရာ နံဖီး ဝန်းကျင်
    ရန်သူနှင့် အနီးကပ်ဆုံး နေရာ။ ၂၊ စစ်တိုက်ရာ အနီး ဝန်းကျင်
    battle ground
    နာမ်

    စစ်မြီပြင်

    [sɪʔmɹìpɹɪ̀ɴ]
    စစ်တိုက်ရာ နီရာ အရပ်
    စစ်တိုက်ရာ နေရာ အရပ်
    battle ground
    နာမ်

    စစ်မှုထမ်း

    [sɪʔm̥oʊtʰáɴ]
    စစ်သားအဖြစ် အလုပ် လုပ်ရေ
    စစ်သားအဖြစ် အလုပ် လုပ်သည်
    military service
    နာမ်

    စစ်ရပ်

    [sɪʔɹaʔ]
    နှစ်ဘက် စစ်မျက်နှာချင်း ဦးတည် နိန်ရေ။ ထက်ပက် ကြုံတွိ နိန်ရေ
    နှစ်ဘက် စစ်မျက်နှာချင်း ဦးတည် နေသည်။ ပက်ပင်း ကြုံတွေ့ နေသည်
    none
    ကြိယာ

    စစ်ရိပ်စစ်ခြည်

    [sɪʔɹìaʔsɪʔkʰɹɛ]
    စစ်၏ မူလ အရင်းခံ။ စစ်၏ အကြံအစည်။ အပြုအမူ၊ အရဲအထိုင်၊ အလိအထ အစဟိစွာ
    စစ်၏ မူလ အရင်းခံ။ စစ်၏ အကြံအစည်။ အပြုအမူ၊ အနေအထိုင်၊ အလေ့အထ စသည်
    military operation
    နာမ်

    စစ်ရီး

    [sɪʔɹï]
    စစ်နန့် ဆိုင်ရာ ဆောင်ရွက်ရန် ဖြစ်ရေ အမှုကိစ္စ
    စစ်နှင့် ဆိုင်ရာ ဆောင်ရွက်ရန် ဖြစ်သော အမှုကိစ္စ
    military operation
    နာမ်

    စစ်ရီးစစ်ရာ

    [sɪʔɹïsɪʔɹà]
    စစ်နန့် ဆိုင်ရေ ဆောင်ရွက်ရန် ဖြစ်ရေ အရီးကိစ္စ။ စစ်နန့် ဆိုင်ရာ ထူးခြားသော အရီးကိစ္စ
    စစ်နှင့် ဆိုင်သော ဆောင်ရွက်ရန် ဖြစ်သော အရေးကိစ္စ။ စစ်နှင့် ဆိုင်ရာ ထူးခြားသော အရေးကိစ္စ
    military operation
    နာမ်

    စစ်ရီးပြ

    [sɪʔɹïpɹ]
    စစ်သားတိ စစ်ပညာ အမျိုးမျိုး အစားစားလိ့ကျင့် ပြရေ
    စစ်သားများ စစ်ပညာ အနည်းနည်း အဖုံဖုံ လေ့ကျင့် ပြသည်
    parade
    ကြိယာဝိသေသန

    စစ်ဝတ်စစ်စား

    [sɪʔwaʔsɪʔsá]
    စစ်သား ရို့၏ ကိုယ်မာ ဝတ်ဆင်ရရေ အထည်။ ဝတ်စား တန်ဆာ
    စစ်သား တို့၏ ကိုယ်တွင် ဝတ်ဆင်ရသော အထည်။ ဝတ်စား တန်ဆာ
    none
    နာမ်

    စစ်သံ

    [sɪʔθံ]
    ဘုရင် တပါးမှ အရာ ဘုရင် တပါးသို့ စစ်ရီး နိုင်ငံရီး အတွက် ဆောင်ရွက်ရန် စီလွှတ် ခံရရေ စစ်ဘက် ဆိုင်ရာ အကြီးအကဲ
    ဘုရင် တစ်ပါးမှ အခြား ဘုရင် တစ်ပါးသို့ စစ်ရေး နိုင်ငံရေး အတွက် ဆောင်ရွက်ရန် စေလွှတ် ခံရသော စစ်ဘက် ဆိုင်ရာ အကြီးအကဲ
    military attche
    နာမ်

    စစ်သင်တန်း

    [sɪʔθɪ̀ɴtáɴ]
    စစ် တိုက်ခိုက်ပုံ တိုက်ခိုက်နည်း၊ လိ့ကျင့်ပုံ အတတ်ရို့ကို သင်ကြား ပြသသည်
    စစ် တိုက်ခိုက်ပုံ တိုက်ခိုက်နည်း၊ လေ့ကျင့်ပုံ အတတ်တို့ကို သင်ကြား ပြသသည်
    military training
    ကြိယာ

    စစ်သံဆယ်ပါး

    [sɪʔθံsʰɛ̀pàး]
    ၁၊ ဆင်သံ။ ၂၊ မြင်းသံ။ ၃၊ ရထားသံ။ ၄၊ ဗိုလ်ခြေသံ။ ၅၊ သီနတ် အမြောက်သံ။ ၆၊ တိုက်မောင်းသံ။ ၇၊ တိုက်စည်သံ။ ၈၊ ထမ်းပိုးသံ။ ၉၊ မုဒိန်းသံ၊ ၁၀၊ စည်ကြီးသံ
    ၁၊ ဆင်သံ။ ၂၊ မြင်းသံ။ ၃၊ ရထားသံ။ ၄၊ ဗိုလ်ခြေသံ။ ၅၊ သေနတ် အမြောက်သံ။ ၆၊ တိုက်မောင်းသံ။ ၇၊ တိုက်စည်သံ။ ၈၊ တံပိုးသံ။ ၉၊ မုဒိန်းသံ၊ ၁၀၊ စည်ကြီးသံ
    noise of war
    နာမ်

    စစ်သား

    [sɪʔθá]
    စစ်သားတော်။ စစ်တပ် သားတိ။ စစ်တိုက်ခိုက်ရာမာ ပါဝင်ရေ သူ။ စစ်သား အရွီပြတ်
    စစ်သည်တော်။ စစ်တပ် သားများ။ စစ်တိုက်ခိုက်ရာ၌ ပါဝင်သော သူ။ စစ်သည် အလုံးအရင်း
    militiaman
    နာမ်

    စစ်သုံ့ပန်း

    [sɪʔθo̰ʊɴpáɴ]
    စစ်တိုက်ပွဲမှ ဖမ်းဆီး ရမိသော ကိုယ့်အား တဖက်မှ တိုက်ခိုက် ဆန့်ကျင်သူ
    စစ်တိုက်ပွဲမှ ဖမ်းဆီး ရမိသော မိမိအား တစ်ဘက်မှ တိုက်ခိုက် ဆန့်ကျင်သူ
    prisoner of war
    နာမ်

    စစ်သူပုန်

    [sɪʔθùpòʊɴ]
    ဘုရင် မင်းမြတ်အား ဖီဆန် အံတု တိုက်ခိုက်သော အထူး ပေါင်းဖွဲ့ လုပ်ကိုင်သူတိ
    ဘုရင် မင်းမြတ်အား ဖီဆန် အံတု တိုက်ခိုက်သော အထူး ပေါင်းဖွဲ့ လုပ်ကိုင်သူများ
    militant
    နာမ်

    စစ်သေနပ်ထမ်း

    [sɪʔθènaʔtʰáɴ]
    ပင်လယ် ကမ်းစ နံဖီးဟိ မားနန့်နီလေ့ဟိရေ ဗလိနီ ခေါ်နိန်ရေ ဂဏန်း ကောင်ငယ် တမျိုး
    ပင်လယ် ကမ်းစပ် အနီးရှိ တွင်းနှင့် နေလေ့ရှိသည့် ဗလိနီ ခေါ်နေသော ဂဏန်း ကောင်ငယ် တစ်မျိုး
    name of crab
    နာမ်

    စစ်အင်္ဂါ

    [sɪʔʔŋ̇gaà]
    စစ် တိုက်ခိုက်ရာမာ အသုံးချ ရရေ လက်နက် တန်ဆာ ပလာ။ (၁၊ ဆင်၊ ၂၊ မြင်း၊ ၃၊ ရထား၊ ၄၊ ခြေသည်သူရဲ ဆိုပနာ စစ်အင်္ဂါ လေးပါး။
    စစ် တိုက်ခိုက်ရာတွင် အသုံးချ ရသော လက်နက် တန်ဆာ ပလာ။ (၁၊ ဆင်၊ ၂၊ မြင်း၊ ၃၊ ရထား၊ ၄၊ ခြေသည်သူရဲ ဟူ၍ စစ်အင်္ဂါ လေးပါး။
    Army-tools
    နာမ်

    စစ်အို

    [sɪʔʔÒ]
    စစ်ရီး နိမ့်သည်
    စစ်ရေး နိမ့်သည်
    lost
    ကြိယာ

    စဆွန်

    [ssʰʊ̀ɴ]
    လူရို့ နီထိုင်စရာ ဝါး(တနည်း) ပျိုင် စစွာတိနန့် ပြုလုပ် ထားရေ နိမ့်ရေ ခုံကျယ်ခုံပြန့်။ စင်ချေ
    လူတို့ နေထိုင်စရာ ဝါး(သို့မဟုတ်) ပျဉ် စသည်တို့ဖြင့် ပြုလုပ် ထားသော နိမ့်သည့် ခုံကျယ်ခုံပြန့်။ ကွပ်ပျစ်
    kind of low wooden or bamboo bedstead
    နာမ်

    စဉ်

    [sɪ̀ɴ]
    မူလ တည်ဟိရာမှ အရာ တပါးသို့ ရောက်ရေ။ ၂၊ ရွင့်ထွက်တေ။ ရွင့်လာရေ။ ပေါင်းစု များရေ။ အစိုင်အခဲ
    မူလ တည်ရှိရာမှ အခြား တစ်ပါးသို့ ရောက်သည်။ ၂၊ လွင့်ထွက်သည်။ လွင့်လာသည်။ ပေါင်းစု များပြားသော။ အစိုင်အခဲ
    solid
    ကြိယာ